ကျား၊မရေးရာအခြေခံအကြမ်းဖက်မှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ ကျား၊မ သို့မဟုတ် အချိုးအစားမမျှမတဖြစ်စေသော ကျား-မ ခွဲခြားမှုအပေါ် သက်ရောက်စေသော အကြမ်းဖက်မှုကြောင့် လူတစ်ဦးအပေါ် ဦးတည်သော အကြမ်းဖက်မှုဖြစ်သည်။ အကြမ်းဖက်မှုသည် အသက်ရှင် ကျန်ရစ်သူများနှင့် ၎င်းတို့၏မိသားစုများအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး မိမိကိုယ်ကိုယ် အန္တရာယ်ပြုခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အဆုံးစီရင်ရန် ကြိုးပမ်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
GBV ဖြစ်နိုင်ခြေအား တိုးစေသည့် အကြောင်းအရင်းများစွာရှိပြီး အမျိုးသမီးများနှင့် မိန်းကလေးများသည် အကျပ်အတည်းများကြား ဖြတ်သန်းနေကြရသည်များလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်ပဋိပက္ခများနှင့် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းစေခြင်းတို့သည်ကို ဖြစ်စေသော အလားတူ အခြေအနေများသည် GBV ကိုလည်း အရှိန်မြှင့်ပေးသောကြောင့် ဖြစ်သည်။အကြမ်းဖက်မှုသည် ရှုပ်ထွေးသောပြဿနာဖြစ်ပြီး ကွဲပြားသော အကြမ်းဖက်မှုအမျိုးအစားများကို ခွဲခြားသတ်မှတ်ခြင်းသည် မည်သည့်အခါမျှ အတိအကျ မဖြစ်နိုင်ပါ။
အကြမ်းဖက်မှုအမျိုးအစားများစွာရှိသည့်အနက် အကြမ်းဖက်မှုပုံစံအချို့အား အောက်တွင်ဖော်ပြထားပါသည်။
၁။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု။
၂။ နောက်ယောင်ခံလိုက်ခြင်း။
၃။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု။
၄။ အတင်းအကြပ်လက်ထပ်ခြင်း။
၅။ မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု။
၆။ အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခြင်း။
၇။ အတင်းအကြပ် ကိုယ်ဝန်ဖျက်ချခြင်း။
၈။ ကိုယ်ထိလက်ရောက်အနှောက်အယှက်ပေးခြင်း။
၉။ ရာဇဝတ်မှု ကျူးလွန်ရန် အကူအညီပေးခြင်း သို့မဟုတ် တွန်းအားပေးခြင်း။
ယင်းတို့ကို အခြေခံအဖြစ် အသုံးပြု၍ အချင်းချင်း ဆက်နွှယ်နေသော အကြမ်းဖက်မှု အမျိုးအစား (၅မျိုး) ခွဲခြားနိုင်သည်-
၁။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
၂။ နှုတ်ဖြင့် အကြမ်းဖက်မှု
၃။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
၄။ လိင်အကြမ်းဖက်မှု
၅။ လူမှုစီးပွားအကြမ်းဖက်မှု။
အိမ်တွင်းအကြမ်းဖက်မှု နှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု နှစ်မျိုးလုံးသည် အထက်ဖော်ပြပါ အကြမ်းဖက်မှု အမျိုးအစား ငါးမျိုးစလုံး ပေါင်းစပ်မှုလည်း ဖြစ်နိုင်သည်။ အိမ်တွင်းအဆင်မပြေ သောဆက်ဆံရေးများတွင် အချို့သော သို့မဟုတ် အများအပြားမှာ အကြမ်းဖက်မှုပုံစံများ တစ်ချိန်တည်းတွင် ရှိနေနိုင်သည်။ အကြမ်းဖက်မှုပုံစံ အားလုံးသည် မိသားစုများနှင့် ရင်းနှီးသောဆက်ဆံရေးများတွင် သို့မဟုတ် မရင်းနှီးသောဆက်ဆံရေး ကျူးလွန်သည့်ပုံစံများ နှစ်ခုလုံးတွင် ဖြစ်ပေါ်နိုင်သည်။
မိမိတွင်လည်းကောင်း မိမိပတ်ဝန်းကျင်တွင်လည်းကောင်း ကျား၊မရေးရာအခြေခံအကြမ်းဖက်ခံရသော အခြေအနေများရှိပါက အောက်ပါအဖွဲ့အစည်းများအား ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
- One Stop Crisis Center (OSCC): 1669
- Social Assistance Center: 1300
- Suwannimit Foundation (SNF): 095-06436226