About I-Hub Admin RBB Information Hub

This author has not yet filled in any details.
So far I-Hub Admin RBB Information Hub has created 82 blog entries.

ထိုင်းရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကဒ်

ထိုင်းရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကဒ် (ပန်း‌ရောင်ကဒ်နှင့် CI ကဒ်) ပန်းရောင်ကဒ်သည် ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာတဲ့နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ တရားဝင် ဝင်ရောက်လာတဲ့သူများသည် အချိန်မရွေးလျှောက်လို့ရပြီး ကဒ်သတ်တမ်းသည် ၁၀နှစ်ရှိပါသည်။ တရားမဝင် ဝင်‌ရောက်လာသူများတွင်မူ ထိုင်းအစိုးရမှ တရားဝင် ဖွင့်ပေးတဲ့အချိန်ကာလတွင်သာလုပ်လို့ရမည်ဖြစ်သည်။ ပန်းရောင်ကဒ်သည်  Work Permit ရှိမှလုပ်လို့ရပြီး Work Permit သည်အလုပ်သမားကဒ်ဖြစ်ပါတယ်။ ထိုအလုပ်သမားကဒ်သည်  ၁နှစ် သို့မဟုတ် ၂နှစ်သာ သက်တမ်းရှိပြီး သူဌေးအာမခံပေးရန်လိုအပ်ပါသည်။ ပန်းရောင်ကဒ်သည် ထိုင်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသောသူများ နှင့် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်ဖြစ်အောင်ထိုင်းအစိုးရက ထုတ်ပေးသည့်သက်သေခံ ကဒ်ဖြစ်ပါသည်။ ပန်းရောင်ကဒ်လုပ်လျှင် Thai ID Number, Work Permit, House [...]

အမျိုးသား စီစစ်ရေး ယန္တရား (NSM)

အမျိုးသားစီစစ်ရေးယန္တရား သို့မဟုတ် NSM သည် တရားမဝင် နိုင်ငံခြားသားများ (လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အရ) နှင့် ဒုက္ခသည်များ (အကာအကွယ်ပေးထားသော လူများ) တို့အကြား ခွဲခြားရန် ယန္တရားတစ်ခု ဖြစ်သည်။  NSM ၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက်လာသူများနှင့် နေရပ်သို့ မပြန်နိုင်သည့် အကာအကွယ် လိုအပ်နေသူများကို အကာအကွယ်ရရှိစေရန်ဖြစ်သည်။ NSM သို့ လျှောက်ထားနိုင်သူများမှာ ထိုင်းနိုင်ငံသားမဟုတ်သောသူ မူလနိုင်ငံသို့ မပြန်လိုသောသူ ပြည်ထဲရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ယန္တရား သို့မဟုတ် လုပ်ထုံးလုပ်နည်းအရ မည်သည့်အဖွဲ့နှင့်မျှ မသက်ဆိုင်သူဖြစ်ရမည်။ တတိယနိုင်ငံသို့သွားခွင့်ရရှိသူများနှင့် မြန်မာနိုင်ငံ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားဖြစ်ခြင်းမရှိသူဖြစ်ရမည်။ NSM ၏ စံသတ်မှတ်ချက် NSM [...]

ပြစ်မှုဆိုင်ရာရာဥပဒေ

ရာဇဝတ်ကျင့်ထုံးဥပဒေတွင် အပိုင်း၃ပိုင်းခွဲထားသည်။ ၁။ အထွေထွေပြဌာန်းချက်များ ၂။ အပြစ် ၃။ ရာဇဝတ်မှု  ပြစ်မှုအမျိုးအစားများ ၁။ အများသူဌာ အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။ ၂။ စာရွက်စာတမ်းနှင့်ပတ်သက်သောပြစ်မှုများ။ ၃။ အိလက်ထရောနစ်ပြစ်မှုများ။ ၄။ နိုင်ငံကူလက်မှတ်နှင့်ပတ်သက်သော ပြစ်မှုများ။ ၅။ လိင်ပိုင်းဆိုင်ရာပြစ်မှုများ။ ၆။ အသက်အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။ ၇။ ကိုယ်ခန္ဓာထိခိုက် အန္တာရယ်ဖြစ်စေသော ပြစ်မှုများ။ ၈။ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအားစွန့်ပြစ်ခြင်း ပြစ်မှုများ။ ၉။ လွတ်လပ်မှုကို ဆန့်ကျင်သောပြစ်မှုများ။ ၁၀။ခိုးမှုနှင့် အလွဲသုံးစားမှုပြစ်မှုများ။ ၁၁။ ငွေညှစ်ခြင်း နှင့် လုယက်မှုများ။ ၁၂။ လိမ်လည်မှုများ။ ၁၃။ အလွဲသုံးစားပြုမှုများ။ ၁၄။ ခိုးယူလာသောပစ္စည်းများအား လက်ခံထားသောပြစ်မှု။ [...]

Anti – Torture Act

ညှင်းပန်းနှိပ်စက်မှု နှင့် အဓမ္မပျောက်ဆုံးစေမှုများ တားဆီးနှိမ်နှင်းရေး အက်ဥပဒေ B.E ၂၅၆၅ ပုဒ်မ(၃) - ဤဥပဒေတွင်ပါဝင်သော “ခံရသူ (Victim)” ဆိုသည်မှာ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အသက်၊ ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရသူများ၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်းခံရသော မိသားစုဝင်များ၊ ဆွေမျိုးမွေးချင်းများ၊ အိမ်ထောက်ဖက်များနှင့် လက်ထပ်မှတ်ပုံမတင်ထားသော ဘဝလက်တွဲဖော်များ၊ ထိုသို့ ထိန်းသိမ်းခံထားရရာမှ ပျောက်ဆုံးသွားရသူများ ကိုဆိုလိုသည်။ “ပြည်သူ့အရာရှိဝန်ထမ်း (Public Official)” ဆိုသည်မှာ နိုင်ငံတော်အာဏာပိုင်များမှ ပေးအပ်ထားသော တရားဝင် တာဝန်များကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ ထမ်းဆောင်နေကြသော၊ နိုင်ငံတော်အာဏာဖြင့် တာဝန်ပေးအပ်ထားပြီး ထိုတာဝန်များကို ထမ်းဆောင်ရန် ခန့်အပ်ထားသည့် လေ့ကျင့်ထားသော လူများကို ဆိုလိုသည်။ [...]

ထိုင်းအလုပ်သမားဥပဒေ

အလုပ်ချိန်များနှင့်ခွင့်ရက်များ အလုပ်သမားများ၏ အလုပ်လုပ်နိုင်သော အလုပ်ချိန်ကို အများဆုံး တစ်ရက်လျှင် ၈ နာရီ နှင့် တစ်ပတ်လျှင် ၄၈ နာရီ သတ်မှတ်ထားသည်။ အချို့သော အလုပ်အမျိုးအစားများတွင် အလုပ်ရှင်နှင့် အလုပ်သမားသည် အလုပ်ချိန်ကို ညှိနှိုင်၍ သဘောတူသော်လည်း မည်သို့သော အကြောင်းအရာတွင်မဆို အလုပ်ချိန်သည် တစ်ပတ်လျှင် ၄၈ နာရီထက် မပိုစေရပါ။ ဥပဒေအရ ပြဋ္ဌာန်းထားသည့်အတိုင်း ကျန်းမာရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ထိခိုက်စေသည်ဟု ယူဆရသည့် လုပ်ငန်းအဖွဲ့အစည်းများတွင် အလုပ်ချိန်သည် တစ်ရက်လျှင် ၇ နာရီနှင့် တစ်ပတ်လျှင် ၄၂ နာရီထက်မကျော်ရပါ။ အလုပ် သမား အားလုံးသည် တစ်ရက်လျှင် ၄ နာရီ ဆက်တိုက် အလုပ်လုပ် ပြီးပါက  အနည်းဆုံး၁နာရီ အနားယူပိုင်ခွင့်ရှိသည်။ [...]

လူဝင်မှုကြီးကြပ်ရေးဥပဒေ B.E. 2522 (1979)

လူဝင်မှုကြီးကြပ်ရေးဥပဒေ B.E. 2522 (1979) တွင် အထောက်အထားစာရွက်စာတမ်းမရှိသော နိုင်ငံခြားသားများ (ဆိုလိုသည်မှာ တရားဝင်ပတ်စပို့နှင့် ဗီဇာ) ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားသည်။ ထို့ကြောင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူ အများအပြားသည် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် နေရပ်ပြန်ခြင်းတို့ ကြုံတွေ့ရနိုင်သည်။ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲဆိုမှုများမှာ တရားမ၀င်ဝင်ရောက်မှုနှင့် တရားမဝင်နေထိုင်ခြင်း ( overstay အပါအဝင်) ဥပဒေအရ ပြစ်ဒဏ်မှာ ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဘတ် ၂၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။ မူလနိုင်ငံ သို့မဟုတ် တတိယနိုင်ငံ သို့ထွက်ခွာရန် စောင့်ဆိုင်းနေစဉ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာ (IDC) တွင် ထိန်းသိမ်းထားခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင့်တွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် [...]

စိတ်ပိုင်းဆိုင်ရာကပံ့ပိုးကူညီခြင်း

စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းတို့သည် ရွှေ့ပြောင်းနေထိုင်သူတိုင်းတွင် ဖြစ်ပွားလေ့ရှိနိုင်သည်။ ထိုပြသနာများအားသင်ကိုယ်တိုင်ဖြေရှင်းရန် သင်ယူခြင်းသည် ထိုသို့သောပြသနာများအား လျှော့ချစေရန် အထောက်အကူဖြစ်စေသည်။ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းစသည့် အခြေခံလှုပ်ရှားမှုအချို့သည်လည်း စိတ်ဖိစီးမှုအချို့ကိုပြေလျှော့ စေပါသည်။ သို့သော် သင်သည် ကျွမ်းကျင်ပညာရှင်ထံမှ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးရန် လိုအပ်ပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။သင့်အား ကျွမ်းကျင်သူများနှင့် ချိတ်ဆက် ပေးရန် ကျွန်ုပ်တို့ကူညီနိုင်ပါသည်။ ၀ - ၅ မှတ် သင်သည်  စိတ်ဖိစီးမှုအလွန်နည်းသည့် အဆင့်တွင်ရှိသည်။ ၆ - ၁၇မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန် အဆင့်တွင်ရှိသည်။ ၁၈ - ၂၅မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန်ထက် အနည်းငယ်ပိုသည့် အဆင့်တွင်ရှိသည်။ သင့်တွင်ပြသနာအချို့ရှိနေပြီး ထိုပြသနာများအားမဖြေရှင်းနိုင်သေးသောကြောင့် ဖြစ်နိုင်သည်။ [...]

အသစ်ရောက်ရှိလာသူများအနေဖြင့် အကာအကွယ်ရယူခြင်း

ပဒေသည် အသိအမှတ်ပြုသောလူတိုင်းအတွက်အရေးကြီးပါသည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သောကြောင့် ဒုက္ခသည်အခွင့်အရေး ကာကွယ်ရေးနှင့်စပ်လျဉ်းသည့် ပြည်တွင်းဥပဒေများ မရှိပါ။ သို့သော် လူတိုင်းသည် လူ့အခွင့်အရေးဖြင့် ကာကွယ်မှုရှိသည်ဟုဆိုသော်လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးရသည့်အခြေအနေများလည်းရှိသည်။ ဥပမာအားဖြင့်၊ UDHR နှင့် ကလေးသူငယ်အခွင့်အရေး များသည် မွေးစာရင်းပေးဆောင်ခြင်းဖြင့် မွေးဖွားလာသောကလေးအား အသိအမှတ်ပြုရန်နှင့် ကလေးများအတွက် ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်စေရန်၎င်းတို့၏အခွင့်အရေးများကို ကျင့်သုံးနိုင်စေရန် အာမခံပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီက ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ်အရ မွေးစာရင်းတင်သွင်းခြင်းသည် ကလေးသူငယ်အခွင့်အရေး ပထမအဆင့်အနေဖြင့် ပညာသင်ကြားခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများ ရရှိခွင့်တို့ကို အာမခံထားသည်။ အကယ်၍ သင်သည် ထိုင်းရာဇ၀တ်ကျင့်ထုံးဥပဒေနှင့်အညီ UDHR ကို ကျူးလွန်သော [...]

ရွှေ့ပြောင်း ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးအခွင့်အရေး

ထိုင်းနိုင်ငံ၏ပုံမှန်ပညာရေး                         ထိုင်းနိုင်ငံသည် ပဋိပက္ခများနှင့် စီးပွားရေးအခက်အခဲများမှ ထွက်ပြေးလာကြသည့် အိမ်နီးချင်းနိုင်ငံများ မှရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအား အိမ်ရှင်အဖြစ်လက်ခံခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းမှာပင် ထောင်နှင့်ချီသောကလေးများသည် ၎င်းတို့၏မိဘများ နှင့်အတူ ပြောင်းရွှေ့လိုက်ပါခဲ့ကြသည်။  (1999 Education for All (EFA) policy and the 2005 cabinet’s resolution) အရ  ထိုင်းနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများသည် ပညာရေးအားရပိုင်ခွင့်ရှိသည်။ထိုင်းဥပဒေတွင် ကလေးအားလုံးသည် “နိုင်ငံသား သို့မဟုတ် တရားဝင်အခြေအနေ မည်သို့ပင် ရှိစေကာမူ ၁၅နှစ်တာ အခမဲ့အခြေခံပညာရေးရရှိရန် အခွင့်အရေးရှိသည်။ အီးအက်ဖ်အေမူဝါဒအရ ထိုင်းလူမျိုးမဟုတ်သော ကလေးများကို အထက်တန်းကျောင်းမတိုင်မှီအထိ အစိုးရကျောင်းများမှအခမဲ့တက်ရောက်ခွင့်ပြုသည်။ ပညာရေးဝန်ကြီးဌာနမှ အစိုးရကျောင်းများတွင် ကျောင်းသားတစ်ဦးစီအတွက်ရန်ပုံငွေများ ခွဲဝေပေးထားပါသည်။မူဝါဒသည်မူအရ [...]

Update on National security policy towards refugees and new arrivals from Myanmar

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နိုင်ငံတော်လုံခြုံရေးကော်မရှင်မှ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသားရေးဗျူဟာ၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတို့အား ပါလီမန် အဆောက်အအုံတွင် ၄ ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ပါသည်။ ထိုအစည်းဝေးတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ပဋိပက္ခများမှ ထွက်ပြေးလာသူများနှင့် စပ်လျဉ်းသည့် ပြဿနာများနှင့် ဖြေရှင်းနည်းများကို ထည့်သွင်းစဉ်းစားရန် အောက်လွှတ်တော် အခမ်းအနား အစီအစဉ်တွင် အောက်လွှတ်တော်အမတ် မစ္စတာ Rangsiman Rome မှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကော်မတီဝင်များ၊ ထိုင်းဘုရင့်တပ်မတော် (ကာကွယ်ရေးဦးစီးချုပ်)၊ အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၀န်ကြီးဌာန) အပါအဝင် သက်ဆိုင်ရာဌာနများမှ ပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြရန် ဖိတ်ကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များအား [...]

Go to Top