အမျိုးသားစီစစ်ရေးယန္တရား သို့မဟုတ် NSM သည် တရားမဝင် နိုင်ငံခြားသားများ (လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အရ) နှင့် ဒုက္ခသည်များ (အကာအကွယ်ပေးထားသော လူများ) တို့အကြား ခွဲခြားရန် ယန္တရားတစ်ခု ဖြစ်သည်။ NSM ၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက်လာသူများနှင့် နေရပ်သို့ မပြန်နိုင်သည့် အကာအကွယ် လိုအပ်နေသူများကို အကာအကွယ်ရရှိစေရန်ဖြစ်သည်။
NSM သို့ လျှောက်ထားနိုင်သူများမှာ ထိုင်းနိုင်ငံသားမဟုတ်သောသူ မူလနိုင်ငံသို့ မပြန်လိုသောသူ ပြည်ထဲရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ယန္တရား သို့မဟုတ် လုပ်ထုံးလုပ်နည်းအရ မည်သည့်အဖွဲ့နှင့်မျှ မသက်ဆိုင်သူဖြစ်ရမည်။ တတိယနိုင်ငံသို့သွားခွင့်ရရှိသူများနှင့် မြန်မာနိုင်ငံ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားဖြစ်ခြင်းမရှိသူဖြစ်ရမည်။
NSM ၏ စံသတ်မှတ်ချက်
NSM လက်အောက်ရှိ “အကာအကွယ်ပေးထားသော ပုဂ္ဂိုလ်” သည် မည်သူနည်း။
- ၎င်းတို့၏နိုင်ငံပြင်ပ သို့မဟုတ် မူလဒေသ၏ပြင်ပတွင် နေထိုင်ခြင်း။
- ထိုင်းနိုင်ငံတွင်းရောက်ရှိနေခြင်း။
- နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် အမိမြေသို့ မပြန်လိုခြင်း သို့မဟုတ် ပြန်ရန်ဆန္ဒမရှိခြင်း။
- ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ရင်ဆိုင်ရမည်ဟု ယုံကြည်ခြင်း။
- လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ နိုင်ငံရေးအကျဥ်သားဟောင်း နှင့် လူမှုရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ခြင်း။
NSM လက်အောက်ရှိ “အကာအကွယ်မပေးထားသော ပုဂ္ဂိုလ်” သည် မည်သူနည်း။
၁။ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ။
၂။ ပြည်ထဲရေးဝန်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့မှ ထုတ်ပြန်သော သီးခြားလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသူများ။
၃။အခြားနိုင်ငံများမှ အကာအကွယ်ရရှိသူများ။
၄။ ငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်သူများ။
NSM လုပ်ငန်းစဉ်၏ အဓိကအဆင့် ၂ ခုရှိသည် ၎င်းတို့မှာ –
(၁) အရည်အချင်းပြည့်မှီမှု လျှောက်လွှာ
- အကာအကွယ်ရရှိရန်အတွက် သတ်မှတ်ထားသော အချက်အလက်များပြည့်မီမှုအား လူဝင်မှုကြီးကြပ်ရေး ဗျူရိုသို့ တင်ပြပြီး လျှောက်လွှာပဏာမစီစစ်ရန်နှင့် အပြန်အလှန်တင်ပြတောင်းဆိုခြင်း။
- တောင်းဆိုချက်သည် အပြုသဘောဆောင်ပါက၊ လျှောက်ထားသူသည် လျှောက်လွှာတင်ရန် အရည်အချင်းပြည့်မီပါသည်။
(၂) ကာကွယ်ခြင်းဆိုင်ရာလျှောက်လွှာ
- NSM အားလျှောက်ထားရန် လျှောက်လွှာအား စီစစ်ရေးကော်မတီထံ တင်ပြရမည်။
- ရုံတင်ခြင်းအောက်တွင်လျှောက်ထားမှုအားစစ်ဆေးနေစဉ်၊ လျှောက်ထားသူတစ်ဦးအဖြစ် တရားဝင် အနေအထားအား ခံယူရမည်ဖြစ်သည်။
- လျှောက်လွှာတွင် သတ်မှတ်ထားသော အချက်အလက် အရည်အချင်းများအားလုံး ပြည့်မှီပါက လျှောက်ထားသူသည် NSM အောက်ရှိ ကာကွယ်မှုအားရရှိမည်ဖြစ်သည်။
- ရည်ရွယ်ချက်- ကာကွယ်မှုအား ဆုံးဖြတ်ရန်နှိပ်စက်ညှဉ်းပန်းခံရသည့် အကြောင်းရင်းကို စစ်ဆေးမည်ဖြစ်ပါသည်။
NSM လုပ်ငန်းစဉ်အား ခြုံငုံသုံးသပ်ပါက လျှောက်ထားလိုသူသည် ပထမဦးစွာ လျှောက်လွှာတင်ရမည်ဖြစ်သည်၊။ ထို့နောက်တွင် ကြိုတင်စစ်ဆေးမှုဆုံးဖြတ်ချက်ကို ရက်ပေါင်း 30 အတွင်း ပြုလုပ်မည်ဖြစ်သည်။ 15ရက်အတွင်းမအောင်မြင်ပါကအယူခံဝင်ပြီး ရက်60 အတွင်းအောင်မြင်ပါကမှတ်ပုံတင်ရမည်။
လျှောက်ထားသူသည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်မီသည်ဟု ဆုံးဖြတ်ပါက NSM ၏ အကာအကွယ်ကို ရရှိမည်ဖြစ်ပြီး
ရရှိနိုင်သောအခွင့်အရေးများမှာ –
- စာရွက်စာတမ်း သို့မဟုတ် ယာယီနေထိုင်ခွင့် တရားဝင်အခြေအနေ ရရှိခြင်း။
- ပြည်နှင်ဒဏ်ပေးခြင်းမှလွတ်ကင်းခြင်း။
- ယာယီ သို့မဟုတ် အထူးနေထိုင်ခွင့်ပြုခြင်း။
- ကလေးများအတွက် ပညာရေးရရှိခြင်း။
- ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများရရှိခြင်း တို့ဖြစ်သည်။
လျှောက်ထားသူသည် သတ်မှတ်ထားသည့် အချက်အလက်များနှင့် မကိုက်ညီပါက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူခံရနိုင်ပါသည်။