ထိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ယေဘုယျအားဖြင့် နားလည်ခြင်း
Do ထိုင်းနိုင်ငံသားများအနေဖြင့် တဦးကိုတဦးနှုတ်ဆက်ချိန်တွင် လက်အုပ်ချီ၍ “စဝပ်ဒီ” ဟူ၍ပြောဆိုနှုတ်ဆက်ပါသည်။ ထိုင်းလူမျိုးများအနေဖြင့် မရင်းနှီးသောသူအား တဦးကိုတဦးပြုံးပြခြင်းအားဖြင့် ဖော်ရွေရင်းနှီုးမှုအားဖော်ပြလေ့ရှိသည်။ နေအိမ်(သို့) ဘာသာရေးအဆောက်အအုံများသို့ ဝင်ရောက်သွားလာသည့်အချိန်တွင် မိမိစီးလာသော ဖိနပ်အား ချွတ်ပြီးမှဝင်ရောက်သင့်သည်။ ထိုင်းလူမျိုးများအနေဖြင့် နာမည်အရင်းနှင့် ခေါ်ဆိုကြလေ့ရှိပြီး ခင်မင်ရင်းနှီးမှုရှိလာသည့် အချိန်တွင် အိမ်နာမည်ကိုသာ ယဉ်ကျေးမှုရှိရန် အရှေ့တွင် “ခွန်” ထည့်၍ခေါ်ဝေါ်လေ့ရှိသည်။ ထိုင်းလူမျိုးများအနေဖြင့် ဇွန်းခရင်းများအသုံးပြု၍ အစားအသောက် စားသုံးလေ့ရှိသည်။ ထိုင်းလူမျိုးများသည် သက်ကြီးရွယ်အိုများနှင့် အရေးပါသော လူပုဂ္ဂိုလ်များအား အလေးထား လေးစားလေ့ရှိသည်။ ဘုရားကျောင်းများ သို့မဟုတ် အထိမ်းအမှတ်နေရာများတွင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ရန်။ အများပိုင်နေရာများတွင်ချမှတ်ထားသော ထိုင်းဥပဒေများအားလိုက်နာသင့်သည်။ အောက်ပါအချက်များ ပြုမူခြင်းကြောင့် ရဲတပ်ဖွဲ့မှတားဆီးခြင်း/ ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခံရနိုင်သောအကြောင့် ရှောင်ရှားသင့်သည်။ လမ်းပေါ်တွင် ဥပဒေမဲ့ ဖြတ်ကျော်ခြင်း သို့မဟုတ် [...]