ထိုင်းအလုပ်သမားဥပဒေ
အလုပ်ချိန်များနှင့်ခွင့်ရက်များ အလုပ်သမားများ၏ အလုပ်လုပ်နိုင်သော အလုပ်ချိန်ကို အများဆုံး တစ်ရက်လျှင် ၈ နာရီ နှင့် တစ်ပတ်လျှင် ၄၈ နာရီ သတ်မှတ်ထားသည်။ အချို့သော အလုပ်အမျိုးအစားများတွင် အလုပ်ရှင်နှင့် အလုပ်သမားသည် အလုပ်ချိန်ကို ညှိနှိုင်၍ သဘောတူသော်လည်း မည်သို့သော အကြောင်းအရာတွင်မဆို အလုပ်ချိန်သည် တစ်ပတ်လျှင် ၄၈ နာရီထက် မပိုစေရပါ။ ဥပဒေအရ ပြဋ္ဌာန်းထားသည့်အတိုင်း ကျန်းမာရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ထိခိုက်စေသည်ဟု ယူဆရသည့် လုပ်ငန်းအဖွဲ့အစည်းများတွင် အလုပ်ချိန်သည် တစ်ရက်လျှင် ၇ နာရီနှင့် တစ်ပတ်လျှင် ၄၂ နာရီထက်မကျော်ရပါ။ အလုပ် သမား အားလုံးသည် တစ်ရက်လျှင် ၄ နာရီ ဆက်တိုက် အလုပ်လုပ် ပြီးပါက အနည်းဆုံး၁နာရီ အနားယူပိုင်ခွင့်ရှိသည်။ [...]