Do

  1. ထိုင်းနိုင်ငံသားများအနေဖြင့် တဦးကိုတဦးနှုတ်ဆက်ချိန်တွင် လက်အုပ်ချီ၍ “စဝပ်ဒီ” ဟူ၍ပြောဆိုနှုတ်ဆက်ပါသည်။ 
  2. ထိုင်းလူမျိုးများအနေဖြင့် မရင်းနှီးသောသူအား တဦးကိုတဦးပြုံးပြခြင်းအားဖြင့် ဖော်ရွေရင်းနှီုးမှုအားဖော်ပြလေ့ရှိသည်။ 
  3. နေအိမ်(သို့) ဘာသာရေးအဆောက်အအုံများသို့ ဝင်ရောက်သွားလာသည့်အချိန်တွင် မိမိစီးလာသော ဖိနပ်အား ချွတ်ပြီးမှဝင်ရောက်သင့်သည်။ 
  4. ထိုင်းလူမျိုးများအနေဖြင့် နာမည်အရင်းနှင့် ခေါ်ဆိုကြလေ့ရှိပြီး ခင်မင်ရင်းနှီးမှုရှိလာသည့် အချိန်တွင် အိမ်နာမည်ကိုသာ ယဉ်ကျေးမှုရှိရန် အရှေ့တွင် “ခွန်” ထည့်၍ခေါ်ဝေါ်လေ့ရှိသည်။   
  5. ထိုင်းလူမျိုးများအနေဖြင့် ဇွန်းခရင်းများအသုံးပြု၍ အစားအသောက် စားသုံးလေ့ရှိသည်။ 
  6. ထိုင်းလူမျိုးများသည် သက်ကြီးရွယ်အိုများနှင့် အရေးပါသော လူပုဂ္ဂိုလ်များအား အလေးထား လေးစားလေ့ရှိသည်။
  7. ဘုရားကျောင်းများ သို့မဟုတ် အထိမ်းအမှတ်နေရာများတွင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ရန်။
  8. အများပိုင်နေရာများတွင်ချမှတ်ထားသော ထိုင်းဥပဒေများအားလိုက်နာသင့်သည်။ အောက်ပါအချက်များ ပြုမူခြင်းကြောင့် ရဲတပ်ဖွဲ့မှတားဆီးခြင်း/ ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခံရနိုင်သောအကြောင့် ရှောင်ရှားသင့်သည်။ 
  • လမ်းပေါ်တွင် ဥပဒေမဲ့ ဖြတ်ကျော်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုကို ဂရုမစိုက်ဘဲ ဖြတ်ကျော်ခြင်း။
  • အမှိုက်ပစ်ခြင်း။
  • အစိုးရရုံး၊ ဘုရားကျောင်း၊ ဘတ်စ်ကားမှတ်တိုင်၊ စားသောက်ဆိုင်၊ ပန်းခြံ အစရှိသည့် အများသူငှာနေရာများတွင် ဆေးလိပ်သောက်ခြင်း။

    9. ထိုင်းအိမ်နီးချင်းများနှင့် ပတ်ဝန်းကျင်အား ကောင်းမွန်သော ဆက်ဆံရေးရရှိရန် ထိန်းသိမ်းပါ။ (ဥပမာ- စေတနာဖြင့် ကူညီခြင်း) ၎င်းတို့၏ ယဉ်ကျေးမှုနှင့် စံနှုန်းများကို လေးစားပါ။ အိမ်နီးနားချင်းကောင်းရှိခြင်းသည် သင့်အတွက် အသုံးဝင်သောသတင်းအချက်အလက်များကို ရရှိစေနိုင်ပါသည်။

Don’t  

  1. ထိုင်းအမျိုးသားရေးအဖွဲ့စည်းများ၊ ဘာသာရေးများနှင့် ထိုင်းဘုရင်အား မကောင်းမွန်သော အပြုမူများ၊ ရှုတ်ချမှုများ မပြုလုပ်သင့်ပါ။ 
  2.  ထိုင်းလူမျိုးများအနေဖြင့် ဦးခေါင်းမှာ မြင့်မြတ်သောအရာဟု သတ်မှတ်ထားသည့်အတွက် ခေါင်းအားကိုင်တွယ်ခြင်း ကျော်ခွခြင်းများမလုပ်သင့်ပါ။ 
  3. ထိုင်းလူမျိုးများအနေဖြင့် ခြေထောက်မှာ နိမ့်သည့်အရာဟုသတ်မှတ်ထားသဖြင့် ခြေထောက်နှင့် ညွှန်ပြခြင်း၊ တခြားသူပေါ်ကျော်ခွသွားခြင်းနှင့် အရာဝတ္ထုများဖြစ်သော အစားအသောက်၊ စာအုပ်များ စသည်တို့ကို ကျော်ခွခြင်းများ မပြုလုပ်သင့်ပါ။ 
  4. အရေးပါသောနေရာဌာနများနှင့် ဘာသာရေးဆိုင်ရာနေရာများသို့ သွားရာတွင် လုံခြုံမှုမရှိသော၊ ယဉ်ကျေးမှုနှင့်မညီသော အဝတ်အစားများကို မဝတ်သွားသင့်ပါ။
  5. ‌‌ဒေါသအလျှောက် လူအများရှေ့တွင် အော်ငေါက်ခြင်းမပြုသင့်ပါ ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်နိုင်ပါက – ထိုင်းလူမျိုးများသည် ယေဘူယျအားဖြင့် အေးဆေးစွာပြောဆိုတတ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုမှန်သမျှကို ရှောင်ရှားလေ့ရှိကြသည်။ အော်ဟစ်ခြင်းနှင့် ကျယ်လောင်စွာ ပြောဆိုခြင်းတို့အား မပြုလုပ်သင့်ပါ။
  6. ထိုင်းနိုင်ငံတွင် တစ်စုံတစ်ယောက်အား လက်ညှိုးညွှန်ပြခြင်းသည် ယဉ်ကျေးမှုမရှိ များစွာ ရိုင်းစိုင်းသည်ဟု ယူဆသည်။ တစ်စုံတစ်ဦးကို ညွှန်ပြရမည်ဆိုပါက၊ သင်၏မေးစေ့ကို ၎င်းတို့၏ဦးတည်ရာသို့ မြှောက်ထားခြင်းဖြင့် ညွှန်ပြနိုင်ပါသည်။ သက်မဲ့အရာဝတ္ထုများနှင့် တိရစ္ဆာန်များအားညွှန်ပြရာတွင်မူ လက်ချောင်းတစ်ချောင်းတည်းသုံ၍ညွှန်ပြခြင်းမဟုတ်ဘဲ သင့်လက်တစ်ခုလုံးကို သုံ၍ညွှန်ပြခြင်းသည် ပို၍ယဉ်ကျေးမှုရှိသည်။
  7. မိမိ၏ ID ကဒ် သို့မဟုတ် အခြားကဒ်များကို မည်သူ့ကိုမှ မျှဝေခြင်းမပြုရန်။ မိမိကိုယ်တိုင် လုံခြုံစွာသိမ်းဆည်းထားရမည်ဖြစ်သည်။