ကလေးတိုင်းသည် နေရာတိုင်းတွင် လုံခြုံပြီး ထောက်ပံ့မှုဖြင့် ကြီးပြင်းရန် ထိုက်တန်ပါသည်။ထိုင်းနိုင်ငံတွင် ဒုက္ခသည်များမှ မွေးဖွားသော ကလေးများသည် မွေးစာရင်း မှတ်ပုံတင်နိုင်သည်။  2023 ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့အဖြစ် မှတ်ပုံတင်ထားသည့် ကလေးသူငယ်ပေါင်း 171,635 ရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင် 195 နိုင်ငံများသည်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုင်းနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (CRC) ကို လက်မှတ် ရေးထိုးခဲ့သော်လည်း ဒုက္ခသည် ကလေးများ၏ အခွင့်အရေးကို အထူးအာမခံသည့် ပုဒ်မ ၂၂ တွင် ကန့်သက်ချက်များထားရှိခဲ့သည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ပါ ပုဒ်မ ၂၂ ပါ ထိုင်းနိုင်ငံမှ မှာယူထားသည့် ကန့်သတ်ချက်ကို ရုပ်သိမ်းရန် ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းတော်ဝင်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဒုက္ခသည်ကလေးငယ်များအား လက်ခံယုံကြည်ခွင့်တိုးမြှင့်ပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ကုလသမဂ္ဂမှတဆင့် ယခုအပြောင်းအလဲအား တရားဝင်ဖြစ်အောင် ညွှန်ကြားထားခဲ့သည်။ ကန့်သက်ချက်များအား ရုပ်သိမ်းခြင်းဖြင့် ထိုင်းနိုင်ငံသည် အဆိုပါအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် သဘောတူညီခဲ့သည်။ ဤသည်မှာ ထိုင်းနိုင်ငံရှိ ကလေးများအားလုံး၏ အဆင့်အတန်းမခွဲခြားဘဲ ပိုမိုမြင့်မားသော ကာကွယ်ရေးအတွက် လမ်းခင်းရာတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

ကန့်သက်ချက်များမှ ပယ်ဖျက်ကြောင်းတရားဝင်ကြေငြာရာတွင် အစိုးရမှ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ကလေးများအားလုံးအတွက် အခွင့်အရေးများကို လေးစားကာ ကာကွယ်ခြင်းဖြင့် နိုင်ငံတကာစံနှုန်းများနှင့် အပြည့်အဝလိုက်လျောညီထွေဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း လူသိရှင်ကြားဖော်ပြခဲ့သည်။ ဒုက္ခသည်များအပါအဝင် ထိုင်းနိုင်ငံရှိ ကလေးအားလုံးကို ပံ့ပိုးကူညီရန်အတွက် သက်ဆိုင်သူအများအပြားကြားတွင် ပိုမိုထိရောက်သော လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဟုအစိုးရက မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ လူ့အခွင့်အရေးကို အကဲဖြတ်သည့် ယန္တရားဖြစ်သည့် CRC နှင့် အစိုးရ၏ ကတိကဝတ်များကို လေးစားလိုက်နာသည့် ထိုင်းနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကတိကဝတ်၏ ခိုင်မာသော စံနမူနာတစ်ခုအဖြစ် ဤလုပ်ရပ်ကို အလွန်ကြိုဆိုပါသည်။ ၎င်းသည် နိုင်ငံတကာ 2030 စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်းနိုင်ငံ၏ ကတိကဝတ်ပြုမှု အထောက်အထားလည်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်လျှက်ရှိသော ကလေးများအား ပိုမိုအကာအကွယ်ရရှိနိုင်မည့် အခွင့်အရေးလည်းဖြစ်ပါသည်။