ငွေရေးကြေးရေး လိမ်လည်မှုများသည် ယခုကာလမှရှိလာသည်မဟုတ်ဘဲ လူမှုအဖွဲ့အစည်းနှင့် ဒွန့်တွဲလာသည်မှာကြာပြီဖြစ်သည်။ လိမ်လည်နည်းများသည်လည်း ခေတ်ကာလနှင့် အညီပြင်ပြီး အသုံးပြုနေသည့် လိမ်လည်အကွက်များသာဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ သားကောင်တွေဆီမှ ငွေလိမ်လည်ယူရန်ဖြစ်သည်။ ငွေရေးကြေးရေး လိမ်လည်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လိမ်လည်မှုများအား အထူးသတိထားရမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံအတွင်း လိမ်လည်မှုဖြစ်ရပ်များအား ဥပမာအမျိုးမျိုးဖြင့် ဖော်ပြပါမည်။
အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်၏လိမ်လည်မှုများ
အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်များသည် ကံစမ်းခြင်းနှစ်သက်ကြသော လောင်းကစားသမားများကြားတွင် အလွန်ရေပန်းစားသည်။ ယနေ့တွင် လူပေါင်း
4-5 သန်းအထိရှိပြီးအများစုမှာ စလော့နှင့်ခါဘာလာကို ကစားကြပြီး အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်လုပ်ငန်းသည် ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပ တွင်ပါရှိသည်။ ထိုင်းနိုင်ငံအတွင်းမှာမူ ကွန်ဒို၊ အငှားအိမ်များတွင် လုပ်ငန်းလည်ပတ်ကြပြီး တစ်ခါတစ်ရံ လုပ်ငန်းပိုင်ရှင တစ်ဦးမှ ကွန်ဒိုအထပ်များစွာငှားရမ်းပြီး အထပ်တစ်ခုချင်းစီတွင် အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်အမျိုးမျိုး လုပ်ကိုင်ကြသည်။အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်သည် ကာစီနိုနှင့် ဆင်တူဖြစ်ပြီး အွန်လိုင်းလောက တွင်သာ လုပ်ကိုင်ရခြင်းဖြစ်သောကြောင့် လူများပိုမိုလွယ်ကူစွာဝင်ရောက်နိုင်သည်။ လက်ကိုင်ဖုန်းတစ်လုံးရှိရုံဖြင့် လောင်းကစားဝက်ဘ်ဆိုဒ်လင့်ခ်ကိုနှိပ်ကာ ဝင်ရောက် နိုင်သည်။
အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်တွင် ကစားသမားများကို လော့ခ်ချလို့ရသည့်ဖွဲ့စည်းပုံ ရှိပြီး မည်သို့သောလူမျိုးကို လော့ခ်ချမည်ကို အတိအကျရွေးချယ်နိုင်သည်။ ဝက်ဘ်ဆိုဒ်တွင် မည်သူက အခုမှစဝင်ရောက်ကစားသည်ကိုလည်း သိရှိနိုင်သည်။ ဝက်ဘ်ဆိုဒ်၏နည်းစနစ်တွင် ဤကစားသမားအား အနိုင်နှုန်း 80% ရှိကြောင်း ဝက်ဘ်ဆိုဒ်က သတ်မှတ်ပေးနိုင်ပြီး အစပိုင်းတွင် ဤကစားသမားအသစ်အားအကြိမ်များစွာ နိုင်အောင်လုပ်ပေးပြီး လောင်းကြေးခဏခဏထပ်ရန် ဆွဲဆောင်ပါမည်။ ကစားသမား စတင်စွဲလမ်းလာပြီး နောက်ပိုင်းတွင် ဤကစားသမား၏ အနိုင်ရနှုန်းကို လျှော့ချလာပါမည်။ ဥပမာ အနိုင်နှုန်းကို ၂၀% အထိလျော့ချသတ်မှတ်ခြင်း။ထိုအခါတွင် မကြာခဏအနိုင်ရရှိသောကစားသမားသည် ဝက်ဘ်ဆိုဒ်မှ အနိုင်/ အရှုံး သတ်မှတ်နိုင်သည်ကို မသိရှိဘဲ မိမိရှုံးလာသောအခါတွင် အနိုင်ပြန်ရရှိအောင် လောင်းကြေးထပ်ထည့်ပြီး ကစားပါတော့သည်။
တစ်ခါတစ်ရံတွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်ကစားနည်းများကို ကြော်ငြာပြီး ကစားသမားများအား ၄င်းကစားနည်းများဖြင့်ကစားလျှင် အနိုင်ရနိုင်သည်ဟု လိမ်လည်ဖြားယောင်းပါမည်။ အမှန်တကယ်မှာမူ ထိုအွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်ကို ကစားသမားများ ခဏခဏ ဝင်ရောက်အောင် လိမ်လည်သည့် လောင်းကစားဝက်ဘ်ဆိုဒ်များ၏ အစီအစဉ်သာဖြစ်သည်။ ကစားသမားများ၊ အနိုင်ပြန်ရရှိအောင် မျှော်လင့်ချက်ပေးပြီး ကစားနည်းအမျိုးမျိုးကို အသုံးပြုခိုင်းကာ နောက်ဆုံးတွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်ကို ကစားသမားများ လုံးဝအနိုင်မရရှိနိုင်သည့် နည်းလမ်းတစ်ခုသာဖြစ်သည်။
လက်ရှိကာလတွင် လိမ်လည်သူများသည် လောင်းကစားဝက်ဘ်ဆိုဒ်၏လင့်ခ်များကို အစိုးရရုံးအဖွဲ့အစည်းအများအပြား၏ ဝက်ဘ်ဆိုက်တွင်ဝှက်ထားသည်။ ပြည်သူများက အစိုးရရုံးများ၏ ဝက်ဘ်ဆိုဒ်အစစ်ဟု ထင်မှတ်ကာ လောင်းကစားဝက်ဘ်ဆိုဒ်၏ လျှို့ဝှက်လဒ်များကိုနှိပ်ပြီး တရားဝင်သောလောင်းကစားဝက်ဘ်ဆိုဒ်လို့ ယုံမှားနိုင် ကြသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းလင့်ခ်ကို အစိုးရရုံးများ၏ ဝက်ဘ်ဆိုဒ်မှ နှိပ်ဝင် ထားသောကြောင့်ဖြစ်သည်။ ဥပမာ သက္ကရာဇ် ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် အမျိုးသား ဆိုက်ဘာလုံခြုံရေးကော်မရှင်ရုံး (NCSA) မှထုတ်ဖော်ထားသည်မှာ အစိုးရရုံးများ၏ ဝက်ဘ်ဆိုဒ်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်၏လျှို့ဝှက်လင့်ခ်ပေါင်း သန်း၃၀ တွေ့ရှိရပြီး အများစုမှာ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်နှင့် ဒုတိယအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တို့တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်စာမျက်နှာသို့ အော်တိုမတ်တစ်ရောက်ရှိနိုင်သည့် ဘန်နာ (Banner) ဖြင့် လျှို့ဝှက်လင့်ခ်များထည့်ထားကြသည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ဝက်ဆိုဒ်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်၏ လျှို့ဝှက်လင့်ခ်အများဆုံးရှိနေရခြင်းမှာ ၄င်းဝက်ဘ်ဆိုဒ်တွင် ဆေးရုံအများအပြား ရှိနေခြင်းကြောင့်ဖြစ်ပြီး ပြည်သူ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ရုံး (OFDC) ၏ သတ်မှတ်ချက်အရ အစိုးရရုံးများ၊တိုင်းနည်းတူ ဆေးရုံတစ်ခုချင်းစီတွင် ၄င်း၏ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်ရှိကြသည်။ ဆေးရုံအများစုတွင် အထူးသဖြင့် ဆေးရုံအသေးများတွင်ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်နှင့် ကိုယ်ပိုင် server မရှိသောကြောင့် ဝက်ဘ်ဆိုဒ်အပ်နှံသော ဝန်ဆောင်မှုများ သုံးလေ့ရှိကြပြီး လုံခြုံရေးပိုင်းတွင် အပ်ဒိတ်မလုပ်နိုင်ဘဲ အားနည်းချက်နှင့်ကွက်လပ်တစ်ခု အသွင်ဖြစ်လာသည်။
အခြားသောလိမ်လည်မှုပုံစံအမျိုးမျိုး
အကြောင်းအရာအမျိုးမျိုးဖြင့် လိမ်လည်၍ လိမ်လည်သူထံ ပိုက်ဆံလွှဲခိုင်းခြင်း။ ဥပမာ ဆုရသောကံထူးရှင်၊ ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ခြင်း၊ ဟိုတယ် အခန်းအခမဲ့တည်းနိုင်ခြင်း (သို့) အခြားအခွင့်ထူးအမျိုးမျိုးရရှိခြင်းသို့သော် ဝန်ဆောင်မှုကြေးပေးရခြင်း။ အဖွဲ့စည်းအသီးသီးဟု ပြောဆိုခြင်း ဥပမာ ဘဏ်၊ လင့်ခ်အတူပို့ပြီး ကိုယ်ရေးအချက်လက်များခိုးယူခြင်း (သို့) ဘဏ်အကောင့်ခိုးယူခြင်း။
အွန်လိုင်းတွင် ပစ္စည်းလိမ်လည်ရောင်းခြင်း
ပစ္စည်းမရရှိခြင်း (သို့) ပြထားသည့်အတိုင်း မတူညီသောပစ္စည်းရရှိခြင်း
အွန်လိုင်းမှတဆင့် အလုပ်လုပ်ခိုင်းခြင်း
အွန်လိုင်းပေါ်မှတဆင့် တကယ်မရှိသော စီးပွါးရေးအား စိတ်ချယုံရသော app ဥပမာအားဖြင့် Tiltok Facebook Youtube Twitter Lazada မှတဆင့် ကြည့်ရှုသူများပြားလာရန်၊ အော်ဒါများကောက်ခံနိုင်ရန်၊ ပစ္စည်းစတော့များလုပ်နိုင်ရန်တွက် လိုက်ခ် နှိပ်ခိုင်းခြင်း ရှယ်ခိုင်းခြင်းများ တွင် အလုပ်လုပ်ရန်ခေါ် ပြီးနောက် အာမခံအဖြစ်ပေးထားသောငွေများအား လိမ်လည်ခြင်း (သို့) အကျိုးမြတ်မြင့်မားခြင်းနှင့် နစ်နာသူမှယုံကြည်လာသည့်အခါ ရင်းနှီးမြတ်နှံရန် လိမ်လည်ခြင်း။
အွန်လိုင်းမှငွေလိမ်ခြင်း (ချေးငွေအတုအယောင်)
ငွေတကယ်မရပဲ ကိုယ်ရေးအချက်လက်များလိမ်လည်ခြင်း၊ ဝန်ဆောင်မှုအာမခံကြေး၊ နစ်နာသူ၏ ဘဏ်အကောင့်၊ လိမ်လည်သူထံ ပိုက်ဆံထပ်ပို့ရန် လိမ်လည်ပြောဆိုခြင်း
(ကြမ်းတမ်းသောအတိုး)
အာမခံပေးမှုမလိုပဲ ငွေချေးရန် အယုံသွင်းပြီး နစ်နာသူဖုန်းထဲတွင်ရှိသော ရင်းနှီးမှုရှိသောလူပုဂ္ဂိုလ်များ၏ ဖုန်းနံပါတ် အချက်အလက်များရယူထား၍ အကြွေးတောင်းရန် ဖုန်းဆက်ခြင်း၊ အတိုးအများအပြားတောင်းခြင်း၊ အကြွေးဆပ်သလောက်မကုန်ခြင်း။
ကြောက်စိတ်ဝင်လာရန် ခြိမ်းခြောက်ခြင်း (Call Center)
တရားဥပဒေချိုးဖောက်မှုများလုပ်ဆောင်သည် (သို့) ဘဏ်အကောင့်ပိတ်ခံရသည်ဟု ပြောဆိုလာပြီး ရဲ (သို့) အစိုးရဝန်ထမ်းအရာရှိအဖြစ် ဟန်ဆောင်၍တရားဥပဒေအရ ခြိမ်းခြောက်ခြင်း ငွေကြေးခဝါချခြင်း နစ်နာသူအားပိုက်ဆံများ စစ်ဆေးရန်လွှဲခိုင်းခြင်း။
လိမ်လည်၍ပုံစံအမျိုးမျိုးဖြင့်ရင်းနှီးမြှုပ်နှံခိုင်းခြင်း
ငွေကြေးပိုင်းအရ ကျွမ်းကျင်သူအဖြစ်အကြောင်းပြပြီး တကယ်မရှိသော စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခြင်း၊ အကျိုးမြတ်အများအပြားပေးခြင်း၊ ယုံကြည်မှုရရှိရန်နေထိုင်ခြင်း ဥပမာအားဖြင့် ရေနံစီးပွါးရေး၊ လျှပ်စစ်ဓာတ်အား၊ ရွှေ၊ ဒီဂျစ်တယ်ငွေ၊ Forex နိုင်ငံကြားအစုရှယ်ရာများ၊ အွန်လိုင်းဂိမ်းများ အစရှိသည်တို့တွင် ရင်းနှီးမြှုတ်နှံခိုင်းသည်။
ချစ်ကျွမ်းဝင်အောင်လိမ်လည်ပြီး ရင်းနှီမြှုပ်နှံခိုင်းခြင်း
ဒိတ်တင်းအက်ပ်များ(သို့) လိုင်းအက်ပ်အကောင့် (သို့)မှ ဆိုရှယ်မီဒီယာ တစ်ခုခုမှတစ်ဆင့် ကြည့်ကောင်းသောသူ၏ပုံအသုံးပြုပြီး ရင်းနှီးမှုချစ်ကျွမ်းဝင်မှုရရှိအောင် ချဉ်းကပ်လာ၍ ရင်းနှီးမှုလုပ်ဆောင်ပုံများသင်ပေးပြီး ရင်းနှီးမြှုပ်နှံသည့် အက်ပ်အတုများမှတဆင့် ရင်းနှီးမြှုပ်နှံရန် လိမ်လည်ခြင်း ဥပမာအားဖြင့် ရှယ်ယာများရောင်းဝယ်ခြင်း၊ ဒီဂျစ်တယ်ငွေ၊ ရွှေ၊ ငွေကြေးလှဲလည်ခြင်း။
ချစ်ကျွမ်းဝင်အောင်လိမ်လည်ပြီး ငွေလွှဲခိုင်းခြင်း/ပိုက်ဆံချေးခြင်း
လိုင်းအက်ပ်အကောင့်မှတစ်ဆင့် ကြည့်ကောင်းသောသူ၏ပုံအသုံးပြုပြီး ရင်းနှီးမှုရရှိအောင် ချဉ်းကပ်လာ၍ ချစ်ကျွမ်းဝင်အောင်လုပ်ဆောင်ပြီး နိုင်ငံခြားမှ ပိုင်ဆိုင်မှုပစ္စည်းများ၊ ပို့ဆောင်လာမည်ဟု လိမ်လည်ပြောဆိုပြီး နောက်ဆုံးတွင် ဝန်ဆောင်မှု အခကြေးငွေအတွက် ငွေများလိမ်လည်သွားခြင်း(သို့) အဆမတန်ပြန်ပေးမည်ဟု အကြောင်းပြပြီး ပိုက်ဆံလိမ်ချေးခြင်း။ ငွေကြေးလိမ်ချေးခြင်း၊ နစ်နာသူအကောင့်ပိုင်ရှင် အသိမိတ်ဆွေများထံသို့ စာပို့၍ ငွေကြေးလိမ်ချေးခြင်း။
ထိန်းချုပ်စနစ်ဖြင့် လိမ်လည်ခြင်း
အချက်လက်များအားခိုးယူရန် ကွန်ပျူတာအားအဝေးကနေထိန်းချုပ်နိုင်သည့် ပရိုဂရမ်များအား လိမ်လည်၍ ဒေါင်းလော့ခ်လုပ်ခိုင်းခြင်း အရာရှိ(သို့) အစိုးရဝန်ထမ်းအဖြစ် ဟန်ဆောင်၍ အချက်လက်များအားခိုးယူရန် ကွန်ပျူတာအား အဝေးမှထိန်းချုပ်နိုင်သည့် ပရိုဂရမ်များအား လိမ်လည်၍ ဒေါင်းလော့ခ်လုပ်ခိုင်းပြီး ဘဏ်အကောက်ထဲမှပိုက်ဆံများထုတ်ခြင်း။
နိုင်ငံခြားတွင်အလုပ်လုပ်ရန်အကြောင်းပြလိမ်လည်ခြင်း
နိုင်ငံပြင်ပသို့ ခိုးထွက်လာခိုင်း၍ ထိန်းချုပ်ထားကာ တရားမဝင်အလုပ်များအား အတင်းအဓမ္မ ခိုင်းစေခြင်း၊ ကျွန်သကဲ့သို့အသုံးပြု အလုပ်လုပ်ခိုင်းခြင်း။
လိမ်လည်မှုအား သတင်းပေးလိုလျှင် – 1441
လိမ်လည်မှုအားတိုင်ကြားလိုလျှင် – ၀၈၁-၈၈၆-၃၀၀၀
အွန်လိုင်းမှအမှုတိုင်ခြင်း www.thalpoliceonline.com