2024 ခုနှစ်၏ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေအသစ်

2024 ခုနှစ်၏ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေအသစ် 2024 ခုနှစ် စက်တင်ဘာလ 5 ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ယာဉ်စည်းကမ်း ဖောက်ဖျက်မှု၊ အရှိန်လွန်မောင်းတင်မှု၊ အရက်သေစာသောက်စားပြီး မောင်းနှင်မှု၊ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားရန် မေ့လျော့ခြင်း နှင့် အခြား စည်းကမ်းချက်များစွာအတွက် ဒဏ်ကြေးများ တိုးမြှင့်သတ်မှတ်ပေးသည့် ဥပဒေအသစ်အား ၂၀၂၄ ခုနှစ် မြေလမ်းစည်းကမ်းဥပဒေ (ပုဒ်မ ၁၃) ဖြင့် ထုတ်ပြန်ကြေညာထားသည်။ ဥပဒေဖောက်ဖျက်ပါက အောက်ပါအတိုင်း ဒဏ်ကြေးနှုန်းဖြင့် ဒဏ်ကြေးငွေပေးဆောင်ရမည်ဖြစ်သည်။

၁။ တရားဝင်သတ်မှတ်ထားသော အမြန်နှုန်းထက် ကျော်လွန်၍ မောင်းနှင်ခြင်း။

ဥပဒေ ကန့်သတ်ချက်ထက် ကျော်လွန်၊ အရှိန်လွန်၍ မောင်းနှင်ပါက ဒဏ်ကြေးငွေ ဘတ် ၁၀၀၀ မှ အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၄၀၀၀ အထိ ချမှတ်မည်ဖြစ်သည်။

၂။ အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်း။

အရက်သေစာသောက်စား၍ ယာဉ်မောင်းသူ သို့မဟုတ် ကားမောင်းနေစဉ် သွေးထဲတွင် အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်း ၅၀ မီလီဂရမ်ထက် ကျော်လွန်ပါက ဒဏ်ငွေနှင့် ထောင်ဒဏ်ကို အောက်ပါအတိုင်း နှစ်မျိုး ခွဲခြားထားသည်။

  • ပထမအကြိမ်ကျူးလွန်သူ- ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၂၀၀၀၀ ကြား သို့မဟုတ် ထောင်ဒဏ် တစ်နှစ်အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ။
  • အရက်မူးပြီး နှစ်နှစ်အတွင်း တူညီသောအမှားကို ထပ်ခါတလဲလဲ မောင်းနှင်ခြင်း- ဒဏ်ငွေ ဘတ် ၅၀၀၀၀ မှ ၁၀၀၀၀၀ ကြား သို့မဟုတ် ထောင်ဒဏ် ၂ နှစ်အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ။

၃။ လမ်းမှားမောင်းနှင်ခြင်း(သို့မဟုတ်) လမ်းပြောင်းပြန်မောင်းခြင်း။

လမ်းမှား မောင်းနှင်ပါက ယခင် ဒဏ်ငွေ ဘတ် ၅၀၀ မှ ဘတ် ၂၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရမည် ဖြစ်သည်။

၄။ မီးနီဖြတ်မောင်းခြင်း။

လူသိများသော မီးပွိုင့်အချက်ပြမီးနီ နေသည့်အချိန်တွင် ဖြတ်၍မောင်းနှင်ပါက စည်းကမ်းဖောက်ဖျက်သော ယာဉ်မောင်းအား ယခင်ဒဏ်ငွေ ဘတ် ၁၀၀၀ မှ ဘတ် ၄၀၀၀ အထိ ဒဏ်ငွေရိုက်မည်ဖြစ်သည်။

၅။ ယာဥ်မောင်းနေစဉ် ဖုန်းအသုံးပြုခြင်း။

ယာဉ်မောင်းများသည် ကားမောင်းနေစဉ် မိုဘိုင်းလ်ဖုန်းအသုံးပြုပါက ယခင်ဒဏ်ငွေ ဘတ် ၂၀၀၀ မှ ဘတ် ၄၀၀၀ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။ လမ်းပေါ်ရှိ ယာဉ်မောင်းများနှင့် အခြားလမ်းသွားလမ်းလာများ ဘေးကင်းစေရန်အတွက် ယာဉ်မောင်းသည် နားကြပ်များ၊ ကြိုးမဲ့နားကြပ်များ သို့မဟုတ် ဖုန်းများကို ကားရှေ့တွင် ချိတ်တွဲရာတွင် အသုံးပြုကရိယာများစသည့်ဖြင့် မိုဘိုင်းလ်ဖုန်းများကို အသုံးပြုလိုပါက ဆက်စပ်ပစ္စည်းများကို အသုံးပြုသင့်ပါသည်။

၆။ ယာဉ်မောင်းလိုင်စင်မရှိခြင်း သို့မဟုတ် ယာဉ်မောင်းလိုင်စင်သက်တမ်း ကုန်ဆုံးနေခြင်း။

ယာဉ်မောင်းလိုင်စင် မယူဆောင်ခြင်း သို့မဟုတ် ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးခြင်းအတွက် ဒဏ်ငွေကို အမှုနှစ်ရပ် ခွဲထားသည်။

အမှု ၁။ ။ယာဉ်မောင်းလိုင်စင်မဆောင်ထားဘဲ အဖမ်းခံရပါက ယာဉ်မောင်းအား ဒဏ်ငွေ ဘတ် ၁၀၀၀ သို့မဟုတ် ထောင်ဒဏ် တစ်လအထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အမှု ၂။  ။ ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်ဆုံးပါက ရုတ်သိမ်းခြင်း သို့မဟုတ် သိမ်းဆည်းခံရသော်လည်း ယာဉ်မောင်းသည် လမ်းပေါ်တွင် မောင်းနှင်နေဆဲဖြစ်ပါက ယာဉ်မောင်းအား ဘတ်ငွေ ၂၀၀၀ ထက်မပိုသော ဒဏ်ငွေ ချမှတ်မည်ဖြစ်ပါသည်။

၇။ လူကူးမျဉ်းကြားတွင် ကားရပ်ခြင်း။

အကယ်၍ ယာဉ်မောင်းသည် ကားကို လမ်းကူးမျဉ်းကြားတွင် ရပ်တန့်ပါက ယာဉ်မောင်းအား ယခင် ဒဏ်ငွေ ဘတ် ၁,၀၀၀ မှ ဘတ် ၄,၀၀၀ အထိ ဒဏ်ရိုက်မည်ဖြစ်သည်။

၈။ ယာဥ်မောင်းနေစဥ် ဦးထုပ်မဆောင်းခြင်း။

ယာဥ်မောင်းနေစဥ် လုံခြုံရေး ဦးထုပ်မဆောင်းထားသော ယာဉ်မောင်းများနှင့် ခရီးသည်များအား ယခင်ဒဏ်ငွေ ဘတ် ၅၀၀ မှ ဘတ် ၂၀၀၀ အထိ ဒဏ်ရိုက်မည်ဖြစ်သည်။

 

၉။  ထိုင်ခုံခါးပတ်မပတ်ခြင်း။

 

လုံခြုံရေးထိုင်ခုံခါးပတ်မပတ်သော ယာဉ်မောင်းများနှင့် ခရီးသည်များအား ယခင်ဒဏ်ငွေ ဘတ် ၅၀၀ မှ ဘတ် ၂၀၀၀ အထိ ဒဏ်ရိုက်မည်ဖြစ်သည်။

၁၀။ အသက် ၆နှစ်အောက် ကလေးများအတွက် လုံခြုံရေးထိုင်ခုံများ။

ယာဉ်ပေါ်တွင် အသက် ၆နှစ်အောက် ကလေးရှိပါက ကလေးများသည် ကလေးငယ်ဘေးကင်းရေးထိုင်ခုံ သို့မဟုတ် ကားထိုင်ခုံပေါ်တွင် ထိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပဒေအားမလိုက်နာပါက ယာဉ်မောင်းအား ဘတ်ငွေ ၂၀၀၀ အထိ ဒဏ်ရိုက်မည်ဖြစ်သည်။

၁၁။ အများပြည်သူပိုင်လမ်းတွင် ကားပြိုင်မောင်းနှင်ခြင်း။

မော်တော်ကားနှင့် လမ်းအသုံးပြုသူများ အနှောက်အယှက်ဖြစ်စေသော ပြဿနာတစ်ခုဖြစ်သည့် ကားပြိုင်ပွဲများအား အောက်ပါနည်းလမ်းများဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

အောက်ဖော်ပြပါ အပြုအမူများ အပါအဝင် ကား ၅ စီးနှင့်အထက် ပြိုင်ကားစီးရန် စည်းရုံးသိမ်းသွင်းသူများ၊ တရားမ၀င် ပြိုင်ကားများ ပြုပြင်မွမ်းမံခြင်းသည် ပြိုင်ကားများကို ပြိုင်ရန် ကြိုးပမ်းမှုတွင် အပြစ်ရှိကြောင်း သတ်မှတ်ခံရမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ကြိုတင်ရက်ချိန်းလုပ်ခြင်း နှင့် ကားပြိုင်သည့်အပြုအမူများအား သရုပ်ပြခြင်း စသည်တို့ပြုမူသည့် ယာဉ်မောင်းများသည် ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ သို့မဟုတ် ထောင်ဒဏ် ၃ လအထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။

ကားအလှဆင်ရာတွင် ကူညီပေးသည့်ဆိုင်များသည်  ပံ့ပိုးကူညီသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ သို့မဟုတ် ထောင်ဒဏ် ၃ လအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်သည်။

ဖော်ပြပါ လမ်းစည်းကမ်းများအပြင် အမြန်လမ်းများတွင် မော်တော်ဆိုင်ကယ်များ မောင်းနှင်ခြင်း စည်းမျဉ်းစည်းကမ်းများ၊ လေးဘီးယက်များကို တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းဖြင့် ကန့်သတ်ထားပြီး အသက် ၇ နှစ်အောက် ကလေးငယ်များကို ရှေ့ထိုင်ခုံတွင် ထိုင်ခွင့်မပြု စသည်ဥပဒေများရှိပါသည်။

ထို့အပြင် ဘဏ်လျှောက်လွှာများ၊ ATM စက်များနှင့် ကုန်းလမ်းပို့ဆောင်ရေးဌာန၏ကောင်တာများအပါအဝင် ဒဏ်ငွေပေးဆောင်ရန် နည်းလမ်းများစွာလည်းရှိမည်ဖြစ်သည်။

2024 ခုနှစ် ယာဉ်စည်းကမ်းချိုးဖောက်မှုနှုန်း ပြုပြင်ပြောင်းလဲမှုအသစ်၏ ရည်ရွယ်ချက်မှာ လမ်းအသုံးပြုသူအားလုံး ယာဉ်စည်းကမ်းကို လေးနက်စွာလိုက်နာပြီး လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် ရည်ရွယ်ပါသည်။ လမ်းစည်းကမ်း မဖောက်ဖျက်ဘဲ စည်းကမ်းတကျ မောင်းနှင်ခြင်းသည် ဒဏ်ကြေးပေးဆောင်ခြင်းထက် အဆများစွာ ပိုမိုလွယ်ကူသောကြောင့် အသက်နှင့် ဥစ္စာပစ္စည်းများကို လုံခြုံစေရန် ဂရုတစိုက် မောင်းနှင်ရမည် ဖြစ်သည်။

ကိုးကားချက် ။   ။ https://www.komchadluek.net/kom-lifestyle/general-knowledge/590293