မဲဆောက်ဆေးရုံရှိ OSCC သည် လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ထိလက်ရောက် မတော်မတရားပြုကျင့်ခံရသည့် ကလေးနှင့် အမျိုးသမီးများအတွက် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများကိုဆောင်ရွက်လျက်ရှိသည်။ ထိုင်းနှင့် ထိုင်းမဟုတ်သော ကလေးများအတွက် ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသော ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အသက် ၁၅ နှစ်အောက် ကလေးများနှင့် မိသားစုဝင်များထံမှ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံခဲ့သော အသက်15 နှစ်နှင့် အထက် အမျိုးသမီးများကို အကာအကွယ်ပေးရန်၊ မဲဆောက်ဆေးရုံရှိ OSCC စင်တာအား အစိုးရဌာနများနှင့်  ဒေသဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်းကာဖွင့်လှစ်ထားပါသည်။ OSCC စင်တာသည် မဲဆောက်ဆေးရုံကြီး၏ စတုတ္ထထပ်တွင် တည်ရှိပြီး ၂၄ နာရီ ဝန်ဆောင်မှုပေးပါသည်။ ထိုဝန်ဆောင်မှုသည် အကြမ်းဖက်မှုအားခံရသည့် မည်သူမဆို အခမဲ့ရယူနိုင်ပါသည်။

ပံ့ပိုးရေးစင်တာ (OSCC) ၏ပစ်မှတ်ထား၍ ကူညီပေးသော လူအုပ်စုများမှာ

  1. Sexual Assault (SA) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ
  2. Human Assault (HA) ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
  3. Child Abuse (CA) ကလေးများအပေါ် ကြမ်းတမ်းသော လုပ်ရပ်များ နှင် နောက်ဆက်တွဲ လူကုန်ကူးခံရသူများပါဝင်ပါသည်။

OSCC မှာ ရရှိနိုင်သောဝန်ဆောင်မှုများ-

– ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းနှင့် ဆေးဝါးကုသခြင်း။

-စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ။

– စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အိမ်တိုင်ရာရောက်လည်ပတ်စောင့်ရှောက်မှုများ။

– လုံခြုံသောနေရာတွင် အကာအကွယ်ပေးနေစေမှုများ ပါဝင်ပါသည်။

ဆက်သွယ်နိုင်သည့် ဌာနများ

Call Center: One Stop Crisis Center (OSCC): 1669

Social Assistance Center: 1300

Suwannimit Foundation (SNF): 095-06436226