အသက် 18 နှစ်အောက် မည်သူမဆို ကလေးဟုသတ်မှတ်ပါသည်။ အသက် 18 နှစ်အောက် ကလေးတိုင်းသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းတွင် သတ်မှတ်သည့် အခွင့်အရေးတိုင်းကို ခံစားခွင့်ရှိသည်။ 1992 ခုနှစ် ဖေဖေါ်ဝါရီလ 12 ရက်မှစ၍ ထိုသဘောတူစာချုပ်အား ထိုင်းနိုင်ငံမှ သဘောတူခွင့်ပြုခဲ့သည်။ နိုင်ငံအတွင်းရှိ ကလေးများသည် မည်သူမည်ဝါဖြစ်စေကာမူ ကွန်ဗင်းရှင်းအောက်ရှိ အခွင့်အရေးများအား တန်းတူညီမျှ ခံစားခွင့်ရှိသည်။ 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းတွင် မဏ္ဍိုင်ကြီးလေးရပ်ပါဝင်သည်။

 ၁။ အသက်ရှင်နေထိုင်ခွင့်

၂။အကာအကွယ်ပေးပိုင်ခွင့်

၃။ ဖွံ့ဖြိုးတိုးတက်ခွင့် 

၄။ပါဝင်ခွင့်တို့ဖြစ်သည်။ 



  1. ရှင်သန်ခွင့်

ကလေးများသည်မွေးဖွားပြီးသည့်အချိန်မှစ၍ အသက်ရှင်သန်ပိုင်ခွင့်ရှိတယ်။ မှတ်ပုံတင်ထားသော အမည်နှင့် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ကလေးသူငယ်များသည် မိဘများ၏ ပြုစုစောင့်ရှောက်ခြင်းခံရပြီး မိသားစုနှင့် ကွဲကွာခြင်း မပြုရ၊ အစိုးရသည် အဆိုပါအခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ ရှင်သန်ကြီးထွားရှင်သန်ရန် အခြေခံဝန်ဆောင်မှုများ ပေးဆောင်ရန် လိုအပ်ပါသည်။ ၎င်းတွင် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်အရွယ်အလိုက် သင့်လျော်သော အာဟာရ၊ သန့်ရှင်းသော သောက်သုံးရေနှင့် နေထိုင်ရန် လုံခြုံသောနေရာအပြင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်အခွင့်အလမ်းများကို  လက်လှမ်းမီ နိုင်ခြင်းတို့ ပါဝင်ပါသည်။

  1. ကာကွယ်ပိုင်ခွင့်

ကလေးငယ်များသည် မွေးဖွားပြီး ရှင်သန်ကြီးထွားလာသည်နှင့်အမျှ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ထိခိုက်နစ်နာမှု အမျိုးမျိုးမှ အကာအကွယ်ပေးပိုင်ခွင့်ရှိသည်။ ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတို့မှ အကာအကွယ်ပေးရမည် ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ မိသားစုအတွင်းနှင့် အပြင်ဘက်တွင် ရှိနေနိုင်သည်။ အကာအကွယ်ပေးပိုင်ခွင့်တွင် ကလေးအလုပ်သမားဖြစ်ပေါ်ခြင်းမှ အကာအကွယ်ပေးခံရခြင်း၊ အန္တရာယ်ရှိသော သို့မဟုတ် ၎င်းတို့၏ ပညာရေးကို အဟန့်အတားဖြစ်စေသော အလုပ်များလည်း ပါဝင်သည်။ ကလေးများအား အန္တရာယ်ဖြစ်စေသည့် အရာဖြစ်သော မူးယစ်ဆေးဝါးအန္တာရာယ်မှကာကွယ်ရမယ်ဖြစ်သည်။ နောက်ထပ်အရေးကြီးသည့်အချက်မှာ လူကုန်ကူးမှု၊ လူမှောင်ခိုကူးမှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနှင့် ကလေးများအပေါ် ခေါင်းပုံဖြတ်မှု ပုံစံအားလုံးမှ အကာအကွယ်ပေးခြင်း ဖြစ်သည်။ အစိုးရသည် ကလေးသူငယ်များကို ပြန်လည်ထူထောင်ရေးနှင့် ဂုဏ်သိက္ခာရှိစွာ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရေးများတွင်သေချာစေရန် တာဝန်ရှိပါသည်။

တရားမျှတမှု လုပ်ငန်းစဉ်အရ ကလေးတိုင်းသည် တရားမျှတသော ဆက်ဆံခွင့်ရှိရုံသာမက ကလေးများ၏ လိုအပ်ချက်များကို အထူးဂရုပြုခွင့်ရှိသည် ဟူသော အဓိပ္ပါယ်မှာ ဥပဒေလုပ်ထုံးလုပ်နည်းတိုင်းသည် ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

မိသားစုနှင့် ကွဲကွာနေသော ကလေးများအတွက် ၎င်းတို့၏ တိုင်းရင်းသား နောက်ခံ၊ ဘာသာစကား၊ ဘာသာရေး၊ ယဉ်ကျေးမှုတို့နှင့် စပ်လျဉ်း၍ ကာကွယ်စောင့်ရှောက်မှု ခံယူပိုင်ခွင့်ရှိသည်။ စစ်အတွင်း၌ ကလေးတိုင်းသည် စစ်တိုက်ခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။ ကလေးများသည် ဒုက္ခသည်များဖြစ်သည့်အခါ အထူးအကူအညီရရှိခွင့်နှင့် အကာအကွယ်ရပိုင်ခွင့်များရှိရမည်ဖြစ်သည်။



  1. ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အရေး

ယနေ့ကလေးသည် နောင်ဝယ် လူကြီးဖြစ်မည်ဖြစ်သည်။ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ်ရပိုင်ခွင့်ရှိသောအခွင့်အရေးဖြစ်သည်။ ၎င်းသည် အစောပိုင်းကလေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ခွင့်နှင့် လမ်းညွှန်မှုပေးရန် တာဝန်ရှိသော မိဘများနှင့်အတူ အရင်းမြစ်အမျိုးမျိုးမှ သတင်းအချက်အလက်များ ရယူခွင့်ရှိသည်။ ထို့အပြင် မသန်စွမ်းကလေးများကဲ့သို့သော အထူးလိုအပ်ချက်ရှိသည့် ကလေးများ၏ အခြေအနေအား သိရှိနားလည်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးဆိုင်ရာ တန်းတူအခွင့်အရေးများ ရရှိမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးတွင် ပိုမိုတောက်ပသောအနာဂတ်နှင့် ၎င်းတို့၏အိပ်မက်များအား အကောင်အထည်ဖော်ရန် လမ်းဖွင့်ပေးသည့် အခွင့်အလမ်းများလည်း ပါဝင်ပါသည်။

  1. ပါဝင်ခွင့်

ကလေးများသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်သည်။ ၎င်းတို့သည် အရွယ်အစား သေးငယ်သော်လည်း ၎င်းတို့၏ အတွေးအမြင်များ၊ ထင်မြင်ချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ခွင့် အပြည့်အဝရှိသည်။ ကလေးများသည် ၎င်းတို့၏ အသက်အရွယ် ရင့်ကျက်မှုနှင့်အညီ ၎င်းတို့၏အသံများကို အလေးအနက်ထား ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။

Credit UNICEF Thailand