ထိုင်းနိုင်ငံရှိကျောင်းပြင်ပရောက် လူကြီး နှင့် လူငယ် များအတွက် ကျောင်းပြင်ပပညာရေး (Non-formal education) အရေးပါသောနေရာမှ အထောက်အကူပြုပေးနေပါသည်။ ကောစောနော ထိုင်းကျောင်းပြင်ပ ပညာရေးစနစ်သည် ပထမစာသင်နှစ်၂နှစ်ပြီးမြောက်ပါက ၆တန်းအောင်မည်ဖြစ်ပြီး စာသင်နှစ် ၄နှစ် ပြီးမြောက်ပါက ၉တန်းအောင်မည်ဖြစ်ပါသည် ၆နှစ်ထိတက်ရောက်ပြီးမြောက်သူသည် ၁၂တန်းအောင်မြင်မည်ဖြစ်ပြီး တက္ကသိုလ်ပညာရေးအားဆက်လက်တက်ရောက်နိုင်ပါသည်။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ကျောင်းပြင်ပ ပညာရေး ကောစောနောအား စိတ်ပါဝင်စားပါက ကျောင်းအပ်ရန်လိုအပ်ချက်များမှာ အောင်ပါအတိုင်းဖြစ်ပါသည်။
ကျောင်းပြင်ပပညာရေးအား လေ့လာရန် လျှောက်ထားသူများအတွက် လိုအပ်သောအရည်အချင်းများ
- ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် အထောက်အထားရှိရမည်ဖြစ်သည်။
- တက်ရောက်လေ့လာလိုသူသည်အသက် 16 နှစ်နှင့်အထက်ဖြစ်ရမည်။
(အသက် 15 နှစ်အောက် မသင်မနေရပညာရေးမပြီးဆုံးသေးသော ကျောင်းသားများသည် NFE တွင် ပညာသင်ကြားနိုင်သော်လည်း ပညာရေးနယ်ပယ်မှ လွှဲပြောင်းပေးစာရှိရမည်ဖြစ်သည်။)
- ထိုင်းအစိုးရကျောင်းစနစ်ရှိ ပညာရေးအဖွဲ့အစည်းတစ်ခုတွင် လက်ရှိပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူမဖြစ်ရပါ သို့မဟုတ် ကျောင်းစနစ်ပြင်ပတွင်ရှိနေသူဖြစ်ရပါမည်။
လျှောက်လွှာတင်ရန်လိုအပ်ချက်များ
- အခြေခံပညာရေးအောင်လက်မှတ် (မူရင်း)/ မိတ္တူ၄စောင်
- လျှောက်ထားသူ၏အိမ်ထောင်စုစားရင်း(မူရင်း)/ မိတ္တူနှစ်စောင်။ အိမ်ထောင်စုစာရင်းမရှိပါက မြိုနယ်အုပ်ချုတ်ရေးမှူးရုံးမှထုတ်ပေးသော ထောလော၃၈အား ထုတ်ယူလာရမည်ဖြစ်သည်။
- လျှောက်ထားသူ၏IDမူရင်း/မိတ္တူနှစ်စောင်။
- 1.5 လက်မ ဓာတ်ပုံ၄ပုံ
- လျှောက်လွှာများကို နှစ်စဉ် ၂ကြိမ် လက်ခံပါသည်။
ပျမ်းမျှအားဖြင့်ပထမကျောင်းအပ်လက်ခံချိန်သည် ဧပြီလ ၁ရက်နေ့မှ ၃၁ရက်နေ့ထိဖြစ်ပြီး ဒုတိယကျောင်းအပ်လက်ခံချိန်သည် အောက်တိုဘာလ ၁ရက်နေ့မှ ၃၁ရက်နေ့အထိဖြစ်သည်။
အသေစိတ်သိရှိလိုပါက ၀၅၅၅၃၄၂၄၇သို့ဆက်သွယ်မေးမြန်နိုင်ပြီး ကျောင်းသို့သွားရောက်စုံစမ်းလိုပါက https://maps.app.goo.gl/fkKX14BezZpsHxPS6?g_st=ic
အထက်ပါလိပ်စာအတိုင်း သွားရောက်စုံစမ်းနိုင်ပါသည်။
Sources: https://samutsakhon.nfe.go.th/recruit
https://www.facebook.com/p/ศกรตำบลแม่สอด-อำเภอแม่สอด-จังหวัดตาก-100067457175984/