General Educational Development (GED)

GED ပညာရေးသည်ကျောင်းသား၊ကျောင်းသူများအတွက် ရွေးချယ်စရာပညာရေးတစ်ခုဖြစ်ပါသည်။ အထက်တန်းကျောင်းအဆင့်မပြီးမြောက်သေးသော ကျောင်းသား၊ကျောင်းသူများ အတွက် အစားထိုးပညာရေးတစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ (သို့မဟုတ်) ပြည်ပနိုင်ငံများတွင် ပညာဆက်လက်ဆည်းပူးလိုသော ရွှေ့ပြောင်းနေထိုင်သူ (သို့မဟုတ်) ဒုက္ခသည် ကျောင်းသား ၊ ကျောင်းသူများသည် အသက် ၁၆နှစ်မှစ၍ GEDပညာရေးအား စတင်သင်ကြားနိုင်ပါသည်။ GED တွင် အဓိက ဘာသာရပ် (၄)မျိုးရှိပါသည်။

  • Mathematical Reasoning
  • Reasoning Through Language Arts
  • Science
  • Social Studies

GED ပညာရေးအားသင်ကြားနေသော ကျောင်းသား/သူများသည် မိမိတို့၏တက်မြောက် နားလည်မှုအားသိရှိရန် အစမ်းစာမေးပွဲ ဖြေဆိုရန်လိုအပ်ပါသည်။ အစမ်းစာမေးပွဲ တဘာသာ ကုန်ကျစားရိတ်သည် 7USD ဖြစ်ပြီး ဘာသာစုံကုန်ကျစားရိတ်သည် 28 USD ဖြစ်ပါသည်။ စာမေးပွဲ၏ ဖြေဆိုချိန်မှာ ၄၅မိနစ်မှ မိနစ် ၆၀ အတွင်းဖြစ်ပါသည်။ ကျောင်သား/သူများသည် GED အစမ်းစာမေးပွဲအား ဖြေဆိုအောင်မြင်ပါက GED စာမေးပွဲကြီးကုန်ကျစားရိတ်သည် တဘာသာလျှင် 80 USD ဘာသာစုံ USD 320ဖြင့် Thabyay GED Test Center တွင် သွားရောက်ဖြေကြားနိုင်ပါသည်။ GED စာမေးပွဲ ဖြေကြားနိုင်သည့် ကာလသည် ၁နှစ်ဖြစ်ပြီး ၁နှစ်အတွင်းဘာသာရပ် ၄ခုလုံပြီးမြောက်အောင် ဖြေကြားရမည်ဖြစ်ပါသည်။ ဘာသာရပ်၄ခုလုံးပြီးမြောက်အောင်မြင်ပါက အဆင့်မြှင့်ညာရေးအား ဆက်လက်တက်ရောက်ရန် အထက်တန်း အောင်မြင်ကြောင်း Diplomaရရှိမည်ဖြစ်ပါသည်။

ယခုလက်ရှိတွင် Minmahaw, Hsa Thoo Lay, New Blood, CDC, and K-GED, BMWEC (Burmese Migrant Worker Education Committee), Thoo Mwah Khee Learning Center, Mae Sot School, Mueang tak District, The Inclusive Education Foundation, MECC, Parami Learning Centere, BHSOH Learning Center ( Pre GED) ရွှေ့ပြောင်းရောက်ရှိလာသော ကလေးများအတွက် GED သင်တန်းများအားသင်ကြားပေးပါသည်။ ဥပမားအားဖြင့် Child’s Dream Foundation သည် မင်းမဟော်ကျောင်းမှ ကျောင်းသား ၂၄ယောက်အတွက် အခမဲ့ တစ်နှစ်စာ GED ပညာ‌ရေးအားအစီအစဥ်အားထောက်ပံ့ပေးထားပါသည်။ GED ဘာသာရပ် ၄ခုအား သင်ကြားရန် ဆရာ/မ ၃ဦးအားလည်း ဌားရမ်းထားပါသည်။ တချို့ကျောင်းများတွင် ပြန်လည်အခြေကျရေး အစီအစဥ်များ လုပ်ဆောင်နေ‌သော သင်တန်းမတက်ရောက်နိုင်သော GED ကျောင်းသားများအတွက် အထူးအစီအစဥ်များလည် ရှိပါသည်။ GED ပညာရေးအား သင်ကြားပေးနေသော ကျောင်းများအားအောက်တွက်ဖော်ပြထားပြီး ကျောင်းနှင့် ပတ်သပ်သော သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက Burmese Migrant Teachers’ Association (BMTA) မှ မမိနွေးအား Ph-063 480 2909 ကို ဆက်သွယ်မေးမြန်နိုင်ပါသည်။

  1. Min Ma Haw School
  2. BMWEC (Burmese Migrant Worker Education Committee)
  3. Thoo Mwah Khee Learning Center
  4. New Blood Hight School
  5. Mae Sot School
  6. Thabyay GED Test Center
  7. Mueang tak District
  8. The Inclusive Education Foundation
  9. CDC School
  10. MECC
  11. Parami Learning Centere
  12. BHSOH Learning Center ( Pre GED)