၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နိုင်ငံတော်လုံခြုံရေးကော်မရှင်မှ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသားရေးဗျူဟာ၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတို့အား ပါလီမန် အဆောက်အအုံတွင် ၄ ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ပါသည်။ ထိုအစည်းဝေးတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ပဋိပက္ခများမှ ထွက်ပြေးလာသူများနှင့် စပ်လျဉ်းသည့် ပြဿနာများနှင့် ဖြေရှင်းနည်းများကို ထည့်သွင်းစဉ်းစားရန် အောက်လွှတ်တော် အခမ်းအနား အစီအစဉ်တွင် အောက်လွှတ်တော်အမတ် မစ္စတာ Rangsiman Rome မှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကော်မတီဝင်များ၊ ထိုင်းဘုရင့်တပ်မတော် (ကာကွယ်ရေးဦးစီးချုပ်)၊ အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၀န်ကြီးဌာန) အပါအဝင် သက်ဆိုင်ရာဌာနများမှ ပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြရန် ဖိတ်ကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များအား ဖိတ်ကြားခဲ့ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ကိုယ်စားလှယ်အဖြစ် နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာဘက်မှ ထွက်ပြေးလာသူ စုစုပေါင်း ၇၇၈၃၈ ဦးရှိပြီး ထိုင်း-မြန်မာနယ်စပ် ပြည်နယ် ၄ ခုတွင် ယာယီခိုလုံးရေးစခန်း ၉ နေရာ ဖြန့်ကျက်ထားကာ မယ်ဟောင်ဆောင် ၄၊ တာ့ခ် ၃ နေရာ၊ ကန်ချနပူရီ ၁ နှင့် ရတ်ချဘူရီ ၁ နေရာတို့တွင်တည်ရှိနေကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ရန်ပုံငွေ တစ်နှစ်လျှင် ဘတ် ၃-၅ သန်းခန့် ထောက်ပံ့ပေးထားကြောင်း အစီရင်ခံစာတင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် လက်ရှိပဋိပက္ခ အခြေအနေသည် အချိန်ကြာမြင့်နိုင်ပြီး အချိန်တိုအတွင်း ဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)(၁၃)ခုကို အစားအသောက်၊ ကျန်းမာရေးနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကဏ္ဍများတွင် ကူညီပံ့ပိုးပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုခဲ့သည်။ ဒုက္ခသည်များအနေဖြင့် ထိုင်းနိုင်ငံတွင် အချိန်အတိုင်းတာတခုထိ နေထိုင်ရမည်ဟု ခန့်မှန်းရပြီး မကြာသေးမှီအချိန်က ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အဆိုပြုချက်ဖြစ်သော ပြန်လည်နေရာချထားရေး (အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်နေရာချထားရေး) အားသဘောတူခဲ့ပါသည်။ လက်ရှိအချိန်တွင် UNHCR နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့သည် စခန်းအသီးသီးရှိ လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး 2023 ခုနှစ်အတွင်း ပြီးဆုံးအောင် ကောက်ခံနိုင်မည်ဟု မျှော်မှန်းထားသည်။ ယခုအကြိမ်တွင် လူပေါင်း 2,500 ခန့် ပြန်လည်နေရာချထားပေး နိုင်မည်ဟု မျှော်မှန်းထားပါသည်။
မြန်မာနိုင်ငံမှ မငြိမ်သက်မှုတွေကြောင့် ထွက်ပြေးလာသော လူအုပ်စု (စစ်ဘေးရှောင်ဒုက္ခသည်) မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ ထိုင်းနိုင်ငံတွင် အုပ်စုငယ်များအဖြစ် တဖြည်းဖြည်း ထွက်ပြေးလာသူဦးရေ ၅၁,၂၈၀ ခန့်ရှိသည်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလူနည်းစုကြား တိုက်ပွဲများမှ ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသည်မှာ ၂-၃ ရက်သာ ရှိသေး၍ ထွက်ပြေးတိမ်းရှောင်လာသူတချို့မှာ ထိုင်းနိုင်ငံတွင်ပိတ်မိနေခဲ့ပြီး လက်ရှိတွင် နယ်စပ် ၅ ခုတွင် ပြန့်ကျဲနေပြီး လူဦးရေ ၇၀၀၀ ခန့် ရှိသည်ဟုသိရပါသည်။ လက်ရှိအစိုးရအနေဖြင့် ဤလူအုပ်စုအတွက် ယာယီနေထိုင်မှုရရှိရန် နေရာတစ်ခု ဖန်တီးရန် ပြင်ဆင်နေပြီး တပ်မတော်၏ စောင့်ရှောက်မှုအောက်တွင် ရှိပါသည်။ မဟာမိတ်များနှင့် အာဆီယံမူဘောင်အတွင်း အကူညီဆောင်ရွက်မှုများရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီမတောင်းဘဲ လက်ရှိအစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရည်အချင်း ရှိကြောင်းဖော်ပြခဲ့ပါသည်။
အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖြစ် ပြည်တွင်းလုံခြုံရေးဌာန ညွှန်ကြားရေးမှူး (NSC) မှ မြန်မာစစ်ဘေးရှောင်အချို့သည် ထိုင်းနိုင်ငံတွင် နေထိုင်လိုသော စိတ်ဆန္ဒရှိပြီး ထိုင်းနိုင်ငံ၏မူဝါဒအရ ယာယီနေထိုင်ရန် ခွင့်ပြုထားသည်။ သို့သော် စစ်ဘေးရှောင်များအတွက် ထိုင်းဘာသာစကားကို စနစ်တကျ သင်ကြားပေးခြင်း မရှိသည့်အပြင် အချို့သော စစ်ဘေးရှောင်များပင်လျှင် ထိုင်းစာကို လေ့လာရန် ဆန္ဒမရှိပါ။ အင်္ဂလိပ် သို့မဟုတ် လူနည်းစုဘာသာစကားများကို ပိုမိုလေ့လာလိုသည်ဟု သိရှိရကြောင်း တင်ပြခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် (NSC) သည် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အထူးလုပ်ငန်းဆောင်အဖွဲ့တစ်ရပ် ထူထောင်ထားခဲ့ပြီး ဆွေးနွေးမှု အသီးသီးတွင် ပြဿနာများကို စဉ်ဆက်မပြတ် တင်ပြ၍ ညှိနှိုင်းဖြေရှင်းနိုင်သည့် ယန္တရားတစ်ခု ရရှိလာရန်မျှော်လင့်သည် ဟုတင်ပြခဲ့ပါသည်။
NSC အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပြည်တွင်းလုံခြုံရေးဌာနမှ ညွှန်ကြားရေးမှူးက “ယခုအဖွဲ့နှစ်ဖွဲ့စလုံးသည် NSC မှ အမြန်ဖြေရှင်းရန်နှင့် တတိယနိုင်ငံများ၏ပံ့ပိုးကူညီမှုကို အားကိုးပြီး ဆုံးဖြတ်ချက်အား တွန်းအားပေးရန် လိုအပ်ကြောင်း သဘောတူခဲ့ပါသည်။ အထူးသဖြင့် အစိုးရသစ်၏ မူဝါဒနှင့် အလျှောက် အာဆီယံမူဘောင် ရှိ အခန်းကဏ္ဍများတွင် ထိုင်းနိုင်ငံအနေဖြင့် ပိုမိုပါဝင်ရန် တွန်းအားပေးခြင်းနှင့် ကိုက်ညီမှုရှိသည်။ ထို့အပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ပြဿနာများအား ဖြေရှင်းရာတွင် ရင်ကြားစေ့ရေးဖန်တီးရန် တွန်းအားပေးဆောင်ရွက်သင့်သည်။ ထိုင်းနဲ့ မြန်မာကြား တိုက်ရိုက် ပဋိပက္ခ မဖြစ်အောင် ရှောင်ရှားဖို့ပါ။” ပြောကြားခဲ့သည်။
ထို့အပြင် NSC ၏ အမျိုးသားလုံခြုံရေးဌာန ညွှန်ကြားရေးမှူးက စစ်ဘေးရှောင်များကို အလုပ်သမားအဖြစ် လုပ်ကိုင်ခွင့်ပြုခြင်းလိုက်ခြင်းသည် MOU စနစ်အရ နိုင်ငံခြားအလုပ်သမားတင်သွင်းမှုများကို ထိခိုက်နစ်နာနိုင်သည်ဟု ရှင်းပြသည်။ မြန်မာအာဏာပိုင်အနေဖြင့်လည်း ထွက်ပြေးတိမ်းရှောင်နေသူများအား ၎င်းတို့ကိုယ်တိုင် စီစစ်ရေးလုပ်ငန်းစဉ်များ ဦးစွာပြန်လည်လုပ်ဆောင်ပြီးမှ ထိုင်းနိုင်ငံသို့ပြန်သွားရန်ပြောဆိုခဲ့ပါသည်။ သို့သော် လက်ရှိအခြေအနေတွင် ဤလုပ်ငန်းစဥ်အားရပ်ဆိုင်းထားရပါတယ်။ တစ်ချိန်တည်းမှာပင် ထိုင်းအစိုးရအနေဖြင့် အလုပ်လုပ်လိုသော ဒုက္ခသည်များအား ဒုက္ခသည် ခေါင်းစဥ် ဖြင့် အကူအညီရယူသူလည်းဖြစ်ယုံသာမက အလုပ်သမားလည်းဖြစ်နေကြောင်း ပြောကြားပါသည်။ ထို့အပြင် NSC မှ အထူးကျွမ်းကျင်မှုရှိသော မူဝါဒနှင့် စီမံကိန်းလေ့လာသုံးသပ်သူများအနေဖြင့်လဲ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များ လူဝင်မှုကြီးကြပ်ရေးဥပဒေ သက္ကရာဇ် 2522 အရ တရားမ၀င် ဝင်ရောက်နေထိုင်သူများဖြစ်ကြောင်း ထပ်မံဖြည့် စွက်ခဲ့ပါသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းမှာ မိမိစိတ်ဆန္ဒအလျှောက်ပြန်လိုသူများအတွက် ပြန်လည်ပို့ဆောင်ရေးမူဝါဒဖြင့် ပြန်ပို့ခြင်းသာဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်းအခြေနေနှင့် အမေရိကန်နိုင်ငံသို့ 1 နှစ်လျှင် အယောက် 1 သောင်းသာ ခိုလှုံခွင့်ရရှိနိုင်သည့်မူဝါဒတို့မှာ စိန်ခေါ်မှုများဖြစ်နေပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်မှ ယာယီခိုလှုံရာစခန်းများသည် ၁၉၈၄ ခုနှစ်ကတည်းကတည်ရှိခဲ့ပြီး အချိန်ကြာမြင့်စွာ လည်ပတ်နေရသည်ဟု ယူဆကြောင်းနှင့် အခြေအနေ တိုးတက်လာမှုမှာ အတော်လေး ငြိမ်သက်နေသည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထို့ကြောင့် ပေါ်ပေါက်လာသော ပြဿနာများမှာ အခြေအနေအရ ခိုလှုံရာဒေသရှိ မြန်မာနိုင်ငံသားများ၏ တောင်းဆိုချက်ဖြစ်သည့် နယ်မြေပြင်ပထွက်၍ အလုပ်လုပ်ကိုင်ရန် တောင်းဆိုမှုများ မကြာခဏ ဖြစ်နေပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကိုယ်စားလှယ်မှ စစ်ဘေးရှောင်များ၏အခြေနေအား ယခုလိုတင်ပြခဲ့ပါသည်။ လက်ရှိတွင် ၆,၉၃၇ သော စစ်ဘေးရှောင်များသည် မယ်ဟောင့်ဆောင်ခရိုင် မြို့နယ် ၃ ခုရှိ ယာယီစခန်းများတွင် ခိုလုံနေပြီး စစ်တပ်ဘက်မှ လုံခြုံရေးအတွက် တာဝန်ယူထားပေးကြောင်းနှင့် အရေးပေါ်အခြေနေများ ထပ်မံဖြစ်ပေါ်လာပါက ပံ့ပိုးကူညီပေးရေးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ စစ်ဘေးရှောင် အယောက် ၇၀,၀၀၀အတွက် နယ်စပ်ရှိ ခရိုင် ၅ ခုတွင် ယာယီခိုးနားရေးစခန်း ပြင်ဆင်ထားပေးကြောင်းတင်ပြခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မှူးများအား မူဝါဒအဆင့် ဆောင်ရွက်နိုင်ရေး အတွက်အကြောင်းကြားခြင်းမှစ၍ NSC မှရှင်းလင်းစွာချမှတ်ထားသော မူဘောင်နှင့် လမ်းညွှန်ချက်များအား လိုက်နာပါရန် နှင့် မြန်မာနိုင်ငံသားများအပေါ် စီမံခန့်ခွဲမှုရေးရာများဆောင်ရွက်ရာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူများ အတိုင်း လိုက်နာဆောင်ရွက်ရန် မှာကြားထားကြောင်း အတည်ပြုပြောကြားပါသည်။
စစ်ဆင်ရေးရုံးညွှန်ကြားရေးမှူး တပ်မတော် စစ်ဆင်ရေးဌာနမှ ထိုင်းဘုရင့်တပ်မတော်အနေဖြင့် လုံခြုံသောနေရာများနှင့် စောင့်ဆိုင်းနေရာများအား နယ်စပ်ဒေသတလျှောက် ၂၃ နေရာကို သတ်မှတ်ခဲ့ပြီးသားဖြစ်ကြောင်း ရှင်းပြသည်။ ပြီးခဲ့သောကာလတလျှောက်တွင် စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့် နိုင်ငံတော်လုံခြုံရေးအဖွဲ့ အရာရှိများ၏ ကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာ နယ်မြေအတွင်းသို့ ဝင်ရောက်လာနိုင်ကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူများအတိုင်း လိုက်နာဆောင်ရွက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး အခြေနေများ တည်ငြိမ်းအေးချမ်းသွားသည့်အချိန်အတွင် ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါသည်။ ဤလုပ်ဆောင်မှုများ သည်လည်း တပ်မတော်၏ ပါဝင်အားဖြည့်၍ လုပ်ဆောင်မှုဟု ယူဆကြောင်း ပြောကြားခဲ့ပါသည်။ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် ထိုင်းဘုရင့်တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အမြဲအဆင်သင့်ဖြစ်နေရန် ပြင်ဆင်ခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံမှ နယ်မြေအတွင်းသို့ ကျူကျော်လာမှုများရှိလာသော အခြေနေမျိုးတွင် ပေါ့လျော့သောနည်းမှ ကြီးလေးသောနည်းသို့ ကိုင်တွယ်ဆောင်ရွက်သွားမည့် နည်းလမ်းများရှိပါသည်။ ထို့အပြင် နယ်မြေခံတပ်မှူးများအကြား ဆက်ဆံရေးယန္တရားများမှအစ ထိုင်းဘုရင့်တပ်မတော်ဌာနချုပ် (Royal Thai Armed Forces Headquarters) အဆင့်ထိ နယ်မြေအဆင့် အကြောင်းကြား အသိပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ အကယ်၍ ရပ်တန့်ခြင်းများမရှိပါက ခြိမ်းခြောက်မှု အန္တရာယ်အချိုးစားပေါ်မူတည်၍ စစ်ဆင်ရေးဗျူဟာအရ တဖက်ရန်သူအား လျှင်မြန်စွာ တုံ့ပြန်၊ တွန်းလှန်၊ နှိမ်နှင်းမှုများကို အချုပ်အခြာအာဏာနှင့် မှန်ကန်မှုအပေါ် အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နရေစွန် တပ်မတော်မှူးအနေဖြင့် တာ့ခ်ခရိုင်နှင့် မယ့်ဟောင့်ဆောင်ခရိုင်ဒေသကို တာဝန်ယူထားပြီး စစ်ဘက်ဆိုင်ရာလုပ်ဆောင်မှုများမှာ အန္တရာယ်ကျရောက်နေသူများအား ပြင်ဆင်ထားသော နယ်မြေများတွင် ဘေးကင်းလုံခြုံစွာ စောက်ရှောက်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများကိုလည်း အကူညီလက်ခံသောဌာန ခရိုင်ရုံးမှတဆင့် ပေးဆောင်ခြင်းများ ဆောင်ရွက်ပါသည်။ ထိုနောက်ပိုင်းတွင် UNHCR ၊ သက်ဆိုင်ရာ အစိုးရဌာနနှင့် NGO အဖွဲ့များအား ဖိတ်ခေါ်ပြီး ကြုံတွေ့လာရသည့်အခြေနေများအပေါ် သင်ခန်းစာယူဆွေးနွေး၍ မဲဆောက်မြို့ တာ့ခ်ခရိုင်နှင့် မယ်ဟောင့်ဆောင်ခရိုင်များအတွက် စံပြလုပ်ဆောင်မှုသတ်မှတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။
Source: The Reporters