ကျား၊မရေးရာအခြေခံအကြမ်းဖက်မှုဆိုတာဘာလဲ?
ကျား၊မရေးရာအခြေခံအကြမ်းဖက်မှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ ကျား၊မ သို့မဟုတ် အချိုးအစားမမျှမတဖြစ်စေသော ကျား-မ ခွဲခြားမှုအပေါ် သက်ရောက်စေသော အကြမ်းဖက်မှုကြောင့် လူတစ်ဦးအပေါ် ဦးတည်သော အကြမ်းဖက်မှုဖြစ်သည်။ အကြမ်းဖက်မှုသည် အသက်ရှင် ကျန်ရစ်သူများနှင့် ၎င်းတို့၏မိသားစုများအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး မိမိကိုယ်ကိုယ် အန္တရာယ်ပြုခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အဆုံးစီရင်ရန် ကြိုးပမ်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ GBV ဖြစ်နိုင်ခြေအား တိုးစေသည့် အကြောင်းအရင်းများစွာရှိပြီး အမျိုးသမီးများနှင့် မိန်းကလေးများသည် အကျပ်အတည်းများကြား ဖြတ်သန်းနေကြရသည်များလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်ပဋိပက္ခများနှင့် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းစေခြင်းတို့သည်ကို ဖြစ်စေသော အလားတူ အခြေအနေများသည် GBV ကိုလည်း အရှိန်မြှင့်ပေးသောကြောင့် ဖြစ်သည်။အကြမ်းဖက်မှုသည် ရှုပ်ထွေးသောပြဿနာဖြစ်ပြီး ကွဲပြားသော အကြမ်းဖက်မှုအမျိုးအစားများကို ခွဲခြားသတ်မှတ်ခြင်းသည် မည်သည့်အခါမျှ အတိအကျ [...]