ထိုင်းရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကဒ်

(ပန်း‌ရောင်ကဒ်နှင့် CI ကဒ်)

ပန်းရောင်ကဒ်သည် ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာတဲ့နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ တရားဝင် ဝင်ရောက်လာတဲ့သူများသည် အချိန်မရွေးလျှောက်လို့ရပြီး ကဒ်သတ်တမ်းသည် ၁၀နှစ်ရှိပါသည်။ တရားမဝင် ဝင်‌ရောက်လာသူများတွင်မူ ထိုင်းအစိုးရမှ တရားဝင် ဖွင့်ပေးတဲ့အချိန်ကာလတွင်သာလုပ်လို့ရမည်ဖြစ်သည်။ ပန်းရောင်ကဒ်သည်  Work Permit ရှိမှလုပ်လို့ရပြီး Work Permit သည်အလုပ်သမားကဒ်ဖြစ်ပါတယ်။ ထိုအလုပ်သမားကဒ်သည်  ၁နှစ် သို့မဟုတ် ၂နှစ်သာ သက်တမ်းရှိပြီး သူဌေးအာမခံပေးရန်လိုအပ်ပါသည်။ ပန်းရောင်ကဒ်သည် ထိုင်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသောသူများ နှင့် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်ဖြစ်အောင်ထိုင်းအစိုးရက ထုတ်ပေးသည့်သက်သေခံ ကဒ်ဖြစ်ပါသည်။

ပန်းရောင်ကဒ်လုပ်လျှင် Thai ID Number, Work Permit, House Registration Book, Marriage Certificate တို့လိုအပ်ပါသည်။ ပန်းရောင်ကဒ်လျှောက်လိုလျှင် (၁) Online မှစာရင်းပေးသွင်း၍ လျှောက်ထားခွင့်ရှိသူများ စာရင်းပြန်ကျလာသည်ကို စောင့်ရပါမည်။ (၂) Work Permit cardကြေးသွင်းရပါမည် ကျန်းမာရေးဆေးစစ်၍ ကျန်းမာရေးအာမခံများ ဝယ်ယူရပါမည်။ (၃) သက်ဆိုင်ရာ Immigration ရုံးများတွင် လက်ဗွေနှိပ်ရမည်ဖြစ်ပါသည်။ ထိုအဆင့်များ ပြီးဆုံးလျှင် Work Permit Cardရရှိပြီး ပန်းရောင်ကဒ်အား ရရှိမည်ဖြစ်သည်။ သွားလာခွင့်သည် ကဒ်ပြားတွင်ပါသည့် နယ်နမိတ်အတွင်းသာ သွားလာခွင့်ရမည်ဖြစ်သည်။ 

Work Permit card သည် ထိုင်းသူဌေးမှ အာမခံပေးထားသည်ကဒ်ဖြစ်သည့်အတွက် အလုပ်လုပ်သည့်နယ်နမိတ်တွင်သာတရားဝင်နေထိုင်ခွင့်ရှိသောကြောင့် Passport ရှိလျှင် Non-LA visaလျှောက်၍ Passport မရှိသူသည် CI လျှောက်ထားရမည်ဖြစ်သည်။ Work Permit card တွင်ပါသည် သက်တမ်းအတိုင်း လဝကရုံးသည် CI သို့မဟုတ် Passport တွင် Visaပြန်ထည့်ပေးမည်ဖြစ်သည်။ CI သို့မဟုတ် Passport ထဲတွင် Visa မထည့်ထားသူသည် work permit cardအား ထပ်မံသက်တမ်းတိုး၍ရမည်မဟုတ်ပါ။ Work Permit သတ်တမ်းကုန်လျှင် တရားမဝင်နေထိုင်သူပြန်လည်ဖြစ်သွားမည်ဖြစ်ပါသည်။ ပန်းရောင်ကဒ်နှင့် Work Permit မရှိသူသည် CI လုပ်၍မရပါ။ CIဆိုသည်မှာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားအား ထိုင်းအစိုးရမှ မြန်မာအစိုးရထံ ပြစ်မှုကင်းရှင်းကြောင်းနှင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြု စစ်ဆေးပြီးသော အထောက်အထားဖြစ်ပါသည်။ CI စာအုပ်ရရှိသူသည် ထိုင်းနိုင်ငံ နေရာအနှံ့ တရာဝင် နေထိုင်သွားလာနိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအားလည်း တရားဝင်ဝင်ထွက် သွားလာ၍ရမည်ဖြစ်သည်။ Passport  ရှိသူသည် CI စာအုပ် လျှောက်ထားရန်မလိုပါ။ Passportကိုင်ဆောင်ထားသူသည် ထိုင်းလ၀ကမှ ခွင့်ပြုပါက မိမိလျှောက်ထားလိုသည့် Visaများလျှောက်ထားနိုင်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံအပြင် မိမိသွားလိုသည့်နိုင်ငံများသို့လည်းသွားလာနိုင်ပါသည်။