ကလေးအခွင့်အရေး
အသက် 18 နှစ်အောက် မည်သူမဆို ကလေးဟုသတ်မှတ်ပါသည်။ အသက် 18 နှစ်အောက် ကလေးတိုင်းသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းတွင် သတ်မှတ်သည့် အခွင့်အရေးတိုင်းကို ခံစားခွင့်ရှိသည်။ 1992 ခုနှစ် ဖေဖေါ်ဝါရီလ 12 ရက်မှစ၍ ထိုသဘောတူစာချုပ်အား ထိုင်းနိုင်ငံမှ သဘောတူခွင့်ပြုခဲ့သည်။ နိုင်ငံအတွင်းရှိ ကလေးများသည် မည်သူမည်ဝါဖြစ်စေကာမူ ကွန်ဗင်းရှင်းအောက်ရှိ အခွင့်အရေးများအား တန်းတူညီမျှ ခံစားခွင့်ရှိသည်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းတွင် မဏ္ဍိုင်ကြီးလေးရပ်ပါဝင်သည်။ ၁။ အသက်ရှင်နေထိုင်ခွင့် ၂။အကာအကွယ်ပေးပိုင်ခွင့် ၃။ ဖွံ့ဖြိုးတိုးတက်ခွင့် ၄။ပါဝင်ခွင့်တို့ဖြစ်သည်။ ရှင်သန်ခွင့် ကလေးများသည်မွေးဖွားပြီးသည့်အချိန်မှစ၍ အသက်ရှင်သန်ပိုင်ခွင့်ရှိတယ်။ မှတ်ပုံတင်ထားသော အမည်နှင့် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ကလေးသူငယ်များသည် မိဘများ၏ ပြုစုစောင့်ရှောက်ခြင်းခံရပြီး မိသားစုနှင့် [...]