ကလေးအခွင့်အရေး

ဇွန် 6th, 2024|သတင်းအချက်အလက်, ဥပဒေ / မူဝါဒ|

အသက် 18 နှစ်အောက် မည်သူမဆို ကလေးဟုသတ်မှတ်ပါသည်။ အသက် 18 နှစ်အောက် ကလေးတိုင်းသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းတွင် သတ်မှတ်သည့် အခွင့်အရေးတိုင်းကို ခံစားခွင့်ရှိသည်။ 1992 ခုနှစ် ဖေဖေါ်ဝါရီလ 12 ရက်မှစ၍ ထိုသဘောတူစာချုပ်အား ထိုင်းနိုင်ငံမှ သဘောတူခွင့်ပြုခဲ့သည်။ နိုင်ငံအတွင်းရှိ ကလေးများသည် မည်သူမည်ဝါဖြစ်စေကာမူ ကွန်ဗင်းရှင်းအောက်ရှိ အခွင့်အရေးများအား တန်းတူညီမျှ ခံစားခွင့်ရှိသည်။  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းတွင် မဏ္ဍိုင်ကြီးလေးရပ်ပါဝင်သည်။ [...]

ဘေးကင်သောရွှေ့ပြောင်းနေထိုင်ခြင်း

ဇွန် 6th, 2024|ကာကွယ်ရေး, သတင်းအချက်အလက်|

ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသည်မှာ နိုင်ငံအတွင်းတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ မိမိမူလနေထိုင်သောနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဆိုလိုသည်။ ရွှေ့ပြောင်းနေထိုင်ခြင်းတွင် ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ရခြင်း နှင့် စိတ်ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ခြင်းသည် နိုင်ငံအတွင်းအိုးမဲ့အိမ်မဲ့ဖြစ်နေသောသူများ (မိမိနိုင်ငံ သို့မဟုတ် နေရပ် အတွင်းဖြစ်နေသော ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ရခြင်း၊အသက် အန္တရာယ်စိုးရိမ်ရခြင်း) တို့အပြင် သဘာဝဘေးအန္တရာယ် နျူကလိယဘေးအန္တရယ် သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် ဆောင်ရွက်သောစီမံကိန်းများကြောင့် ရွှေ့ပြောင်းရခြင်း ကိုဆိုလိုခြင်းဖြစ်သည်။ စိတ်ဆန္ဒအလျှောက် [...]

လူကုန်ကူးခြင်း

ဇွန် 6th, 2024|ကာကွယ်ရေး, သတင်းအချက်အလက်|

လူကုန်ကူးမှုဆိုသည်မှာလူစုဆောင်းရှာဖွေခြင်းနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း တို့အားရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာ အတင်းအကြပ် စည်းရုံးသိမ်းသွင်းခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် ဖျားယောင်း သွေးဆောင်ခြင်းတို့ဖြစ်သည်။ လူကုန်ကူးခံရသည့် အဓိကကျသောအကြောင်းအရင်း၃မျိုး လိင်ကွဲပြားမှုအပေါ်အခြေခံပြီးလူကုန်ကူးခံရခြင်း အတင်းအကျပ်အလုပ်ခိုင်းစေခံရခြင်း။ အကြွေးမဆပ်နိုင်သည့်အပေါ် ကျေးကျွန်အဖြစ် သိမ်းပိုက်ခိုင်းစေခြင်း။ နိုင်ငံတကာ ကိန်းဂဏန်းအချက်အလက်အရ လူကုန်ကူခံရသည့်သူများထဲတွင် ၇၁ ရာခိုင်နှုန်းသောသူများသည် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများဖြစ်ကြသည်။ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများတွင် [...]

ထိုင်းနိုင်ငံယာဥ်စည်းကမ်းဥပဒေ

ဇွန် 6th, 2024|သတင်းအချက်အလက်, ဥပဒေ / မူဝါဒ|

ထိုင်းနိုင်ငံ၌ ယာဥ်မောင်းနှင်ရာတွင် လမ်း၏ဘယ်ဘက်ခြမ်းမှာ မောင်းနှင်ရပါမည်။ ထိုင်းနိုင်ငံ၏ လမ်းစည်းကမ်းသည် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများနှင့် ဆင်တူသည်။ ထိုင်းနိုင်ငံတွင် ယာဉ်မောင်းရန် တရားဝင် အသက် ကန့်သတ်ချက်မှာ အသက် ၁၈ နှစ် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ယာဉ်မောင်းလိုင်စင်ရရှိလိုပါက ယာဉ်မောင်းများသည်ယာဉ်မောင်းလိုင်စင်မရရှိမီ ယာဉ်မောင်းကျောင်းတွင် သင်တန်းများ တက်ရောက်ရမည်ဖြစ်သည်။ မြန်နှုန်းကန့်သတ်ချက်များ မြို့တွင်းလမ်းများတွင် အမြန်နှုန်း ကန့်သတ်ချက်မှာ တစ်နာရီ [...]

အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်ဥပဒေ

ဇွန် 5th, 2024|သတင်းအချက်အလက်, ဥပဒေ / မူဝါဒ|

ဒုက္ခသည်ဆိုသည်မှာ စစ်ပွဲ၊ အကြမ်းဖက်ကျူးကျော်မှု၊ သဘာဝဘေးဒဏ်၊ နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် အခြားသောခြိမ်းခြောက်မှု အခြေအနေများကြောင့် မိမိနေရပ်မှဘေးလွတ်ရာသို့ ထွက်ပြေးသွားသူများကိုဆိုလိုခြင်ဖြစ်သည်။ ဒုက္ခသည်ဟုသတ်မှတ်ရာတွင် ၎င်းတို့သည် ပုံမှန်နေထိုင်သည့် နိုင်ငံပြင်ပသို့ထွက်ပြေးတိမ်း‌ရှောင်လာသူ ဖြစ်ရမည်။ အမိမြေသို့ပြန်လျှင်  နှိပ်စက်ညှဉ်းပန်းမှုဖြစ်ရမည့်အန္တရာယ် ရှိသူ နေရပ်ပြန်ရန် ထိခိုက်နာကြင်စေသည့် အကြောက်တရား ရှိသူဖြစ်ရမည်ဖြစ်သည်။ မိမိနေရပ်တွင် မည်သည့်နေရာတွင်မှ နေထိုင်ရန် မလုံခြုံသူတစ်ဦး ဖြစ်ရန်လိုအပ်ပါသည်။ ၁၉၅၁ ကွန်ဗင်းရှင်း၏ [...]