လမ်းညွှန်ချက်များတွင် ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်များရှာဖွေစဉ်အချိန်အတွင်း နေ ထိုင်မှုအခြေအနေ နှင့် လုံခြုံရေးဆိုင်ရာသတိထားရမည့် အခြေခံသတင်း အချက် အလက်များပါဝင်သည်။



၁။ သင့်၏အခြေအနေအားနားလည် ခြင်း။

ထိုင်းနိုင်ငံသို့ ဖိအားပေး၍ရွှေ့ပြောင်းနေထိုင်ရာတွ င် သင့်အတွက် စိန်ခေါ် မှုများ နှင့် သင်၏လုံခြုံရေး ထိခိုက်မှုများ ဖြစ်စေပါ သည်။ သင့်အခြေအနေကို နားလည်ခြင်း သည် အခြား နိုင်ငံသို့ ခိုလှုံခွင့်ရရန် အရေးပါပြီး မြန်ဆန်သော ပြောင်းလဲမှုများအပေါ်  ပြ င်ဆင်မှုများ အတွက်သင့်အား အထောက်အကူဖြစ်စေပါသည်။ 

တရားဝင်စာရွက်စာတမ်းမရှိဘဲအခြားတိုင်းပြည်တွင်  နေထိုင်ခြင်းသည် အန္တရာယ်ရှိပါ သည်။ ထိုင်း နိုင်ငံသည် တရားမ၀င်ဝင်ရောက်မှုကို တားဆီးရန် အတွက် လူဝင်မှုကြီး ကြ ပ်ရေး အက်ဥပဒေအား ကျယ်ပြန့်စွာ အသုံးပြုထားသောကြော င့် သင့်အနေဖြင့် ဖမ်းဆီး ခံရခြ င်း၊ မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရခြ င်း စသည့်အန္တ ရာယ်များရှိသည်။ သင်၏လုံခြုံရေး ကို ဦးစားပေးပြီး ခရီးသွားလာခြင်းကို ကန့်သတ်ထား ရပါမည်။

၂။ ရွှေ့ပြောင်းနေထိုင်သူများတွင်မွေးရာပါ အခြေခံလူ့အခွင့်အရေးများရှိခြင်း။

လူတိုင်းတွ င် အခြေခံလူ့အခွင့်အရေးများရှိပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများ အောက်တွင်  အကာအကွယ်ပေးထားသည်။ ထိုင်းနိုင်ငံသည် နိုင် ငံတကာ လူ့အခွင့်အရေး ဥပဒေ များစွာ၏ပါတီဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံတကာဒုက္ခသည်ဥပဒေ ၏ ပါတီဝင်မဟုတ်ပါ ။ ထို့ကြောင့် ထိုင်းနို င်ငံတွ င် ခိုလှုံရေး အတွက်ရှာဖွေနေသောသူများ သည် အစိုးရ၏ အကာအကွယ်ပေးရေး ရရှိရန်ခက်ခဲနေဆဲဖြစ်သည်။

သို့သော်လည်း သင်သည်ရာဇ၀တ်မှု၏ သားကောင်ဖြစ်ခြင်း ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှ က်မှု၊ အလွဲသုံးစားပြု မှု၊ သို့မဟုတ် ရိုက်နှက်ခံရမှုစသည့် အကြ မ်းဖက်မှုများ၏ သား ကောင်ဖြစ်လျှင် ထိုင်းနိုင်ငံရာဇ၀တ်ကျင့်ထုံးဥပဒေ သို့မဟုတ် ရာဇဝတ်မှုဆိုင်ရာ ဥပဒေ များအောက်တွ င် အကာအကွယ်ပေးထားသည်။ သင့်အမှုကို ရဲ၊ UNHCR၊ သို့မဟုတ်  သင်ဆက်သွယ်သည့် မည်သည့်အဖွဲ့အစည်းကိုမဆိုသင်တိုင်ကြားနိုင်ပါသည်။

၃။ လုံခြုံရေးအားပထမဆုံးဦးစားပေးခြင်း။

 ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်သဘောတူစာချုပ်ကို လက်မှတ်မထိုးထားရသေး သော ကြောင့်ဒုက္ခသည်များအားတရားဝင်အခြေအနေပေးဆောင်ရန် ဥပဒေများမရှိပါ ။ ထို့ကြောင့် သင့်အနေဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့်နေရပ် ပြန်ပို့ခြင်းစသည့်အန္တ ရာယ်များနှင့် ကြုံတွေ့နိုင်ပါသည်။

ထိုင်းနို င်ငံသည် မဲဆောက်သို့တရားမ၀င်ဝင်ရောက်သူများကိုနှိမ်နင်းရန် လူဝင်မှုကြီးကြ ပ်ရေး အက်ဥပဒေ အားကျင့်သုံးလေ့ ရှိသည်။ လွန်ခဲ့သည့် ၂နှစ်ကျော်ကာလအတွင်း၌ ထိုင်း -မြန်မာနယ်စပ်တွင် လူပေါင်းထောင်ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး ခဲ့ပြီး တစ်ချို့ မှာ လူဝ လူ င်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင်ထိန်းသိမ်းခံခဲ့ရပြီး အများစုမှာပြည်နှင်ဒဏ်ခံခဲ့ရသည်။ သင်သည်နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများ အောက်၌အခြေခံလူ့အခွင့်အရေးအရအကာအကွယ်ရရှိသော်လည်း မဲဆောက်တွင် တရားဝင်အထောက်အထားစာရွက်စာတမ်းမရှိဘဲ နေထိုင်ရခြင်းမှာ စိန်ခေါ် မှုများရှိ နေ ဆဲဖြစ်သည်။

ဖမ်းဆီးခြင်းနှင့် နေရပ်ပြန်ပို့ ခံရခြင်းမှသင့်ကိုယ်သင်ကာကွယ်ရန် နည်းလမ်း(၅)မျိုးမှာ-

(၁) သင့်နေရာမှပြင်ပသို့သွားလာခြင်းကို သတိထားပါ ။ ရဲများသို့မဟုတ်အခြားသော လုံခြုံလုံရေးတပ်ဖွဲ့များသည် နေရာတိုင်းတွင်ရှိနေသည်။ 

(၂) မိမိ၏အသွားအလာအားအခြေခံလိုအပ်ချက်များဖြစ်သောအစားအသောက်၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများရရှိရန်အတွက်သာ ပြင်ပသို့သွားခြင်းဖြင့်ကန့်သတ်ထားပါ ။

 (၃) သင့်အားပံ့ပိုးကူညီမှုပေးသည့် သင့်မိသားစု၊ သူငယ်ချင်း သို့မဟုတ် အဖွဲ့အစည်း တို့အား သင်မည်သည့်နေရာတွင်ရှိကြောင်းအသိပေးပါ ။ 

(၄) သင်၏ ကိုယ်ရေးကိုယ်တာစာရွက်စာတမ်းများ ၊ ID သို့မဟုတ် ပတ်စ်ပို့ များကို သင့်အခြေအနေ၌ပါဝင်မှုမရှိသူများအားပေးခြင်းအားသတိထားပါ ။

 (၅) တရားမဝင်ဖြစ်သောကြောင့်မှောင်ခိုကူးခြင်းကို သတိထားပါ။

၄။ မိမိကိုယ်ကိုပတ်ဝန်းကျင်အသစ်တွင်လှိုက်လျှောညီထွေစွာနေထိုင်ခြင်း ။ 

ထိုင်းနိုင်ငံသို့မဟုတ်အခြားနိုင်ငံများတွင်နေထိုင်ခြင်းသည် ယဉ်ကျေးမှုကွဲပြားမှု နှင့်ဘာ သာစကား အတားအဆီးများကြောင့်စိန် ခေါ် မှုအချို့ ကို ရင်ဆိုင်ရပါလိမ့်မည်။ အခြားနိုင် ငံသို့ ပြောင်းရွှေ့နေချိန်အတွင်း တွ င်း သင့် ကိုယ်သင် အိမ်ရှင်နိုင်ငံ၏ ယဉ်ကျေးမှုကို 

လေ့လာသင်ယူခြင်း သင်၏ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းကိုလျှော့ချပေးစေနို င်သည်။ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် ယဉ်ကျေးမှုများတူ ညီကြသော်လည်း အချို့မတူညီ သော စံနှုန်းများနှင့် ရိုးရာအလေ့ထများရှိနေသည်ကို လေ့လာရန် လိုအပ်ပါသည်။

၅။ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်းနှင့်အခြေခံကိုင်တွယ်ဖြေရှင်းနိုင်မှုစွမ်းရည် 

စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းတို့သည်ရွှေ့ပြောင်းနေထိုင်သူတိုင်းတွင်ဖြစ်ပွား နိုင်လေ့ ရှိ သည်။ ထိုပြဿနာများကိုသင်ကိုယ်တိုင်ဖြေရှင်းရန် သင်ယူခြင်းသည်ထိုထိုသောပြ သနာ များအားလျှော့ချစေရန် အထောက်အကူဖြစ်စေသည်။ စာဖတ်ခြင်း ၊ လမ်းလျှောက်ခြင်း ၊ တရားထိုင်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းစသည့်အခြေခံလှုပ်ရှားမှုအချို့ သည်လည်း စိတ်ဖိစီးမှုအချို့ ကိုပြေလျော့စေပါသည်။