ဆောင်းပါးအားလုံး
ထိုင်းရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကဒ်
ထိုင်းရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကဒ် (ပန်းရောင်ကဒ်နှင့် CI ကဒ်) ပန်းရောင်ကဒ်သည် ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာတဲ့နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ တရားဝင် ဝင်ရောက်လာတဲ့သူများသည် အချိန်မရွေးလျှောက်လို့ရပြီး ကဒ်သတ်တမ်းသည် ၁၀နှစ်ရှိပါသည်။ တရားမဝင် ဝင်ရောက်လာသူများတွင်မူ ထိုင်းအစိုးရမှ တရားဝင် ဖွင့်ပေးတဲ့အချိန်ကာလတွင်သာလုပ်လို့ရမည်ဖြစ်သည်။ ပန်းရောင်ကဒ်သည် Work Permit ရှိမှလုပ်လို့ရပြီး Work Permit သည်အလုပ်သမားကဒ်ဖြစ်ပါတယ်။ ထိုအလုပ်သမားကဒ်သည် ၁နှစ် သို့မဟုတ် ၂နှစ်သာ သက်တမ်းရှိပြီး သူဌေးအာမခံပေးရန်လိုအပ်ပါသည်။ ပန်းရောင်ကဒ်သည် ထိုင်နိုင်ငံသို့ [...]
အမျိုးသား စီစစ်ရေး ယန္တရား (NSM)
အမျိုးသားစီစစ်ရေးယန္တရား သို့မဟုတ် NSM သည် တရားမဝင် နိုင်ငံခြားသားများ (လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အရ) နှင့် ဒုက္ခသည်များ (အကာအကွယ်ပေးထားသော လူများ) တို့အကြား ခွဲခြားရန် ယန္တရားတစ်ခု ဖြစ်သည်။ NSM ၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက်လာသူများနှင့် နေရပ်သို့ မပြန်နိုင်သည့် အကာအကွယ် လိုအပ်နေသူများကို အကာအကွယ်ရရှိစေရန်ဖြစ်သည်။ NSM သို့ [...]
ပြစ်မှုဆိုင်ရာရာဥပဒေ
ရာဇဝတ်ကျင့်ထုံးဥပဒေတွင် အပိုင်း၃ပိုင်းခွဲထားသည်။ ၁။ အထွေထွေပြဌာန်းချက်များ ၂။ အပြစ် ၃။ ရာဇဝတ်မှု ပြစ်မှုအမျိုးအစားများ ၁။ အများသူဌာ အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။ ၂။ စာရွက်စာတမ်းနှင့်ပတ်သက်သောပြစ်မှုများ။ ၃။ အိလက်ထရောနစ်ပြစ်မှုများ။ ၄။ နိုင်ငံကူလက်မှတ်နှင့်ပတ်သက်သော ပြစ်မှုများ။ ၅။ လိင်ပိုင်းဆိုင်ရာပြစ်မှုများ။ ၆။ အသက်အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။ ၇။ ကိုယ်ခန္ဓာထိခိုက် အန္တာရယ်ဖြစ်စေသော ပြစ်မှုများ။ [...]
Anti – Torture Act
ညှင်းပန်းနှိပ်စက်မှု နှင့် အဓမ္မပျောက်ဆုံးစေမှုများ တားဆီးနှိမ်နှင်းရေး အက်ဥပဒေ B.E ၂၅၆၅ ပုဒ်မ(၃) - ဤဥပဒေတွင်ပါဝင်သော “ခံရသူ (Victim)” ဆိုသည်မှာ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အသက်၊ ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရသူများ၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်းခံရသော မိသားစုဝင်များ၊ ဆွေမျိုးမွေးချင်းများ၊ အိမ်ထောက်ဖက်များနှင့် လက်ထပ်မှတ်ပုံမတင်ထားသော ဘဝလက်တွဲဖော်များ၊ ထိုသို့ ထိန်းသိမ်းခံထားရရာမှ ပျောက်ဆုံးသွားရသူများ ကိုဆိုလိုသည်။ “ပြည်သူ့အရာရှိဝန်ထမ်း [...]
ထိုင်းအလုပ်သမားဥပဒေ
အလုပ်ချိန်များနှင့်ခွင့်ရက်များ အလုပ်သမားများ၏ အလုပ်လုပ်နိုင်သော အလုပ်ချိန်ကို အများဆုံး တစ်ရက်လျှင် ၈ နာရီ နှင့် တစ်ပတ်လျှင် ၄၈ နာရီ သတ်မှတ်ထားသည်။ အချို့သော အလုပ်အမျိုးအစားများတွင် အလုပ်ရှင်နှင့် အလုပ်သမားသည် အလုပ်ချိန်ကို ညှိနှိုင်၍ သဘောတူသော်လည်း မည်သို့သော အကြောင်းအရာတွင်မဆို အလုပ်ချိန်သည် တစ်ပတ်လျှင် ၄၈ နာရီထက် မပိုစေရပါ။ ဥပဒေအရ ပြဋ္ဌာန်းထားသည့်အတိုင်း ကျန်းမာရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ထိခိုက်စေသည်ဟု [...]