RBB အကြောင်း
Rights Beyond Border (RBB) သည် ၂၀၀၆ခုနှစ်မှစ၍ မဲဆောက်တွင် တရားဝင် မှတ်ပုံတင်ထားသော ကလေးအခွင့်အရေး အခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းသည် လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အပြုသဘော ဆောင်သောလူမှုရေးပြောင်းလဲမှုများကို ပံ့ပိုးကူညီရာတွင် မူဝါဒပေါ်မူတည်၍အလုပ်လုပ်နေသော အဖွဲ့အစည်းဖြစ်ပါသည်။ အဖွဲ့အစည်၏ရည်မှန်းချက်မှာ ရွှေ့ပြောင်းနေထိုင်သူများနှင့် လျစ်လျှူရှုခံထားရသော အုပ်စုများအပါအဝင် ထိခိုက်လွယ်သူများ၏ အခြေခံလူ့အခွင့်အရေးကိုမြှင့်တင်ရန်အတွက် ရေရှည်တည်တံ့သော အစီအစဥ်များကို အကောင်အထည် ဖော်ရန်ဖြစ်သည်။
RBB သည် ကာကွယ်ရေးနှင့် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ပံ့ပိုးကူညီမှုနယ်ပယ်တွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် လက်တွဲဆောင်ရွက်ရာတွင်ကျယ်ပြန့်သောအတွေ့အကြုံရှိသည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် RBB သည် အသစ်ရောက်ရှိလာသောလူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ ခြင်း၊ ဥပဒေဆိုင်ရာအခွင့်အရေးများအား အကာအကွယ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း နှင့် စွမ်းရည်မြှင့်တင်ပေးခြင်းများ တည်ဆောက်ပေးရန် Myanmar Response Program အားပြုလုပ်ခဲ့ပါသည်။