ဆိုရှယ်မီဒီယာသည် ထုတ်ကုန်များရောင်းချရန်၊ ဖောက်သည်များနှင့် လျင်မြန်စွာ ဆက်သွယ်ရာတွင် အထောက်အကူပေးသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ Facebook, Instagram, Line, YouTube , TikTok စသဖြင့် ဆိုရှယ်မီဒီယာ အများအပြားရှိပြီး မည်သည့်ဆိုရှယ်မီဒီယာပလက်ဖောင်းကို အသုံးပြုမည်ကို ရွေးချယ်ရမည်ဖြစ်သည်။ မိမိရောင်းချလိုသည့် အမျိုးအစားနှင့် ကိုက်ညီသောဖောက်သည်အမျိုးအစားကို ချဥ်းကပ်ရမည်ဖြစ်သည်။
Onlineမှစီးပွားရေးလုပ်ခြင်းသည် မိမိဖောက်သည် အမျိုးအစားအားခွဲခြားနိုင်သည့်အပြင် မည်သူသည်ပုံမှန် ဖောက်သည်၊ အသက်၊ ဝင်ငွေနှင့် စိတ်ဝင်စားမှုအား အများအားဖြင့် ဆိုရှယ်မီဒီယာမှတဆင့် သိရှိနိုင်သည်။ ဖောက်သည်သုံးနေသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းမှ လူဦးရေစာရင်း အချက်အလက်နဲ့ ဖောက်သည်၏နေ့စဉ်လှုပ်ရှားမှု အချက်အလက်များကို စိစစ်သုံးသပ်ရာတွင် အထောက်အကူပေးသည့်အတွက် သင်၏ကုန်ပစ္စည်း တံဆိပ်အတွက် အကောင်းဆုံးပလက်ဖောင်းကို သင်ရွေးချယ်နိုင်သည်။ အွန်လိုင်းစီးပွားရေးတွင် အရေးကြီးဆုံးအချက်ဖြစ်သော ဖောက်သည်နှင့် ထိတွေ့ဆက်ဆံမှုရှိအောင်ကူညီပေးပြီး၊ မိမိထံ ဖောက်သည် အဆက်မပြတ်ထိတွေ့ အမြဲရောက်ရှိနိုင်ရန်နည်းလမ်းမျိုးစုံရှိအောင်ကူညီပေးသည်။ ဥပမာ Postများတွင် Comment ပေးခြင်း၊ စကားဝိုင်းများတွင်ပါဝင်မှုရှိလာခြင်း၊ မိမိပစ္စည်းနှင့် ဆက်စပ်သည့် အကြောင်းအရာဗဟုသုတများမျှဝေခြင်း၊ ပို့စ်တင်ခြင်းနှင့် မေးခွန်းများဖြေကြားခြင်း စသည်ဖြင့် မိမိဖောက်သည်နှင့် ရင်းနှီယုံကြည်မှုရစေရန်လုပ်ဆောင်နိုင်သည်။ မိမိကုန်ပစ္စည်းကြေငြာပို့စ်တင်ရာတွင် (#) ထည့်ပေးခြင်းဖြင့် မိမိကုန်ပစ္စည်းအား ဝယ်ယူသူအများအပြားမြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Google Business Profile လုပ်ဆောင်နည်း
Google Business Profile ၏ထင်ရှားချက်မှာ လူအများက ဆိုင်နှင့် ဝန်ဆောင်မှုများကို Google Map မှ ရှာဖွေရာတွင် အကယ်၍ သင်၏ဆိုင်သည် ဖောက်သည်ရှာနေသည့် နေရာ သို့မဟုတ် နေရာအနီး တဝိုက်တွင် ရှိနေပါက သင်၏ဆိုင်ပေါ်လာပြီး ဖောက်သည်ရောက်ရှိလာနိုင်ပါသည်။
“စတင်အသုံးမပြုခင် Gmail အကောင့်ရှိရပါမည်။ Googleတွင် Business Profile သို့မဟုတ် https://www.google.com/business/ Google Business Profile ကိုရွေးပြီး “စတင်သည် “ ကိုနှိပ်ပါ။ Gmail အကောင့်နှင့်လျှို့ဝှက်နံပါတ်နှင့် လုပ်ငန်းနာမည်ထည့်ပါ။ ထိုင်းနိုင်ငံရွေးပြီး နေရပ်လိပ်စာ၊ လုပ်ငန်း၏ အဓိကဖုန်းနံပါတ် ထည့်ပါ။ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားရွေးပါ။ ဝက်ဘ်ဆိုဒ်ထည့်ပါ အကယ်၍ဝက်ဘ်ဆိုဒ် မရှိပါက Google Site ဟုခေါ်သော အခမဲ့ဝက်ဘ်ဆိုဒ် လိုအပ်ကြောင်း ရွေးချယ်နိုင်ပါသည်။ ၄င်းဝက်ဘ်ဆိုဒ်သည် အလွယ်တကူ အသုံးပြုနိုင်ပြီး ဖောက်သည်ထံ ကုန်ပစ္စည်းများ (သို့)ဝန်ဆောင်မှု ရောက်ရှိ နိုင်/မနိုင် ကြောင်း အချက်အလက်ပေးပါသည်။ “ဆက်လက်လုပ်ဆောင်ရန်” ကိုနှိပ်ပါ။ အချက်အလက်များ မှန်ကန်ပြည့်စုံကြောင်း စစ်ဆေးပြီးနောက် ” ဤလုပ်ငန်းကို စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း” အမှန် အမှတ်အသား ကိုနှိပ်ပြီး “ဆက်လက်လုပ်ဆောင်ရန်” ခလုတ်ကိုနှိပ်ပါ။
“Google Business Profile လျှို့ဝှက်နံပါတ်လက်ခံရန် စာတိုက်မှ စာအိတ် ပို့ရန်” ကို ရွေးပါ။ Google Business Profile ထံမှ လျှို့ဝှက် နံပါတ်ရရှိပြီးလျှင် သင်၏ Google Business Profile တွင်ထည့်ပါ။ ဤအဆင့်ထိ ပြီးမြောက်ပါက သင်ဆိုင်၏အချက်အလက်များသည် Google Business Profile ရောက်ရှိနေပြီ ဖြစ်သည်။
Google Business မှကိုးကားဖော်ပြသည်။