ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသည်မှာ နိုင်ငံအတွင်းတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ မိမိမူလနေထိုင်သောနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဆိုလိုသည်။ ရွှေ့ပြောင်းနေထိုင်ခြင်းတွင် ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ရခြင်း နှင့် စိတ်ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။
ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ခြင်းသည် နိုင်ငံအတွင်းအိုးမဲ့အိမ်မဲ့ဖြစ်နေသောသူများ (မိမိနိုင်ငံ သို့မဟုတ် နေရပ် အတွင်းဖြစ်နေသော ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ရခြင်း၊အသက်
အန္တရာယ်စိုးရိမ်ရခြင်း) တို့အပြင် သဘာဝဘေးအန္တရာယ် နျူကလိယဘေးအန္တရယ် သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် ဆောင်ရွက်သောစီမံကိန်းများကြောင့် ရွှေ့ပြောင်းရခြင်း ကိုဆိုလိုခြင်းဖြစ်သည်။ စိတ်ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းသည် မိမိ၏စိတ်သဘောဆန္ဒအလျှောက် ပြောင်းရွှေ့နေ ထိုင်ခြင်းကို ဆိုလိုသည်။
တရားဝင်ရွှေ့ပြောင်းခြင်းတွင် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခိုင်ခွင့် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ ကာကွယ်စောင့်ရှောက်မှုရခြင်း၊ လူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်မှု များရရှိခြင်း စသည်တို့ရပိုင်ခွင့်ရှိပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် တရားမဝင် ဝင်ရောက်ခြင်း၊ တရားမဝင်နေထိုင်ခြင်း နှင့် တရားမဝင် အလုပ်လုပ်ကိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရပါက အမိမြေသို့ ပြန်လည်ပို့ဆောင်ခြင်းခံရနိုင်ပါသည်။ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးအများစုမှာ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်ခြင်းနည်းလမ်းကိုရွေးချယ်အသုံးပြု၍ အလုပ်လုပ်လိုသော ဆန္ဒရှိကြသည်မှာ ငွေရေးကြေးရေးအခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်သည်။ ပုံမှန်မဟုတ်သောရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုသည်မှာ အန္တရာယ်ရှိသောအရာဖြစ်သကဲ့သို့၊ လူကုန်ကူးမှုနှင့် ဆက်စပ်သက်ဆိုင်သော အခွင့်အရေးချိုးဖောက်ခံရသည့် ပုံစံသို့ဦးတည်သွားနိုင်ပါသည်။ ၎င်းပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာ နေထိုင်ကြသည့် အုပ်စုများထဲတွင် အထူးသဖြင့် အမျိုးသမီးနှင့် ဆယ်ကျော်သက်မိန်းကလေးများသည် အလုပ်သမားအခွင့်အရေး ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းနှင့် လူကုန်ကူးမှုခံရနိုင်သော အန္တရာယ်ကျရောက်နိုင်သည့်ပစ်မှတ်အုပ်စုဖြစ်သည်။
၂၀၁၈ ခုနှစ် မယ်ဆောက်ဆေးရုံကြီး အရေးပေါ်အကူအညီပေးရေးစင်တာမှ ပြုစုထားသောကိန်းဂဏာန်းအရ
- ၉ဝ ရာခိုင်နှုန်းသောအကူအညီလာရောက်တောင်းခံသူများမှာ အမျိုးသမီးများဖြစ်သည်။
- ၅၁ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများ ဖြစ်သည်။
- ၅ ရာခိုင်နှုန်းမှာကလေးအကြမ်းဖက်ခံရသူများ ဖြစ်သည်။
- ၆၄ ရာခိုင်နှုန်းမှာ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။
- ၄၄ ရာခိုင်နှုန်းမှာရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများဖြစ်သည်။
သက်ငယ်မိန်းကလေးနှင့် အမျိုးသမီးအပေါ်အကြမ်း ဖက်မှုပပျောက်စေရန် အသိပညာပေးတွန်းအားပေးလုပ်ဆောင်ခြင်းနှင့် အကြမ်းဖက်ခံရသူများကို ပြန်လည်ပြုစုပျိုးထောင်အကူအညီပေးနေသည့်အဖွဲ့အစည်းများ
တစ်နေရာတည်းတွင်၀န်ဆောင်မှုအပြည့်အဝကူညီပေးနေသော အရေးပေါ်ဖုန်းနံပတ်
၁၃၀၀ (၂၄ နာရီပတ်လုံး)
တာ့(ခ်)ခရိုင် လူမှုကယ်ဆယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေချထားရေးရုံး
(ဖုန်း – ၀၅၅ – ၅၁၁-၄၅၂)
- တိုင်ကြားလာသည့်အမှူများအား ပုလိပ် (ရဲစခန်း) သို့ ချိတ်ဆက်လွှဲပြောင်းမှူလုပ်ဆောင်ပေးခြင်း။
- အကူအညီလိုအပ်နေသူများအတွက် နားခိုရာဂေဟာသို့ဆက်သွယ်အကြောင်းကြားပေးခြင်း။
တာ့(ခ်)ခရိုင် လူမှုကယ်ဆယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေချထားရေးရုံး
(ဖုန်း – ၀၅၅ – ၅၁၁-၄၅၂)
- တိုင်ကြားလာသည့်အမှူများအား ပုလိပ် (ရဲစခန်း) သို့ ချိတ်ဆက်လွှဲပြောင်းမှူလုပ်ဆောင်ပေးခြင်း။
- အကူအညီလိုအပ်နေသူများအတွက် နားခိုရာဂေဟာသို့ဆက်သွယ်အကြောင်းကြားပေးခြင်း။
မယ်ဆောက်ဆေးရုံကြီး အရေးပေါ်အကူအညီပေးရေးစင်တာ
(၀၈၅-၆၄၉-၁၃၁၁ သို့မဟုတ် အရေးပေါ် ဖုန်းနံပတ် ၁၆၆၉)
- ကျန်းမာရေးဆေးစစ်ချက်လုပ်ဆောင်ပေးခြင်း၊
- အမှူကို ပုလိပ် (ရဲစခန်း) သို့တိုင်ကြားပေးခြင်း။
အမျိုးသမီးဖောင်ဒေးရှင်း (၀၈၈-၆၂၇-၇၁၅၁)
- ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို
- အကြံပြုမှလုပ်ဆောင်ပေးခြင်း။
- လူမှုအသိုင်းအ၀န်းထဲရှိ ဘာသာရေးခေါင်းဆောင်များထံသို့
ချိတ်ဆက်ပြီး ပြန်လည်ရင်ကြားစေ့မှု လုပ်ဆောင်ပေးခြင်း။
အမျိုးသမီးလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှူ/အိမ်တွင်းအကြမ်းဖက်မှူကူညီဖြေရှင်းပေးသည့် ကွန်ယက် (၀၉၅- ၆၄၃-၆၂၂၆)
- ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို
အကြံပြုမှလုပ်ဆောင်ပေးခြင်းနှင့် ရှေ့နေ၀န် ဆောင်မှူပေးခြင်း။
- အမှူကို ကြားဝင်စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း။
အလုပ်သမားဥပဒေဆိုင်ရာကူညီဆောင်ရွက်ပေးသည့်ရုံး
(၀၅၅-၅၃၅-၉၉၄)၊
- ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို
အကြံပြုမှုလုပ်ဆောင်ပေးခြင်းနှင့် ရှေ့နေ၀န် ဆောင်မှူပေးခြင်း။