ထိုင်းနိုင်ငံ၌ ယာဥ်မောင်းနှင်ရာတွင် လမ်း၏ဘယ်ဘက်ခြမ်းမှာ မောင်းနှင်ရပါမည်။ ထိုင်းနိုင်ငံ၏ လမ်းစည်းကမ်းသည် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများနှင့် ဆင်တူသည်။ ထိုင်းနိုင်ငံတွင် ယာဉ်မောင်းရန် တရားဝင် အသက် ကန့်သတ်ချက်မှာ အသက် ၁၈ နှစ် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ယာဉ်မောင်းလိုင်စင်ရရှိလိုပါက ယာဉ်မောင်းများသည်ယာဉ်မောင်းလိုင်စင်မရရှိမီ ယာဉ်မောင်းကျောင်းတွင် သင်တန်းများ တက်ရောက်ရမည်ဖြစ်သည်။

မြန်နှုန်းကန့်သတ်ချက်များ

မြို့တွင်းလမ်းများတွင် အမြန်နှုန်း ကန့်သတ်ချက်မှာ တစ်နာရီ ကီလိုမီတာ ၅၀ ဖြစ်သည်။ ကျေးလက်လမ်းများအတွက် တစ်နာရီ ကီလိုမီတာ ၉၀ နှုန်း သတ်မှတ်ထားသည်။ မော်တော်ဆိုင်ကယ်အသုံးပြုသူများအတွက်၊ အမြန်နှုန်းကန့်သတ်ချက်မှလွဲ၍ တစ်နာရီလျှင် ကီလိုမီတာ 120 သတ်မှတ်ထားသည်။ လမ်းစည်းကမ်းများသည် အချိန်မရွေး ပြောင်းလဲနိုင်သဖြင့် ထိုင်းနိုင်ငံရှိ လမ်းအမျိုးအစားအမျိုးမျိုးတွင် သတ်မှတ်ထားသည့် အမြန်နှုန်းကန့်သတ်ချက်များအား အချိန်နှင့် တပြေးညီ သိရှိရန် အရေးကြီးပါသည်။ ယာဉ်ကြောထူထပ်ခြင်း၊ မိုးရွာခြင်းနှင့် အခြားအန္တရာယ်များသော လမ်းအခြေအနေများနှင့် ကြုံတွေ့ရသည့်အခါတွင် အဆိုပါအရှိန်အောက်တွင် သွားရန် အကြံပြုထားသည်။

ဤသည်မှာ ယာဥ်စည်းကမ်းဖောက်ဖျက်ပါက ပေးဆောင်ရမည့်အခွန်အခများဖြစ်သည်။

၁။ လိုင်စင်မရှိဘဲ မောင်းနှင်ခြင်း – 200฿(တရားဝင်) / 500฿-1,000฿(ခရီးသွား)

၂။ ကန့်သတ်နယ်မြေများတွင် တရားမဝင် ရပ်တန့်ခြင်း – 300฿

၃။ လမ်းနှင့်မလျော်ညီသောယာဉ်ကြီးများကိုမောင်းနှင်ခြင်း – 400฿

၄။ အရေးပေါ်ယာဥ်အား ဦးစားမပေးခြင်း – 400฿ 

၅။ တံတားပေါ်တွင် ကားရပ်ခြင် – 400฿

၆။ ကားမောင်းနေစဥ် ဆဲလ်ဖုန်းအသုံးပြုခြင်း – 500฿ 

၇။ လိုင်စင်နံပါတ်ပြားမပါခြင်း – 500฿

၈။ လမ်းပေါ်ရှိအသိပေးယာဉ်ထိန်းဆိုင်းဘုတ်စည်းကမ်းများအား လိုက်နာရန် ပျက်ကွက်ခြင်း – 500฿

၉။ လမ်းဘေးပလက်ဖောင်းပေါ်တွင် မောင်းနှင်ခြင်း 500฿ 

၁၀။ ယာဉ်အသွားအလာများ ပိတ်ဆို့စေရန် ရပ်နားခြင်း – 500฿ 

၁၁။ လမ်းပြောင်းပြန်မောင်းနှင်ခြင်း –  500฿

၁၂။ လက်ဝဲဘက်မှ ကျော်တက်ခြင်း – 500฿

၁၃။ အဖြူရောင်မျဉ်းကျော်၍လမ်းကြောင်းပြောင်းခြင်း –  500฿ 

၁၄။  ဓာတ်ငွေ့အလွန်အကျွံထွက်နေသောယာဥ်အားမောင်းနှင်ခြင်း – 1,000฿

၁၅။ ပေါ့ဆစွာ မောင်းနှင်ခြင်း – 2,000฿ 

၁၆။ မဆင်မခြင်မောင်းနှင်ခြင်း – 2,000฿ 

၁၇။ လုံခြူံရေးခါးပတ်မပတ်ဘဲ မောင်းနှင်ခြင်း – 2,000฿

၁၈။ ဦးထုပ်မဆောင်းခြင်း – (တစ်ဦးလျှင်) 2,000฿

၁၉။ အရှိန်မြှင့်စွာမောင်းနှင်ခြင်း – 4,000฿ 

၂၀။ မီးပွိုင့်စည်းကမ်းများအား မလိုက်နာခြင်း – 4,000฿

၂၁။ မီးနီဖြတ်မောင်းခြင်း – 4,000 ฿

၂၂။ လူကူးမြင်းကျားတွင် ရပ်တန့်ရန်ပျက်ကွက်ခြင်း – 4,000฿ 

၂၃။  ကား နှင့် ဆိုင်ကယ်မောင်း ပြိုင်ပွဲများပြုလုပ်ခြင်း၊ ၎င်းတို့၏ယာဉ်များကို တရားမဝင် ပြုပြင်မွမ်းမံခြင်း သို့မဟုတ် တရားမဝင် လှုပ်ရှားမှုများပြုလုပ်ခြင်း – 5,000฿-10,000฿ +(ထောင်ဒဏ်သုံးလအထိ)

၂၄။ အခြားသူများ၏ လုံခြုံရေးကို ဂရုမစိုက်ခြင်း 5,000฿-20,000฿ + (ထောင်ဒဏ်၁နှစ်) 

၂၅။ ပထမအကြိမ် မူးယစ်မောင်းနှင်ခြင်း – 5,000฿-20,000฿ + (ထောင်ဒဏ် ၁နှစ်)

၂၆။ ပထမအခင်းဖြစ်ပွားပြီး နှစ်နှစ်အတွင်း မူးယစ်မောင်းနှင်ခြင်း – 50,000฿-100,000฿ + (ထောင်ဒဏ် ၂နှစ်)။

      Source by-  Phuket-motorbike-rental