အသစ်ရောက်ရှိလာသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ (Migrant Fund)

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသူ/သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဝင်ရောက်မှုနှုန်းပိုမိုတိုးတက်လာခဲ့သည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားသည့်နိုင်ငံဖြစ် သောကြောင့် ဒုက္ခသည်များရရှိနိုင်သည့် အခွင့်အရေးများအားတရားဝင်အခြေအနေပေးဆောင်ရန် ဥပဒေများမရှိပါ။ ထို့သို့ဝင်ရောက်လာသူများအနက် မဲဆောက်မြို့အတွင်း တရာဝင်အခြေမနေမရှိဘဲ ဝင်ရောက်လာသူများသည် ကျန်းမာရေးစောင့်ရှောက်သည့် ဝန်ဆောင်မှုများအတွက် M-Fund ကဒ်အားပြုလုပ်ထားနိုင်ပါသည်။ M-Fundကျန်းမာရေးဆေးဝန်ဆောင်မှုသည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် အခကြေးငွေအနည်းငယ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသော အစီအစဉ် ဖြစ်သည်။ M-Fundအသင်း၀င်များသည် အနည်းဆုံး အခြေခံလစဉ်ကြေး တစ်ဦးကို တစ်လလျှင် ဘတ်၁၃၀ (၃.၆ ဒေါ်လာခန့်) ပါ၀င်ထည့်ရုံဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ  M-Fundနှင့် ချိတ်ဆက်ထားသော ဆေးရုံ၊ဆေးခန်း များတွင် အရည်အသွေးပြည့်မှီသော ကျန်းမာရေး၀န်ဆောင်မှုများ ရရှိနိုင်သည်။ M-Fund [...]