လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသူ/သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဝင်ရောက်မှုနှုန်းပိုမိုတိုးတက်လာခဲ့သည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားသည့်နိုင်ငံဖြစ် သောကြောင့် ဒုက္ခသည်များရရှိနိုင်သည့် အခွင့်အရေးများအားတရားဝင်အခြေအနေပေးဆောင်ရန် ဥပဒေများမရှိပါ။

ထို့သို့ဝင်ရောက်လာသူများအနက် မဲဆောက်မြို့အတွင်း တရာဝင်အခြေမနေမရှိဘဲ ဝင်ရောက်လာသူများသည် ကျန်းမာရေးစောင့်ရှောက်သည့် ဝန်ဆောင်မှုများအတွက် M-Fund ကဒ်အားပြုလုပ်ထားနိုင်ပါသည်။ M-Fundကျန်းမာရေးဆေးဝန်ဆောင်မှုသည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် အခကြေးငွေအနည်းငယ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသော အစီအစဉ် ဖြစ်သည်။ M-Fundအသင်း၀င်များသည် အနည်းဆုံး အခြေခံလစဉ်ကြေး တစ်ဦးကို တစ်လလျှင် ဘတ်၁၃၀ (၃.၆ ဒေါ်လာခန့်) ပါ၀င်ထည့်ရုံဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ  M-Fundနှင့် ချိတ်ဆက်ထားသော ဆေးရုံ၊ဆေးခန်း များတွင် အရည်အသွေးပြည့်မှီသော ကျန်းမာရေး၀န်ဆောင်မှုများ ရရှိနိုင်သည်။ M-Fund ရရှိနိုင်သောအကျိုးကျေးဇူးများ၊ ကျန်းမာရေးအခြေအနေအရ လစဥ်ကြေးဝန်ဆောင်ခနှင့် ရပိုင်ခွင့်များမှာ- နေကောင်းကျန်းမာသူများ(၁၃၀ဘတ်)၊ အသက်၁၈နှစ်အောက် ကျောင်းသား/သူများ (၁၀၀ဘတ်)၊ အသက်၅၀အထက်လူကြီးများ (၂၃၀ဘတ်)၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ (၃၃၀ဘတ်)၊ မပြင်းထန်နာတာရှည်ရောဂါသည်များ (၃၃၀)ဘတ် တို့ဖြစ်ပြီး အသင်းဝင်ရက်၃၀ပြည့်သည့်အချိန်မှစ၍ အကျိုးခံစားခွင့်စတင်ရရှိမည်ဖြစ်ပြီး ငွေပမာဏအားဖြင့် ဆေးရုံဆေးခန်းပြသရပါက တစ်နှစ်လျှင် ဘတ် ၅၀၀၀ အတွင်းလူနာအဖြစ်ဆေးရုံတက်ရပါက တစ်နှစ်လျှင် ဘတ်၄သောင်းခွဲအထိ အသုံးပြုနိုင်မည်ဖြစ်သည်။

M-Fund အသင်းဝင်ဖြစ်ပြီး ၁၂လအတွင်းဆေးရုံ၊ဆေးခန်း ပြသခြင်းမရှိခဲ့ပါက ၁လစာအသင်ဝင်ကြေး နှစ်စဥ်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ မြဝတီနှင့် တာ့(ခ်) ခရိုင်းအတွင်းတွင်သာပြုလုပ်သော အန်ဂျီအို ကိုယ်ဝန်ဆောင်အစီစဥ်တွင် ဘတ်၃၀၀၀အား ကိုယ်ဝန်စရှိချိန်မှစ၍ မီးဖွားသည့်အချိန်အထိ လစဥ် အရစ်ကျပေးသွင်းနိုင်ပါသည်။ မည်သည့် ကိုယ်ဝန်ဆောင် အစီအစဥ်မဆို မွေးကင်းစကလေးငယ်များ၏ ဆေးရုံမဆင်းခင် ကျန်းမာရေး ကုန်ကျစားရိတ်အား မိခင်၏ခံစားခွင့် သတ်မှတ်ချက်အောက်တွင် အကျုံးဝင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း M-Fundနှင့် ချိတ်ဆက်ထားသည့် ဆေးရုံ၊ဆေးခန်းများစွာရှိပြီး တာ့ခ်ခရိုင်အတွင်းချိတ်ဆက်ထားသော ဆေးရုံ/ဆေးခန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

တာ့ခ်ခရိုင်

ဆေးရုံ
၁။ မဲဆောက်ဆေးရုံကြီး
၂။ မဲရမတ်ဆေးရုံ
၃။ ပုပ်ဖရဆေးရုံ
၄။ တာ့ဆောင်ယန်း ဆေးရုံ

ပုဂ္ဂလိကဆေးခန်း
၁။ မယ်တော် (ကျောင်းသားဆေးခန်း)၊ မဲဆောက်ခရိုင်
၂။ အက်စ်အမ်အာယူ (SMRU) အန်ဂျီအို ဆေးခန်း၊ မဲဆောက်ခရိုင်
၃။ ရွန်နထရိုင်း ဆေးခန်း၊ မဲဆောက်ခရိုင် (ကုသမှု၏ ၃၀% ကို လူနာမှ ကျခံရမည်)

သတင်းအချက်အလက်ပိုမိုသိလိုပါက ယခုlinkတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

 ( https://my.m-fund.online/aboutus )