နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသားများသည် ကလေးသူငယ်များအပါအဝင် ပြောင်းရွှေ့နေထိုင်မှုများမှာ ယနေ့ထိတိုင် တရားဝင်ဖြင့်သော်လည်းကောင်း/ တရားမဝင်ဖြင့် သော်လည်းကောင်း ပြုလုပ်နေထိုင်နေရပါသည်။ ထိုပြောင်းရွှေ့နေထိုင်သူများတွင် တက္ကသိုလ် ပညာရေး တပိုင်းတစဖြင့် ပြောင်းရွှေ့လာရသော တက္ကသိုလ် ကျောင်းသူ/ကျောင်းသားများလည်း အပါအဝင်ဖြစ်သည်။ လက်ရှိ ပြည်ပရောက် တက္ကသိုလ်ပညာရေးဆက်လက်လေ့လာလိုသော မြန်မာနိုင်ငံသားများအတွက် ပညာရေးထောက်ပံ့မှုပေးနေသောအဖွဲ့အစည်းများ၏ အကြောင်းအား အောက်တွင် အကျဥ်းချုတ်ဖော်ပြသွားမည်ဖြစ်ပါသည်။

1.The United States Agency for International Development’s (USAID)

USAID အဖွဲ့အစည်သည် မြန်မာနိုင်ငံ ကျောင်းသားများနှင့် မစိမ်းသောအဖွဲ့အစည်ဖြစ်ပါသည်။ ယခုအခါ USAIDတွင် Diversity and Inclusion Scholarship အားမြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအတွက်ရည်ရွယ်၍ ပေးအပ်မည့် ပညာတော်သင်ဆု အစီအစဥ်ကို အမေရိကန် ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID မှ မိတ်ဆက်ကြေညာ လိုက်ပြီဖြစ်ပါသည်။ ၅နှစ်တာ စီမံကိန်းအတွင်းတွင် Diversity and Inclusion Scholarship မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု အစီအစဥ်အရ မြန်မာနိုင်ငံက ကျောင်းသား/သူ ၁၀၀၀ ကျော်အနေနဲ့ ပညာတော်သင်ဆု လက်ခံရရှိနိုင်မည်ဖြစ်ပါသည်။ Diversity and Inclusion Scholarship ပညာတော်သင်ဆု ရရှိသော ကျောင်းသူ/သားများသည် ထိုင်းနိုင်ငံနဲ့  အာရှ ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနား တက္ကသိုလ်၏ အွန်လိုင်း စနစ်ဖြင့် ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ DISP ပညာသင်ဆု လျှောက်ထားရန်နောက်ဆုံးရက်မှာ နို၀င်ဘာ 22 ရက်၊ 2024 ခုနှစ်ဖြစ်သည်။ အသေးစိတ်နှင့် လျှောက်လွှာတင်ကြားနိုင်ရန် အောက်ပါ linkတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ https://www.usaiddisp.com

2.Myanmar Youth Empowerment Opportunities (MYEO)

MYEO သည် ကျောင်းသားများအား ကိုယ်ပိုင်အရည်အချင်းများ ပြည့်စုံစေရန်ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်သည်။ MYEO Websiteတွင် အခမဲ့ Online သင်တန်းများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ရရှိနိုင်သော Scholarship programများအား တစ်နေရာတည်းတွင် ရရှိနိုင်မည်ဖြစ်သည်။ Website link : https://mymyeo.com