1.ဘာကြောင့် မူးလျှင် ယာဉ်မမောင်းသင့်ပါသလဲ။

အာရုံကြောစနစ်မှာ ပုံမှန်လို အလုပ်မလုပ်တော့ပါ။ မူးယစ်ခြင်း ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည့်အတွက် ယာဉ်မောင်းရာတွင် အာရုံစူးစိုက်မှု လျော့ကျစေသည်။ ရှေ့တွင်ဖြစ်လာမည့်အရာများအား မှန်းဆနိုင်မှုလျော့ကျလာပြီး ယဉ်တိုက်မှုအတွက် တုန့်ပြန်မှု လျော့နည်းလာသည်။ ဦးနှောက်၏ တုန့်ပြန်မှုလျော့နည်းလာသည်။ ကားကိုထိန်းချုပ်နိုင်သည့် စွမ်းရည်လျော့ကျလာသည်။ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာခြင်း၊ အမြင်အာရုံ၊ အကြားအာရုံနှင့် စိတ်ဆုံးဖြတ်နိုင်စွမ်းနှောင့်နှေးလာခြင်းတို့ကြောင့် ကားမောင်းရာတွင် ဟန်ချက်ပျက်လာပြီး ယဉ်တိုက်မှုများဖြစ်စေနိုင်ပါသည်။

 2. အမြင်အာရုံဝေဝါးလာခြင်း။

အရက်အာနိသင်ကြောင့် လမ်းအားကောင်းမွန်စွာမမြင်ရပါ။

အထူးသဖြင့် ညဘက်‌မောင်းလျှင် ယာဉ်တိုက်မှုနှုန်း ပိုမိုဖြစ်စေနိုင်သည်။

  1. အိပ်ငိုက်ခြင်း။

မောပန်းနွမ်းနယ်ခြင်းကြောင့် ကားမောင်းနေချိန်အတွင်း အိပ်ပျော်သွားခြင်းများဖြစ်တတ်သည်။

မူးပြီးမောင်းလျှင် တရားဥပဒေအရ အပြစ်ပေးခံရမည်ဖြစ်သည်။

1.ပထမအကြိမ် အပြစ်ကြူးလွန်ခဲ့ပါက ယဥ်မောင်းလိုင်စင်တွင် 4 မှတ်အနှုတ်ခံရမည်ဖြစ်သည်။

2.အများပြည်သူ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ် 10နှစ် ဒဏ်ငွေ 200,000 ဘတ်၊ ယဉ်မောင်းလိုင်စင် ဖျက်သိမ်းခြင်း။

  1. ပထမအကြိမ် အပြစ်ကြူးလွန်ခြင်း ထောင်ဒဏ် 1 နှစ် (သို့) ဒဏ်ငွေ 5,000 – 2,000 ဘတ်
  1. အပြစ်အား ထပ်မံကြူးလွန်ခြင်း2 နှစ်အတွင်း ထပ်မံမူးမောင်းပါက တရားရုံးမှ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်မှာဖြစ်သည်။

5.ထောင်ဒဏ် 2 နှစ်ထက်မများ ဒဏ်ငွေ 50,000 – 100,000 ဘတ် ယဥ်မောင်းလှိုင်စင်အား 1 နှစ် သိမ်းခံရခြင်း (သို့) ဖျက်သိမ်းခြင်း။

 

စက်တင်ဘာလ 5 ရက်နေ့ 2022 မှစတင်အသက်ဝင်သည့် အသစ်ထွက်ရှိလာသောယဉ်စည်း‌ကမ်းလမ်းစည်းကမ်း အပြစ်ဒဏ်သတ်မှတ်နှုန်း

 

သတ်မှတ်ထားအမြန်နှုန်းထက်ကျော်၍မောင်းနှင်ခြင်း              ဒဏ်ငွေ 4,000 ဘတ်

မီးနီဖြတ်မောင်းခြင်း                                                             ဒဏ်ငွေ 4,000 ဘတ်

လူကူးမြင်းကြားတွင် လမ်းဖြတ်ကူးသူများအတွက်

မရပ်ပေးခြင်း                                                                         ဒဏ်ငွေ 4,000 ဘတ်

လမ်းပြောင်းပြန်မောင်းခြင်း                                                   ဒဏ်ငွေ 2,000 ဘတ်

ယဉ်မရပ်ရသတ်မှတ်ဧရိယာတွင် ယဉ်ရပ်နားခြင်း                 ဒဏ်ငွေ 2,000 ဘတ်

ဆိုင်ကယ်အုပ်ထုပ်မဆောင်ခြင်း                                            ဒဏ်ငွေ 2,000 ဘတ်

safety belt မတပ်ခြင်း                                                          ဒဏ်ငွေ 2,000 ဘတ်

အများသူငှာ၏လုံခြုံရေးအား သတိမမူပဲမောင်းနှင့်ခြင်း        ထောင်ဒဏ် 1 နှစ်ထက်မကျော် ငွေဒဏ် 5,000- 20,000မကျော် (သို့) ထောင်ဒဏ်နှင့်ငွေဒဏ်  နှစ်မျိုးစလုံးချမှတ်ခံရမည်။

မှတ်ချက်  –  ယဉ်မောင်းများနှင့် လမ်းအသုံးပြုသူများ၏ဆုံးရှုံးမှုအပေါ်မူတည်ပြီး အပြစ်ဒဏ်များထပ်တိူးသည်။

 

တရားဥပဒေအတွင်း စက်ဘီးစီးနင်းသူများရဲ့အခွင့်အရေး ဘာတွေရှိလဲ?

 Thailand Cycling Club ၏ “လမ်းပေါ်စက်ဘီးစီးနင်းသူများ၏ အခွင့်အရေး” ဆိုသော သုတေသနအနှစ်ချုပ်အရ အောက်ပါ စက်ဘီးစီးနင်းသူများ၏ အခွင့်အရေး 6 ချက်ကိူအတည်ပြုခဲ့ပါသည်။

 

  1. ယဥ်သွားလမ်းပေါ်ရှိအခွင့်အရေး

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ 2014 ခုနှစ် ပုဒ်မ 4 ဖော်ပြချက်အရ စက်ဘီးစီးနင်းသူများသည် အများသူငှာအတိုင်း လူသားတယောက်အနေဖြင့်  လွတ်လပ်ခွင့်ရှိသည်အလျှောက် အစိုးရအနေဖြင့် စက်ဘီးစီးသူများအား အခြားယာဉ်များနှင့်တန်းတူ ယာဥ်သွားလမ်းအား သွားလာအသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ပေးရန်တာဝန်ရှိပါသည်။

   2. တရားမမှုနှင့် ရာဇဝတ်မှုများတွင် အကာကွယ်ရပိုင်ခွင့်ရှိခြင်း

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ 64 အရ လူတဦး မိမိအနေဖြင့် ဥပဒေအားနားလည်ခြင်းမရှိဟူ၍ အဆင်ခြေပေး၍မရသည့်အတွက် စက်ဘီးစီးနင်းသူများအနေဖြင့် တရားဥပဒေအရ တရားမမှုနှင့် ရာဇဝတ်မှုများတွင် အကာကွယ်ရပိုင်ခွင့်ရှိခြင်း တို့အားလေ့လာရမည်ဖြစ်သည်။

  3. ယာဥ်စည်းကမ်းဥပဒေအရ အခွင့်အရေးများ

ကုန်းလမ်းစည်းကမ်းဥပဒေ သက္ကရာဇ် 2522 ပုဒ်မ 82 ၏သတ်မှတ်ချက်အရ စက်ဘီးစီးနင်းသူများအနေဖြင့် ယဥ်သွားလမ်း၏ ဘယ်ဖက်ကပ်၍ စီးနင်းရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ယဥ်သွားလမ်းများ ဆောက်လုပ်ရာတွင် စက်ဘက်စီးနင်းရန်အတွက်နေရာများ ဆောက်လုပ်ရမည်ဖြစ်သည်။

 4. ဥပဒေအရ ယာဥ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများအား ကာကွယ်ပေးခြင်းအခွင့်အရေး

စက်ဘီးစီးနင်းသူများအနေဖြင့်  ယာဥ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများအား ကာကွယ်ပေးခြင်း ဥပ‌ဒေ သက္ကရာဇ် 2535 အရ 2 ပိုင်းရပိုင်ခွင့်ရှိသည်။

1) လျော်ကြေးငွေ

2) နစ်နာကြေးရန်ပုံငွေ

 5. လူမှုဖူလုံရေးဥပဒေအရ အခွင့်အရေးများ

အကယ်၍ စက်ဘီးစီးနင်းသူမှာ အလုပ်သမားတဦးဖြစ်ပြီး လူမှုဖူလုံရေးလုပ်ထားပါက လူမှုဖူလုံရေး ဥပဒေ သက္ကရာဇ် 2533 အရ အန္တရာယ်နှင့် ကြုံတွေ့ခြင်း(သို့) နာမကျန်းဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေးဆုံးခြင်း စသည့်အခြေနေ 3 မျိုးအရ အကာကွယ်ရပိုင်ခွင့်ရှိသည်။

 

6.အစိုးရကျန်းမာရေးအာမခံစနစ်အတွင်းရှိ အခွင့်အရေး

စက်ဘီးစီးနင်းသူအနေဖြင့် စံနှုန်းပြည့်မှီသော ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအား အခမဲ့ ရယူပိုင်ခွင့်ရှိပြီး ဆေးဝါးကုသမှုခံယူချိန်တွင် ထိခိုက်နစ်နာမှုများရရှိခဲ့ပါက ထောက်ပံ့ငွေရယူပိုင်ခွင့်ရှိသည်။

 

 သားသမီးလုံခြုံရေးအတွက် ဆိုင်ကယ်အုပ်ထုတ်ရွေးပေးခြင်း

ကလေးများအား ဆိုင်ကယ်မမှောင်းမှီ ဆိုင်ကယ်အုပ်ထုတ်ဆောင်းပေးပါ။

ကလေးများအနေဖြင့် “မိမိခန္ဓာကိုယ်ကို လူကြီးတွေလောက် မထိန်းချုပ်နိုင်သည့်အတွက်” မတော်တဆ ဖြစ်နိုင်ချေပိုရှိသည်။

 

ထိုင်းစက်မှုလုပ်ငန်းစံနှုန်းအရ

မေးသိုင်းကြိုး၊ လေဝင်လေထွက်ပေါက်များ၊ အသံနားထောင်ရန်အပေါက်၊ အလင်းဝင်သောလေကာမှန်များပါရှိရမည်။

ကလေးဦးခေါင်းနှင့် အရွယ်စားအတော်အသင့်ရှိရမည်။

ကြပ်ပြီး အထဲတွင် ဖော့များရှိရပြီး ဦးထုတ်မှာ မျက်စိဖမ်းသောအရောင်များဖြစ်ရမည်။

မေးသိုင်းကြိုးအား တင့်သင့်စွာတပ်ဆင်ပေးပါ။

မတော်တဆင်ဖြစ်ချိန်တွင် ကလေး၏ဦးခေါင်းမှ အုပ်ထုတ် ကျွတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။

 

ကလေးအား ဦးထုတ်ဆောင်းခြင်းနှင့် ရင်းနှီးအောင် သင်ထားပေးပါ. 

  1. ကလေးအတွက် အတုယူစရာဖြစ်အောင် ဆိုင်ကယ်အမောင်းမှီအမြဲ ဦးထုတ်ဆောင်းပါ။
  2. ကလေးများအား ငယ်ရွယ်စဉ်ကတည်းက ဦးထုတ်ဆောင်းခြင်းနှင့်ရင်းနီး‌အောင် သင်ထားပေးပါ။
  3. ကလေးအား ဦးထုတ်ဆောင်းခြင်း၏ ကောင်းကြိုးအား သိရှိနားလည်အောင် သင်ကြားပေးပါ။

 သတိထားရသည့်အချက်

6 နှစ်‌အောက်ကလေးငယ်များနေဖြင့် ဆိုင်ကယ်ဖြင့် ခရီးသွားလာခြင်းအားရှောင်ရှားသင့်ပြီး ခရီးသွားလာရပါက မိဘအုပ်ထိန်းသူများ၏ အနီးကပ် စောင့်ရှောက်မှုအောက်တွင် ရှိသင့်ပါသည်။

အရေးပေါ်ဖုန်းခေါ်ဆိုရန်

  • လမ်းပေါ်ယဉ် မတော်တဆဖြစ်ခြင်း 1137
  • အရေးပေါ်ကိစ္စ 191 (ရဲ)
  • အရေးပေါ်မတော်တဆမှု(သို့) 1669 & 1646

အရေးပေါ်ဖျားနာခြင်း