Elite Visa
Elite Visa အမျိုးအစားသည် ပိုက်ဆံများများသုံးနိုင်ပြီးထိုင်းတွင်နေထိုင်လိုသူများ ခေါင်းလုံးဝမကိုက်ချင်သူများအတွက်အသင့်လျော်ဆုံး Visaအမျိုးအစားဖြစ်ပါသည်။
ပျမ်းမျှ ကုန်ကျစရိတ်သည် 5နှစ်တွင်ဘတ်၉သိန်း၊ 10နှစ်တွင်ဘတ်1.5သန်း၊ 15နှစ်တွင်ဘတ်2.5သန်း၊ 20နှစ်တွင်ဘတ်5သန်း အသီးသီးကျသင့်မည်ဖြစ်သည်။
Company Register + Work Permit
ယခု Visa အမျိုးအစားသည် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပြီးဗီဇာနဲ့ work permitထုတ်သည့် နည်းလမ်းဖြစ်ပါသည်။ ကိုယ်ပိုင်companyတွင် မိမိကိုယ့်ကိုယ်အလုပ်ပြန်ခန့်၍ ဗီဇာထုတ်ခြင်းဖြစ်သည်။ ယခုဗီဇာအမျိုးအစားထုတ်ယူလိုလျှင် သတ်မှတ်စည်းမျဉ်းစည်းကမ်းဖြစ်သော (နိုင်ငံခြားသားဝန်ထမ်းတစ်ဦးခန့်တိုင်းထိုင်းဝန်ထမ်းလေးဦးခန့်ခြင်း) များ လိုက်နာရမည်ဖြစ်ပြီးသတ်မှတ်အခွန်ပမာဏအတိုင်းလည်းပြည့်မှီအောင်ပေးဆောင်ရမည်ဖြစ်ပါသည်။
Long Term Investment Visa
ထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံမှု ၁၀သန်းကျော်မှစပြီး (မြန်မာငွေသိန်းတစ်သောင်းကျော်) ရင်းနှီးမြှုပ်နှံသူများအတွက် နှစ်ရှည်ဗီဇာထုတ်ပေးခြင်းမျိုးဖြစ်သည်။ ထိုင်းမှာကွန်ဒိုဝယ်ခြင်း သို့မဟုတ် အစိုးရငွေတိုက်စာချုပ်ဝယ်ခြင်းမျိုးများလည်းအကြုံးဝင်၍ မိမိရင်းနှီးမြှုပ်နှံမှုအားလုံး စုစုပေါင်းဘတ်၁၀သန်းကျော်လျှင် လျှောက်လို့ရသည့် Visa အမျိုးအစားဖြစ်ပါသည်။ (ဥပမာ ဘတ်၅သန်းတန်အခန်း၂ခန်း) ကွန်ဒိုဝယ်ခြင်းမျိုးဆိုလျှင်တော့ developerတိုက်ရိုက်သာ အကြုံးဝင်ပါသည်။
Smart Visa
အဓိကအားဖြင့်ထိုင်းကိုအကျိုးပြုမည့် နည်းပညာသမားများအတွက် ထုတ်ပေးသည့် ဗီဇာအမျိုးအစားဖြစ်ပါသည်။ မိမိ business modelအား ချပြပြီး ထိုင်း ( Board of Investment) BOI ဘက်မှကြိုက်လျှင် ဗီဇာထုတ်ပေးခြင်းမျိုးဖြစ်ပါသည်။ elite visaကဲ့သို့ privilege အများကြီးရနိုင်ပြီး နည်းပညာသမားအတွက် Visa ရရှိရန်ပထမနှစ်တွင်လွယ်ကူနိုင်ပြီး နောက်နှစ်များတွင် companyထောင်၍လုပ်ရတာမျိုးများရှိလာနိုင်ပါသည်။
Language School Program(Non-Ed Visa) (အသက်၁၈-၄၈)
ထိုင်းနိုင်ငံတွင် ကျောင်းတက်သည့် နိုင်ငံခြားသားများအတွက် ထုတ်ပေးသည် ဗီဇာအမျိုးအစားဖြစ်ပါသည်။ ထိုင်းဘာသာစကားသင်တန်းတက်ရောက်လျှင် ရရှိသောဗီဇာအမျိုးအစားဖြစ်ပြီး ဗီဇာလိုချင်သူများရွေးချယ်လေ့ရှိသည့်အမျိုးအစားပဲဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို ဘတ်45000 (မြန်မာငွေ၄၆သိန်းကျော်) ကျရှိတာဖြစ်ပြီးတစ်နှစ်တာကာလသာ ဗီဇာလိုချင်သူများအတွက်အဆင်ပြေပြီး နောက်နှစ်များတွင် Visa ရရှိရန် ခက်ခဲနိုင်ပြီး သုံးလတစ်ကြိမ် immigrationကိုသွားရောက်၍သက်တမ်းတိုးရန်လိုအပ်ပါသည်။ တစ်ပါတ်တစ်ရက် or နှစ်ရက် ကျောင်းတက်ပေးရန်လိုအပ်ပါတယ်။ ကျောင်းအခြေအနေပေါမူတည်၍ arrival visa (e extension)နှင်လျှောက်မရပဲ tourist visaတစ်မျိုးပဲရတာမျိုးရှိနိုင်ပါသည်။
Language University Program (Non-ED visa) (အသက်၁၈-၄၈)
ယခုVisaသည် Language School Visa ကဲ့သို့ Universityများမှ ပေးသည့် Visa ဖြစ်သည်။ နှစ်ရှည်၅နှစ်ထိသက်တမ်းတိုးနေထိုင်နိုင်ပြီး ဗီဇာလည်းသုံးလ တစ်ကြိမ် သတ်တမ်းတိုးရန် မလိုအပ်ပဲ တစ်နှစ်Visaတန်းရနိုင်ပါသည်။ ကုန်ကျစရိတ်သည်၁၅လတွင် ၅၅၀၀၀ဘတ် နီးပါးကျရှိပြီး ကျောင်းကိုတော့online programအနေနဲ့သင်ကြားတက်ရောက်နိုင်ပါသည်။ ထိုင်နိုင်ငံရောက်တာနှင့်လျှောက်လိုလျှင် arrival visa(14ရက်)နှင့်လျှောက်ထားလို့ရပါသည်။
Retirement Visa (အသက်၅၀အထက်)
အသက်၅၀ကျော်နိုင်ငံခြားသားများအတွက်ပင်စင်ဗီဇာအမျိုးအစားဖြစ်ပါသည်။ ပထမနှစ်အတွက်ကုန်ကျစားရိတ်ဘတ်၅သောင်းဝန်းကျင်ရှိပြီးတော့နောက်နှစ်တွေမှာမူပိုမိုနည်းသွားနိုင်ပါသည်။
Pink Card
ရွှေ့ပြောင်းအခြေခံလုပ်သားများအတွက်ထုတ်ပေးတဲ့အထောက်အထားcardဖြစ်ပြီးတော့ အောက်လမ်းကဝင်လာသူများ passportစာအုပ်အလွတ်သမားများ ဗီဇာရက်လွန် သမားများပါလျှောက်ထားနိုင်ပါတယ်။ pink card သည်မိမိလျှောက်လိုသောအချိန်တွင်လျှောက်လို့မရပဲ ထိုင်းနိုင်ငံလွှတ်တော်ကတရားဝင်ဘတ်ဖွင့်ချိန်မှသာလျှောက်ထားနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တစ်နှစ်ဘတ် ၂သောင်းအောက်သာကျနိုင်ပါသည်။
ကျောင်းတက်ဗီဇာ
အထက်တန်းအောင်မြင်ကြောင်းအထောက်အထားရှိသူများအနေဖြင့်တက္ကသိုလ် တက်နိုင်ပါတယ်။ ကလေးငယ်များအနေနဲ့တော့ international school ဒါမှမဟုတ် ထိုင်းစာတဝက် အင်္ဂလိပ်စာတစ်ဝက်သင်ကြားပေးတဲ့ Bilingual School တက်ရောက်နိုင်ပါတယ်။
Guardian Visa
ထိုင်းနိုင်ငံတွင် ၁၈နှစ်အောက်ကလေးကျောင်းထားလိုလျှင် သန်းခေါင်စာရင်းမိတ္တူ မိဘတစ်ဦးအနေဖြင့် ဘဏ်ထဲတွင် ဘတ်၅သိန်းအထက်ရှိကြောင်းပြပြီး Guardian Visa လျှောက်ထားနိုင်ပါတယ်။
Non-B + Work Permit
Visa လျှောက်လိုသူသည် ထိုင်းcompanyအကြီးတွင်အလုပ်ရရှိပါက Non B + work permit Visa အား လျှောက်ထားရရှိနိုင်ပါတယ်။ ယခု Visa ကိုင်ဆောင်ထားသူသည် နိုင်ငံသားအခွင့်အရေးနီးပါ ရရှိပြီး အခွန်မှန်မှန်ပေးဆောင်ပါကသုံးနှစ်ကျော်တွင် PR ပါရရှိနိုင်ပါတယ်။ ထို့ကြောင့်လူအများ လိုချင်ကြသည့်ဗီဇာအမျိုးအစားဖြစ်ပြီး ကုန်ကျစရိတ် အရမ်းများပြီး မသေချာမှုများရှိသောကြောင့် တကယ်အလုပ်မရပါက ယခုVisaအားလုပ်လျှင် အခက်အခဲများဖြစ်လာနိုင်ပါသည်။
Dependent Visa
ကိုယ့်အိမ်ထောင်ဖက်ကခိုင်မာတဲ့ long term visa တစ်ခုခုရထာလျှင် သူ့ကိုမှီခိုသည့် ဗီဇာလျှောက်ထားလို့ရရှိမည်ဖြစ်သည်။ visa အမျိုးအစားပေါ်
မူတည်၍ လိုအပ်တဲ့အခြေအနေအမျိုးမျိုးရှိနိုင်ပါသည်။
Pink Card > CI > Non LA
ထိုင်းအိမ်နီးချင်းနိုင်ငံများမှရွှေ့ပြောင်းအလုပ်သမားများအတွက်သီးသန့်လုပ်ပေးထားသည့် ဗီဇာအမျိုးအစားဖြစ်ပြီး အပေါ်မှ budgetအနည်းဆုံး Pink card နှင့် လုပ်ဆောင်မှုအတူတူပင်ဖြစ်ပါသည်။ pink card တစ်မျိုးတည်းလုပ်ဆောင်ထားသူသည် မိမိမြို့တွင်းတွင်သာနေလို့ရပြီးနေထိုင်ခွင့် အကန့်အသက်ရှိပါသည်။ ပန်းရောင်ကဒ်အား CI နှင့် ချိတ်ဆက်ထားသူသာလျှင် ထိုင်းနိုင်ငံတွင် သွားလာခွင့်နှင့်မြန်မာနဲ့ထိုင်းအား တရားဝင်အသွားအပြန် လုပ်လို့ရပါမည်ဖြစ်သည်။ Passportထဲ Non LA visaရသွားသူသည် မိမိသွားလိုသည့် နေရာ (သို့) နိုင်ငံအား တရားဝင်သွားလာလို့ရရှိမည်ဖြစ်သည်။
ဘတ်ဥပဒပေါ်မူတည်ပြီး passportထဲကိုNon LA visa တန်းရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပဒေအသေးစိတ်တွေကိုတော့ဘတ်ဖွင့်ချိန်မှသာသိနိုင်ပါတယ်။