ထိုင်းနိုင်ငံသို့ အသစ်ရောက်ရှိလာသူများအနေဖြင့် ပတ်ဝန်းကျင်အနေအထားနှင့် အခြေအနေများကြောင့် အိမ်ထဲတွင်သာနေထိုင်ကြရသည့်အချိန်တွင် လူတိုင်းအား အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာများအား ထိခိုက်သက်ရောက်မှုရှိသည်။  ထိုထိုသောသက်ရောက်မှုများသည် လူတိုင်၊ အသက်အရွယ်မရွေး၊ ကျား၊မ မရွေး သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သောသက်ရောက်မှုများအား မိမိ၏သား၊ သမီး ကလေးများအပေါ် သက်ရောက်မှုမရှိစေရန်အတွက် လုံခြုံမှုမရှိသော အခြေအနေမျိုးတွင် မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ထိုအခြေအနေအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် မိမိကလေးအား မည်သို့ပြုစုစောင့်ရှောက်ရမည့်နည်းလမ်းများရှာဖွေဖော်ပြထားပါသည်။ 



အရေးပေါ်အခြေအနေတွင် ကလေးသူငယ်များအားစောင့်ရှောက်ခြင်း

 

  • ကလေး များလည်း စိတ်ဖိစီးမှုဖြစ်နိုင်သည်။ ကွဲပြားခြားနားသည့် အပြုအမူများရှိသည်။
  • အပြစ်မပေးပါနှင့်။
  • ကလေးများအား အသိအမှတ်ပြုပေးပြီး အားပေးပါ။
  • ကလေးများ၏ စိတ်ခံစားချက်များကို ဖြေလျော့ဖော်ပြနိုင်ရန်အတွက် ဖွင့်ဟပြောဆိုခိုင်းခြင်း၊ ကစားခြင်း၊ ရုပ်ပုံဆွဲခြင်းတို့ဖြင့် ဆက်သွယ်ခိုင်းပါ၊

“သတိရှိပါ။ စိုးရိမ်ထိတ်လန့်မှု မလွန်ကဲပါနှင့်”

 

  • ကလေးနှင့်အတူအချိန်ပေးခြင်း
  • ကလေးတစ်ယောက်ချင်းစီနှင့်အတူနေရန်အတွက် မိနစ်၂၀လောက်ဖြစ်စေ ထိုထက်ပို၍ဖြစ်စေ သင့်အပေါ်မူတည်ပြီးအချိန်သတ်မှတ်ထားခြင်း
  • မွေးကင်းစကလေးငယ်များနှင့် (သို့) လမ်းလျှောက်တက်ကာစ ကလေးငယ်များလုပ်ဆောင်နိုင်မည့်နယ်လမ်းများ
  • ပုံပြင်ပြောပြခြင်း၊ စာဖတ်ပြခြင်းနှင့် ပုံများအတူတူကြည့်ခြင်း။
  • အိပ်အပြင် (သို့) အိမ်ပတ်ပတ်လည်လမ်းလျှောက်ထွက်ခြင်း။၏
  • ဆယ်ကျော်သက်အရွယ်ကလေးများနှင့် လုပ်ဆောင်နိုင်သောနည်းလမ်းများ
  • ကလေးအကြိုက်အရာများဖြစ်သည့် အားကစား၊ တေးသီချင်း၊ ရုပ်ရှင်၊ မင်းသမီး၊ မင်းသား၊ သူငယ်ချင်းများအကြောင်းပြောဆိုခြင်း။
  • အိမ်အပြင်ဘက်လမ်းလျှောက်ထွက်ခြင်း။
  • ကလေးကြိုက်သော သီချင်းများဖွင့်ပြီးလေ့ကျင့်ခန်းလုပ်ခြင်း။

အခြေအနေအားအမြဲတမ်း အကောင်းဖြစ်အောင်လုပ်ဆောင်ခြင်း။

ကလေးမှ မိမိအား အနှောက်အယှက်ပေးနေချိန်တွင် မိမိအနေဖြင့် အကောင်းဖက်မှတွေးရန် ခက်ခဲပြီး များသောအားဖြင့် ကလေးအား အခုချက်ချင်းရပ် ဆိုသောစကားနှင့် အဆုံးသတ်လေ့ရှိသည်။ သို့သော်ကလေးများအနေဖြင့် အမိန့်ပေးခြင်းထက် ကလေးအားမည်သို့လုပ်ဆောင်စေချင်သည်ကို ရှင်းပြခြင်းအား ပိုမိုနှစ်သက်ကြသည်။ ကလေးမှ မိမိပြောသည့်အတိုင်း လုပ်ဆောင်သည့် အချိန်တိုင်းတွင် ချီးမွမ်းရမည်ဖြစ်သည်။

  • ကလေးမှ လိမ္မာစွာနေထိုင်နေလျှင် ချီးမွမ်း၍ မလိမ္မာသည့် အချိန်တွင်သတိပေးခြင်း။
  • နောက်နောင်များတွင် အစစအရာရာတိုးတက်မှုရှိလာစေရန်အတွက် ဆွေးနွေးဖလှယ်ခြင်း။

 

  • ကလေးဂျီကျသည့်အခါ

ကလေးတိုင်သည် သူတို့ပင်ပန်းသည့်အချိန် ၊ဗိုက်ဆာသည့်အချိန် (သို့) စတင်သင်ယူရသည့် အချိန်မျိုးတွင် ဂျီကျလေ့ရှိကြသည်။

  • ကလေးမှ ဆိုးသောအပြုအမူလုပ်နေချိန် ကောင်းသောအပြုအမူများ ပြန်လုပ်ဆောင်လာရန် စိတ်ဝင်စားစရာကောင်းသောအပြုအမူများ ပြန်လုပ်ဆောင်လာရန် စိတ်ဝင်စားစရာကောင်းသော ကစားနည်းတစ်ခုခုဖြင့် အာရုံပြောင်းပေးခြင်း။
  • အော်ငေါက်ချင်သည့်စိတ်‌ပေါက်နေချိန်တွင် ခေတ္တအနားယူခြင်းဖြင့် မိမိကိုယ်ကို ၁၀စက္ကန့်လောက်အနားပေးပြီးမှ အသက်ဖြေးဖြေးရှူသွင်း၊ ရှုထုတ်ခြင်း ၅ကြိမ်လုပ်ပြီးမှ ကလေးအားပြန်လည်တုန့်ပြန်ပါ။

4 . စိတ်ခံစားချက်အားတည်ငြိမ်အောင်ထားခြင်းနှင့် စိတ်ဖိစီးမှုအားဖြေရှင်းခြင်း။

  • အနားယူပါ။

ကျွန်ုပ်တို့အားလုံး တခါတလေတွင် အနားယူသင့်ပါသည်။ ကလေးအိပ်သည့်အချိန်တွင် သင့်အားပျော်ရွှင်စေပြီး စိတ်အပန်းဖြေစေမည့်အလုပ်များလုပ်ဆောင်ပါ။ သင့်အတွက်ကျန်းမာရေးကောင်းစေပြီး သင်ကြိုက်တက်သောလုပ်ဆောင်ချက်များအား အချိန်ဇယားဖြင့်် ရေးမှတ်ထားပါ။ သင့်တွင်ဤသို့လုပ်ပိုင်ခွင့်ရှိသည်။ 

 

  • ကလေးနှင့်ရင်ဖွင့်ပြောဆိုခြင်း

ကျွန်ုပ်တို့အနေဖြင့် ကလေးနှင့်ရင်ဖွင့်ပြောဆိုသင့်သည်။ တိတ်ဆိတ်ခြင်းနှင့် လျှို့ဝှက်ထားခြင်းသည် သင်၏သားသမီးအား လုံခြုံစွာကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ ရင်ဖွင့်ပြီး ကလေးနှင့် အမှန်တိုင်းပြောဆိုဆွေးနွေးခြင်းသည် ပို၍ အထောက်အကူဖြစ်စေမည်ဖြစ်သည်။ သို့သော်ကလေးအနေဖြင့် မည်မျှ နားလည်သိရှိနိုင်မည်အား

သုံးသပ်ရမည် ဖြစ်သည်။ သင့်ကလေးအား သင်သာအသိဆုံးဖြစ်သည်။

  • ရင်ဖွင့်နားထောင်ခြင်း
  • ကလေးအပေါ်ပွင့်လင်းပါ။
  •  ကလေးအား အားပေးပါ။
  • အကြောင်းအရာအမျိုးမျိုးကို လူတိုင်းကပြောဆိုနေကြတာပါ။
  • သူရဲကောင်းဖြစ်ပါစေ။ သူတစ်ပါးအား အနိုင်ကျင့်သူမဖြစ်ပါစေနှင့်။
  • ကောင်းသောအရာများနှင့် အ‌ဆုံးသတ်ပေးခြင်။