Update on National security policy towards refugees and new arrivals from Myanmar

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နိုင်ငံတော်လုံခြုံရေးကော်မရှင်မှ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသားရေးဗျူဟာ၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတို့အား ပါလီမန် အဆောက်အအုံတွင် ၄ ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ပါသည်။ ထိုအစည်းဝေးတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ပဋိပက္ခများမှ ထွက်ပြေးလာသူများနှင့် စပ်လျဉ်းသည့် ပြဿနာများနှင့် ဖြေရှင်းနည်းများကို ထည့်သွင်းစဉ်းစားရန် အောက်လွှတ်တော် အခမ်းအနား အစီအစဉ်တွင် အောက်လွှတ်တော်အမတ် မစ္စတာ Rangsiman Rome မှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကော်မတီဝင်များ၊ ထိုင်းဘုရင့်တပ်မတော် (ကာကွယ်ရေးဦးစီးချုပ်)၊ အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၀န်ကြီးဌာန) အပါအဝင် သက်ဆိုင်ရာဌာနများမှ ပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြရန် ဖိတ်ကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များအား [...]