အသက်အရွယ်အလိုက် ကလေးကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု

ကလေးတိုင်းသည် စူးစမ်းလေ့လာရန် ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရန် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါသည်။ ကလေးငယ်များ၏ အစောပိုင်းဖွံ့ဖြိုးမှုအဆင့်များနှင့် လိုအပ်ချက်များကို ကောင်းစွာနားလည်သဘောပေါက်ပြီး ပြုစုစောင့်ရှောက်သူများသည် ကျန်းမာပြီး ဘေးကင်းသောအလေ့အကျင့်များကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ မတူညီသောအသက်အရွယ်အုပ်စုများရှိ ကလေးများသည် လှုံ့ဆော်မှု၊ ထိတွေ့ဆက်ဆံမှု၊ နှစ်သိမ့်မှု၊ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အနားယူမှုအတွက် မတူညီသောလိုအပ်ချက်များရှိပါသည်။ သင့်ကလေး၏အသက်အရွယ်ပေါ်မူတည်၍ အောက်ပါအရာများသည် ကလေးပြုစုစောင့်ရှောက်မှုကိုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်သည်။ မွေးကင်းစ မှ ၆လအတွင်း ထိတွေ့မှု အခြေခံလိုအပ်ချက်များ (မိခင်နို့၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု) ပွေ့ဖက်ပြီး ကစားခြင်း။ မွေးစမှ 6လ ကလေးများသည် မိဘ၏ရင်ခွင်၌ နေထိုင်ရသော အသက်ဖြစ်သည်။ မိခင်နို့နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့် အသက်အရွယ်ဖြစ်သည်။ ထိုအရွယ်ကလေးငယ်များသည် လက်ထဲမှာ [...]

စိတ်ကျန်းမာရေးတိုးတက်ကောင်းမွန်စေသည့် အလေ့အကျင့်များ

စိတ်ကျန်းမာရေးဆိုတာဘာလဲ။ စိတ်ကျန်းမာရေးတွင် ကျွန်ုပ်တို့၏ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုတို့ ပါဝင်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ဘ၀ကို ရင်ဆိုင်ရာတွင် ကျွန်ုပ်တို့၏တွေးခေါ်ပုံ၊ ခံစားရပုံနှင့် ပြုမူပုံတို့ကို အကျိုးသက်ရောက်စေသည်။ ကျွန်ုပ်တို့သည် စိတ်ဖိစီးမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ဆုံးဖြတ်ရန်၊ အခြားသူများနှင့် ဆက်နွယ်မှု၊ ရွေးချယ်မှုများပြုလုပ်ရန်လည်း ကူညီပေးပါသည်။ စိတ်ကျန်းမာရေးသည် ကလေးဘဝမြီးကောင်ပေါက်အရွယ်မှ အရွယ်ရောက်ပြီး သက်ကြီးပိုင်းအထိ ဘဝ၏ အဆင့်တိုင်း အသက်အရွယ်တိုင်းတွင် အရေးကြီးသည်။ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းသည် သင့်စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ပြီး သင့်တွင် စိတ်ရောဂါရှိပါက ကုသမှုနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်၏ စိတ်ကျန်းမာရေးကို မည်သို့မြှင့်တင်နိုင်မည်နည်း။ သင့်စိတ်ကျန်းမာရေးကို မြှင့်တင်ရန် သင်လုပ်ဆောင်နိုင်သည့် ကွဲပြားခြားနားသော အရာများစာပါဝင်ပါသည်။ [...]

စိတ်ပိုင်းဆိုင်ရာကပံ့ပိုးကူညီခြင်း

စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းတို့သည် ရွှေ့ပြောင်းနေထိုင်သူတိုင်းတွင် ဖြစ်ပွားလေ့ရှိနိုင်သည်။ ထိုပြသနာများအားသင်ကိုယ်တိုင်ဖြေရှင်းရန် သင်ယူခြင်းသည် ထိုသို့သောပြသနာများအား လျှော့ချစေရန် အထောက်အကူဖြစ်စေသည်။ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းစသည့် အခြေခံလှုပ်ရှားမှုအချို့သည်လည်း စိတ်ဖိစီးမှုအချို့ကိုပြေလျှော့ စေပါသည်။ သို့သော် သင်သည် ကျွမ်းကျင်ပညာရှင်ထံမှ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးရန် လိုအပ်ပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။သင့်အား ကျွမ်းကျင်သူများနှင့် ချိတ်ဆက် ပေးရန် ကျွန်ုပ်တို့ကူညီနိုင်ပါသည်။ ၀ - ၅ မှတ် သင်သည်  စိတ်ဖိစီးမှုအလွန်နည်းသည့် အဆင့်တွင်ရှိသည်။ ၆ - ၁၇မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန် အဆင့်တွင်ရှိသည်။ ၁၈ - ၂၅မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန်ထက် အနည်းငယ်ပိုသည့် အဆင့်တွင်ရှိသည်။ သင့်တွင်ပြသနာအချို့ရှိနေပြီး ထိုပြသနာများအားမဖြေရှင်းနိုင်သေးသောကြောင့် ဖြစ်နိုင်သည်။ [...]

Go to Top