About I-Hub Admin RBB Information Hub

This author has not yet filled in any details.
So far I-Hub Admin RBB Information Hub has created 82 blog entries.

အွန်လိုင်းစီးပွားရေး

ဆိုရှယ်မီဒီယာသည် ထုတ်ကုန်များရောင်းချရန်၊ ဖောက်သည်များနှင့် လျင်မြန်စွာ ဆက်သွယ်ရာတွင် အထောက်အကူပေးသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ Facebook, Instagram, Line, YouTube , TikTok စသဖြင့် ဆိုရှယ်မီဒီယာ အများအပြားရှိပြီး မည်သည့်ဆိုရှယ်မီဒီယာပလက်ဖောင်းကို အသုံးပြုမည်ကို ရွေးချယ်ရမည်ဖြစ်သည်။ မိမိရောင်းချလိုသည့် အမျိုးအစားနှင့် ကိုက်ညီသောဖောက်သည်အမျိုးအစားကို ချဥ်းကပ်ရမည်ဖြစ်သည်။ Onlineမှစီးပွားရေးလုပ်ခြင်းသည် မိမိဖောက်သည် အမျိုးအစားအားခွဲခြားနိုင်သည့်အပြင် မည်သူသည်ပုံမှန် ဖောက်သည်၊ အသက်၊ ဝင်ငွေနှင့် စိတ်ဝင်စားမှုအား အများအားဖြင့် ဆိုရှယ်မီဒီယာမှတဆင့် သိရှိနိုင်သည်။ ဖောက်သည်သုံးနေသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းမှ လူဦးရေစာရင်း အချက်အလက်နဲ့ ဖောက်သည်၏နေ့စဉ်လှုပ်ရှားမှု အချက်အလက်များကို စိစစ်သုံးသပ်ရာတွင် အထောက်အကူပေးသည့်အတွက် သင်၏ကုန်ပစ္စည်း တံဆိပ်အတွက် အကောင်းဆုံးပလက်ဖောင်းကို သင်ရွေးချယ်နိုင်သည်။ အွန်လိုင်းစီးပွားရေးတွင် အရေးကြီးဆုံးအချက်ဖြစ်သော ဖောက်သည်နှင့် [...]

ထိုင်းနိုင်ငံအတွင်းရှိလိမ်လည်မှုများ

ငွေရေးကြေးရေး လိမ်လည်မှုများသည် ယခုကာလမှရှိလာသည်မဟုတ်ဘဲ လူမှုအဖွဲ့အစည်းနှင့် ဒွန့်တွဲလာသည်မှာကြာပြီဖြစ်သည်။ လိမ်လည်နည်းများသည်လည်း ခေတ်ကာလနှင့် အညီပြင်ပြီး အသုံးပြုနေသည့် လိမ်လည်အကွက်များသာဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ သားကောင်တွေဆီမှ ငွေလိမ်လည်ယူရန်ဖြစ်သည်။ ငွေရေးကြေးရေး လိမ်လည်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လိမ်လည်မှုများအား အထူးသတိထားရမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း လိမ်လည်မှုဖြစ်ရပ်များအား ဥပမာအမျိုးမျိုးဖြင့် ဖော်ပြပါမည်။ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်၏လိမ်လည်မှုများ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်များသည် ကံစမ်းခြင်းနှစ်သက်ကြသော လောင်းကစားသမားများကြားတွင် အလွန်ရေပန်းစားသည်။ ယနေ့တွင် လူပေါင်း 4-5 သန်းအထိရှိပြီးအများစုမှာ စလော့နှင့်ခါဘာလာကို ကစားကြပြီး အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်လုပ်ငန်းသည် ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပ တွင်ပါရှိသည်။ ထိုင်းနိုင်ငံအတွင်းမှာမူ ကွန်ဒို၊ အငှားအိမ်များတွင် လုပ်ငန်းလည်ပတ်ကြပြီး တစ်ခါတစ်ရံ လုပ်ငန်းပိုင်ရှင တစ်ဦးမှ ကွန်ဒိုအထပ်များစွာငှားရမ်းပြီး [...]

အသက်အရွယ်အလိုက် ကလေးကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု

ကလေးတိုင်းသည် စူးစမ်းလေ့လာရန် ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရန် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါသည်။ ကလေးငယ်များ၏ အစောပိုင်းဖွံ့ဖြိုးမှုအဆင့်များနှင့် လိုအပ်ချက်များကို ကောင်းစွာနားလည်သဘောပေါက်ပြီး ပြုစုစောင့်ရှောက်သူများသည် ကျန်းမာပြီး ဘေးကင်းသောအလေ့အကျင့်များကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ မတူညီသောအသက်အရွယ်အုပ်စုများရှိ ကလေးများသည် လှုံ့ဆော်မှု၊ ထိတွေ့ဆက်ဆံမှု၊ နှစ်သိမ့်မှု၊ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အနားယူမှုအတွက် မတူညီသောလိုအပ်ချက်များရှိပါသည်။ သင့်ကလေး၏အသက်အရွယ်ပေါ်မူတည်၍ အောက်ပါအရာများသည် ကလေးပြုစုစောင့်ရှောက်မှုကိုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်သည်။ မွေးကင်းစ မှ ၆လအတွင်း ထိတွေ့မှု အခြေခံလိုအပ်ချက်များ (မိခင်နို့၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု) ပွေ့ဖက်ပြီး ကစားခြင်း။ မွေးစမှ 6လ ကလေးများသည် မိဘ၏ရင်ခွင်၌ နေထိုင်ရသော အသက်ဖြစ်သည်။ မိခင်နို့နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့် အသက်အရွယ်ဖြစ်သည်။ ထိုအရွယ်ကလေးငယ်များသည် လက်ထဲမှာ [...]

စိတ်ကျန်းမာရေးတိုးတက်ကောင်းမွန်စေသည့် အလေ့အကျင့်များ

စိတ်ကျန်းမာရေးဆိုတာဘာလဲ။ စိတ်ကျန်းမာရေးတွင် ကျွန်ုပ်တို့၏ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုတို့ ပါဝင်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ဘ၀ကို ရင်ဆိုင်ရာတွင် ကျွန်ုပ်တို့၏တွေးခေါ်ပုံ၊ ခံစားရပုံနှင့် ပြုမူပုံတို့ကို အကျိုးသက်ရောက်စေသည်။ ကျွန်ုပ်တို့သည် စိတ်ဖိစီးမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ဆုံးဖြတ်ရန်၊ အခြားသူများနှင့် ဆက်နွယ်မှု၊ ရွေးချယ်မှုများပြုလုပ်ရန်လည်း ကူညီပေးပါသည်။ စိတ်ကျန်းမာရေးသည် ကလေးဘဝမြီးကောင်ပေါက်အရွယ်မှ အရွယ်ရောက်ပြီး သက်ကြီးပိုင်းအထိ ဘဝ၏ အဆင့်တိုင်း အသက်အရွယ်တိုင်းတွင် အရေးကြီးသည်။ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းသည် သင့်စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ပြီး သင့်တွင် စိတ်ရောဂါရှိပါက ကုသမှုနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်၏ စိတ်ကျန်းမာရေးကို မည်သို့မြှင့်တင်နိုင်မည်နည်း။ သင့်စိတ်ကျန်းမာရေးကို မြှင့်တင်ရန် သင်လုပ်ဆောင်နိုင်သည့် ကွဲပြားခြားနားသော အရာများစာပါဝင်ပါသည်။ [...]

ထိုင်းနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျား၊မတန်းတူအခွင့်အရေရရှိရေး

ထိုင်းနိုင်ငံရှိ အမျိုးသမီးအခွင့်အရေး  ဥပဒေသုံးချက် ထိုင်းနိုင်ငံ၏ 2017 ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "အမျိုးသားနှင့် အမျိုးသမီးများ တန်းတူအခွင့်အရေး ခံစားရမည်" နှင့် လိင်ကိစ္စကြောင့် ခွဲခြားဆက်ဆံခြင်း မရှိစေရဟု ရှင်းလင်းစွာဖော်ပြထားသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ (UN) ကွန်ဗင်းရှင်းကို ထိုင်းနိုင်ငံသည် ၁၉၈၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ 2015 Gender Equality Act သည် ထိုင်းနိုင်ငံရှိ အမျိုးသမီးများအတွက် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးဥပဒေများကို အားကောင်းစေပြီး ကျား၊မ ကွဲပြားမှုအပေါ်အခြေခံ၍ တစ်စုံတစ်ဦးကို ခွဲခြားဆက်ဆံခြင်းများအားလည်း တားမြစ်ထားသည်။   ထိုင်းနိုင်ငံအတွင်း အမျိုးသမီးများအပေါ် သဘောထားများ ထိုင်းနိုင်ငံတွင် အမျိုးသမီးများအပေါ် သဘောထားများသည် ရှေးရိုးဆန်သည်။ သို့သော်လည်း ကျား၊မတန်းတူရေး၊ အမျိုးသမီးလွတ်လပ်ရေးနှင့် [...]

အသစ်ရောက်ရှိလာသူများအတွက် ရရှိနိုင်သောလူမှုရေးဝန်ဆောင်မှုများ

မြန်မာနိုင်ငံအတွင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မဲဆောက်သို့ကာကွယ်မှုရရှိရန်အသစ်ရောက်ရှိ လာသောသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ အစရှိသဖြင့် ရရှိနိုင်သောသင်တန်းများနှင့် ပံ့ပိုးကူညီပေးနေသောအဖွဲ့အစည်းများအား အောက်တွင်ဖော်ပြထားပါသည် 1.မယ်တော်ဆေးခန်း မယ်တော်‌ဆေးခန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိငွေကြေးမတက်နိုင်သော  သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ဆေးခန်း၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံသားအားလုံးအတွက် အရည်အ‌‌သွေးရှိသောကျန်းမာရေး စောင့်ရှောက် မှုပေးရန်ဖြစ်သည်။မယ်တော်ဆေးခန်းဖွင့်ရက်သည် တနင်္လာနေ့ မှသောကြာနေ့အထိဖြစ်ပြီး ဆေးခန်းဖွင့်ချိန်သည် နံနက် ၈နာရီမှ ညနေ ၄နာရီအတွင်းဖြစ်သည်။ အတွင်းလူနာဌာန နှင့် အရေးပေါ်ဌာနမှလွဲ၍ အခြားသောကျန်းမာရေးဝန်ဆောင်မှုများ ပြင်ပဌာနများအားလုံကို အပတ်စဥ် စနေ နှင့် တနင်္ဂနွေနေ့တိုင်းပိတ်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၂ ၄၂၈ ၅၅၇၀ သွားကျန်းမာရေးဌာန 0917262880 မျိုးဆက်ပွားကျန်းမာရေးဌာန 0899617627 [...]

ကလေးများ၏ ကျန်းမာရေးအခွင့်အရေး

 ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အောက်တွင် ကလေးများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ကလေးသူငယ်များ၏ ကျန်းမာရေးအခွင့်အရေး အပါအဝင် အခွင့်အရေးမြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းသည် ထိုင်းနိုင်ငံအတွက် ဦးစားပေးဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (CRC) တွင် ၁၉၉၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံသည် ဥပဒေအသစ်များကို ပြဋ္ဌာန်းခဲ့ပြီး CRC ၏ ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဥပဒေပုဒ်မများစွာကို ပြင်ဆင်ခဲ့သည်။ အထင်ရှားဆုံးမှာ ၂၀၀၃ ခုနှစ် ကလေးသူငယ် ကာကွယ်ရေး အက်ဥပဒေ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသော၊ စွန့်ပစ်ခံရသော သို့မဟုတ် မသန်မစွမ်းကလေးငယ်များကဲ့သို့သော ခက်ခဲသော အခြေအနေများတွင် ကလေးသူငယ်များအပါအဝင် လမ်းဘေးကလေးငယ်များ၊ မိဘမဲ့ကလေးများနှင့် ကလေးငယ်များအားလုံးကို အကာအကွယ်ပေးထားသည်။ အက်ဥပဒေ ပုဒ်မ ၂၂ တွင် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို [...]

ယာဉ်စည်းကမ်းလမ်းစည်းကမ်း : ထိုင်းနိုင်ငံအတွင်း ဘေးကင်းစွာနှင့် တရားဥပဒေနှင့်ကိုက်ညီစွာ ယာဉ် မောင်းခြင်း/စီးနှင်ခြင်း

1.ဘာကြောင့် မူးလျှင် ယာဉ်မမောင်းသင့်ပါသလဲ။ အာရုံကြောစနစ်မှာ ပုံမှန်လို အလုပ်မလုပ်တော့ပါ။ မူးယစ်ခြင်း ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည့်အတွက် ယာဉ်မောင်းရာတွင် အာရုံစူးစိုက်မှု လျော့ကျစေသည်။ ရှေ့တွင်ဖြစ်လာမည့်အရာများအား မှန်းဆနိုင်မှုလျော့ကျလာပြီး ယဉ်တိုက်မှုအတွက် တုန့်ပြန်မှု လျော့နည်းလာသည်။ ဦးနှောက်၏ တုန့်ပြန်မှုလျော့နည်းလာသည်။ ကားကိုထိန်းချုပ်နိုင်သည့် စွမ်းရည်လျော့ကျလာသည်။ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာခြင်း၊ အမြင်အာရုံ၊ အကြားအာရုံနှင့် စိတ်ဆုံးဖြတ်နိုင်စွမ်းနှောင့်နှေးလာခြင်းတို့ကြောင့် ကားမောင်းရာတွင် ဟန်ချက်ပျက်လာပြီး ယဉ်တိုက်မှုများဖြစ်စေနိုင်ပါသည်။  2. အမြင်အာရုံဝေဝါးလာခြင်း။ အရက်အာနိသင်ကြောင့် လမ်းအားကောင်းမွန်စွာမမြင်ရပါ။ အထူးသဖြင့် ညဘက်‌မောင်းလျှင် ယာဉ်တိုက်မှုနှုန်း ပိုမိုဖြစ်စေနိုင်သည်။ အိပ်ငိုက်ခြင်း။ မောပန်းနွမ်းနယ်ခြင်းကြောင့် ကားမောင်းနေချိန်အတွင်း အိပ်ပျော်သွားခြင်းများဖြစ်တတ်သည်။ မူးပြီးမောင်းလျှင် တရားဥပဒေအရ အပြစ်ပေးခံရမည်ဖြစ်သည်။ 1.ပထမအကြိမ် အပြစ်ကြူးလွန်ခဲ့ပါက ယဥ်မောင်းလိုင်စင်တွင် 4 မှတ်အနှုတ်ခံရမည်ဖြစ်သည်။ 2.အများပြည်သူ ထိခိုက်ဒဏ်ရာရခြင်း၊ [...]

မြန်မာနိုင်ငံသားများအတွက် သင့်လျော်သော ဗီဇာများ

Elite Visa  Elite Visa  အမျိုးအစားသည် ပိုက်ဆံများများသုံးနိုင်ပြီးထိုင်းတွင်နေထိုင်လိုသူများ ခေါင်းလုံးဝမကိုက်ချင်သူများအတွက်အသင့်လျော်ဆုံး Visaအမျိုးအစားဖြစ်ပါသည်။ ပျမ်းမျှ ကုန်ကျစရိတ်သည် 5နှစ်တွင်ဘတ်၉သိန်း၊ 10နှစ်တွင်ဘတ်1.5သန်း၊ 15နှစ်တွင်ဘတ်2.5သန်း၊ 20နှစ်တွင်ဘတ်5သန်း အသီးသီးကျသင့်မည်ဖြစ်သည်။ Company Register + Work Permit  ယခု Visa အမျိုးအစားသည် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပြီးဗီဇာနဲ့ work permitထုတ်သည့် နည်းလမ်းဖြစ်ပါသည်။ ကိုယ်ပိုင်companyတွင် မိမိကိုယ့်ကိုယ်အလုပ်ပြန်ခန့်၍ ဗီဇာထုတ်ခြင်းဖြစ်သည်။  ယခုဗီဇာအမျိုးအစားထုတ်ယူလိုလျှင် သတ်မှတ်စည်းမျဉ်းစည်းကမ်းဖြစ်သော (နိုင်ငံခြားသားဝန်ထမ်းတစ်ဦးခန့်တိုင်းထိုင်းဝန်ထမ်းလေးဦးခန့်ခြင်း) များ လိုက်နာရမည်ဖြစ်ပြီးသတ်မှတ်အခွန်ပမာဏအတိုင်းလည်းပြည့်မှီအောင်ပေးဆောင်ရမည်ဖြစ်ပါသည်။ Long Term Investment Visa ထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံမှု ၁၀သန်းကျော်မှစပြီး  (မြန်မာငွေသိန်းတစ်သောင်းကျော်) ရင်းနှီးမြှုပ်နှံသူများအတွက် နှစ်ရှည်ဗီဇာထုတ်ပေးခြင်းမျိုးဖြစ်သည်။ ထိုင်းမှာကွန်ဒိုဝယ်ခြင်း သို့မဟုတ် အစိုးရငွေတိုက်စာချုပ်ဝယ်ခြင်းမျိုးများလည်းအကြုံးဝင်၍ မိမိရင်းနှီးမြှုပ်နှံမှုအားလုံး စုစုပေါင်းဘတ်၁၀သန်းကျော်လျှင် [...]

အရေးပေါ်အခြေအနေတွင် ကလေးပြုစုစောင့်ရှောက်ခြင်းနည်းလမ်းများ

ထိုင်းနိုင်ငံသို့ အသစ်ရောက်ရှိလာသူများအနေဖြင့် ပတ်ဝန်းကျင်အနေအထားနှင့် အခြေအနေများကြောင့် အိမ်ထဲတွင်သာနေထိုင်ကြရသည့်အချိန်တွင် လူတိုင်းအား အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာများအား ထိခိုက်သက်ရောက်မှုရှိသည်။  ထိုထိုသောသက်ရောက်မှုများသည် လူတိုင်၊ အသက်အရွယ်မရွေး၊ ကျား၊မ မရွေး သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သောသက်ရောက်မှုများအား မိမိ၏သား၊ သမီး ကလေးများအပေါ် သက်ရောက်မှုမရှိစေရန်အတွက် လုံခြုံမှုမရှိသော အခြေအနေမျိုးတွင် မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ထိုအခြေအနေအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် မိမိကလေးအား မည်သို့ပြုစုစောင့်ရှောက်ရမည့်နည်းလမ်းများရှာဖွေဖော်ပြထားပါသည်။  အရေးပေါ်အခြေအနေတွင် ကလေးသူငယ်များအားစောင့်ရှောက်ခြင်း   ကလေး များလည်း စိတ်ဖိစီးမှုဖြစ်နိုင်သည်။ ကွဲပြားခြားနားသည့် အပြုအမူများရှိသည်။ အပြစ်မပေးပါနှင့်။ ကလေးများအား အသိအမှတ်ပြုပေးပြီး အားပေးပါ။ ကလေးများ၏ စိတ်ခံစားချက်များကို ဖြေလျော့ဖော်ပြနိုင်ရန်အတွက် ဖွင့်ဟပြောဆိုခိုင်းခြင်း၊ ကစားခြင်း၊ ရုပ်ပုံဆွဲခြင်းတို့ဖြင့် ဆက်သွယ်ခိုင်းပါ၊ [...]

Go to Top