RBB Information Hub

အခြားနိုင်ငံများသို့ ဖိအားပေး၍ မဖြစ်မနေပြောင်းရွှေ့နေထိုင်ရမည့် အခြေအနေတွင် သင့်အတွက် စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရစေနိုင်ပါသည်။ ယဉ်ကျေးမှု၊ ဥပဒေနှင့် မူဝါဒစသည့် အိမ်ရှင်နိုင်ငံ၏ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များရရှိခြင်းဖြင့် သင့်ကိုယ်သင် အဆင်ပြေစွာ နေထိုင်နိုင်ရန်အရေးကြီးသည်။

ဤ Information Hub တွင် ဖမ်းဆီးခြင်း နှင့် လုံခြုံမှုမရှိသော ပြည်နှင်ဒဏ်ပေးခြင်း အပါအဝင် အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ မိမိကိုယ်ကို ကာကွယ်ရန် ကူညီ ပေးနိုင်သော ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို မျှ‌ဝေပေးထားပါသည်။

မိမိကိုယ်ကိုစိတ်ဖိစီးမှု အကဲဖြတ်ခြင်း

စိတ်ဖိစီးမှုသည် အသက်အရွယ်၊ လူမျိုး၊ ကျား၊မ နှင့် လူမှုစီးပွားရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ လူတိုင်းတွင် ဖြစ်လေ့ရှိသည်။ စိတ်ဖိစီးမှုသည် အချိန်မရွေးမည်သူ့ကိုမဆို ဖြစ်ပေါ်စေနိုင်သည်။ သင့်အခြေအနေကို နားလည်သဘောပေါက်ခြင်းနှင့် သင့်စိတ်ဖိစီးမှုအဆင့်ကို သတိပြုမိခြင်းက စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပေါ်ခြင်းကို လျော့နည်းစေနိုင်ပါသည်။

နောက်ဆုံးရဆောင်းပါးများ

ဒုက္ခသည် ကလေးအခွင့်အရေး

နိုဝင်ဘာ 14th, 2024|

ကလေးတိုင်းသည် နေရာတိုင်းတွင် လုံခြုံပြီး ထောက်ပံ့မှုဖြင့် ကြီးပြင်းရန် ထိုက်တန်ပါသည်။ထိုင်းနိုင်ငံတွင် ဒုက္ခသည်များမှ မွေးဖွားသော ကလေးများသည် မွေးစာရင်း မှတ်ပုံတင်နိုင်သည်။  2023 ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့အဖြစ် မှတ်ပုံတင်ထားသည့် ကလေးသူငယ်ပေါင်း 171,635 ရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင် 195 နိုင်ငံများသည်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုင်းနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် [...]