ဆောင်းပါးအားလုံး
အသစ်ရောက်ရှိလာသူများအတွက် ရရှိနိုင်သောလူမှုရေးဝန်ဆောင်မှုများ
မြန်မာနိုင်ငံအတွင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မဲဆောက်သို့ကာကွယ်မှုရရှိရန်အသစ်ရောက်ရှိ လာသောသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ အစရှိသဖြင့် ရရှိနိုင်သောသင်တန်းများနှင့် ပံ့ပိုးကူညီပေးနေသောအဖွဲ့အစည်းများအား အောက်တွင်ဖော်ပြထားပါသည် 1.မယ်တော်ဆေးခန်း မယ်တော်ဆေးခန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိငွေကြေးမတက်နိုင်သော သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ဆေးခန်း၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံသားအားလုံးအတွက် အရည်အသွေးရှိသောကျန်းမာရေး စောင့်ရှောက် မှုပေးရန်ဖြစ်သည်။မယ်တော်ဆေးခန်းဖွင့်ရက်သည် တနင်္လာနေ့ မှသောကြာနေ့အထိဖြစ်ပြီး ဆေးခန်းဖွင့်ချိန်သည် နံနက် ၈နာရီမှ [...]
ကလေးများ၏ ကျန်းမာရေးအခွင့်အရေး
ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အောက်တွင် ကလေးများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ကလေးသူငယ်များ၏ ကျန်းမာရေးအခွင့်အရေး အပါအဝင် အခွင့်အရေးမြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းသည် ထိုင်းနိုင်ငံအတွက် ဦးစားပေးဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (CRC) တွင် ၁၉၉၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံသည် ဥပဒေအသစ်များကို ပြဋ္ဌာန်းခဲ့ပြီး CRC ၏ ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဥပဒေပုဒ်မများစွာကို ပြင်ဆင်ခဲ့သည်။ အထင်ရှားဆုံးမှာ ၂၀၀၃ ခုနှစ် ကလေးသူငယ် ကာကွယ်ရေး [...]
ယာဉ်စည်းကမ်းလမ်းစည်းကမ်း : ထိုင်းနိုင်ငံအတွင်း ဘေးကင်းစွာနှင့် တရားဥပဒေနှင့်ကိုက်ညီစွာ ယာဉ် မောင်းခြင်း/စီးနှင်ခြင်း
1.ဘာကြောင့် မူးလျှင် ယာဉ်မမောင်းသင့်ပါသလဲ။ အာရုံကြောစနစ်မှာ ပုံမှန်လို အလုပ်မလုပ်တော့ပါ။ မူးယစ်ခြင်း ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည့်အတွက် ယာဉ်မောင်းရာတွင် အာရုံစူးစိုက်မှု လျော့ကျစေသည်။ ရှေ့တွင်ဖြစ်လာမည့်အရာများအား မှန်းဆနိုင်မှုလျော့ကျလာပြီး ယဉ်တိုက်မှုအတွက် တုန့်ပြန်မှု လျော့နည်းလာသည်။ ဦးနှောက်၏ တုန့်ပြန်မှုလျော့နည်းလာသည်။ ကားကိုထိန်းချုပ်နိုင်သည့် စွမ်းရည်လျော့ကျလာသည်။ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာခြင်း၊ အမြင်အာရုံ၊ အကြားအာရုံနှင့် စိတ်ဆုံးဖြတ်နိုင်စွမ်းနှောင့်နှေးလာခြင်းတို့ကြောင့် ကားမောင်းရာတွင် ဟန်ချက်ပျက်လာပြီး ယဉ်တိုက်မှုများဖြစ်စေနိုင်ပါသည်။ 2. အမြင်အာရုံဝေဝါးလာခြင်း။ အရက်အာနိသင်ကြောင့် လမ်းအားကောင်းမွန်စွာမမြင်ရပါ။ အထူးသဖြင့် ညဘက်မောင်းလျှင် [...]
မြန်မာနိုင်ငံသားများအတွက် သင့်လျော်သော ဗီဇာများ
Elite Visa Elite Visa အမျိုးအစားသည် ပိုက်ဆံများများသုံးနိုင်ပြီးထိုင်းတွင်နေထိုင်လိုသူများ ခေါင်းလုံးဝမကိုက်ချင်သူများအတွက်အသင့်လျော်ဆုံး Visaအမျိုးအစားဖြစ်ပါသည်။ ပျမ်းမျှ ကုန်ကျစရိတ်သည် 5နှစ်တွင်ဘတ်၉သိန်း၊ 10နှစ်တွင်ဘတ်1.5သန်း၊ 15နှစ်တွင်ဘတ်2.5သန်း၊ 20နှစ်တွင်ဘတ်5သန်း အသီးသီးကျသင့်မည်ဖြစ်သည်။ Company Register + Work Permit ယခု Visa အမျိုးအစားသည် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပြီးဗီဇာနဲ့ work permitထုတ်သည့် နည်းလမ်းဖြစ်ပါသည်။ ကိုယ်ပိုင်companyတွင် မိမိကိုယ့်ကိုယ်အလုပ်ပြန်ခန့်၍ ဗီဇာထုတ်ခြင်းဖြစ်သည်။ ယခုဗီဇာအမျိုးအစားထုတ်ယူလိုလျှင် သတ်မှတ်စည်းမျဉ်းစည်းကမ်းဖြစ်သော (နိုင်ငံခြားသားဝန်ထမ်းတစ်ဦးခန့်တိုင်းထိုင်းဝန်ထမ်းလေးဦးခန့်ခြင်း) [...]
အရေးပေါ်အခြေအနေတွင် ကလေးပြုစုစောင့်ရှောက်ခြင်းနည်းလမ်းများ
ထိုင်းနိုင်ငံသို့ အသစ်ရောက်ရှိလာသူများအနေဖြင့် ပတ်ဝန်းကျင်အနေအထားနှင့် အခြေအနေများကြောင့် အိမ်ထဲတွင်သာနေထိုင်ကြရသည့်အချိန်တွင် လူတိုင်းအား အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာများအား ထိခိုက်သက်ရောက်မှုရှိသည်။ ထိုထိုသောသက်ရောက်မှုများသည် လူတိုင်၊ အသက်အရွယ်မရွေး၊ ကျား၊မ မရွေး သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သောသက်ရောက်မှုများအား မိမိ၏သား၊ သမီး ကလေးများအပေါ် သက်ရောက်မှုမရှိစေရန်အတွက် လုံခြုံမှုမရှိသော အခြေအနေမျိုးတွင် မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ထိုအခြေအနေအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် မိမိကလေးအား မည်သို့ပြုစုစောင့်ရှောက်ရမည့်နည်းလမ်းများရှာဖွေဖော်ပြထားပါသည်။ [...]