လူကုန်ကူးမှုဆိုသည်မှာလူစုဆောင်းရှာဖွေခြင်းနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း တို့အားရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာ အတင်းအကြပ် စည်းရုံးသိမ်းသွင်းခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် ဖျားယောင်း သွေးဆောင်ခြင်းတို့ဖြစ်သည်။

လူကုန်ကူးခံရသည့် အဓိကကျသောအကြောင်းအရင်း၃မျိုး

  • လိင်ကွဲပြားမှုအပေါ်အခြေခံပြီးလူကုန်ကူးခံရခြင်း
  • အတင်းအကျပ်အလုပ်ခိုင်းစေခံရခြင်း။
  • အကြွေးမဆပ်နိုင်သည့်အပေါ် ကျေးကျွန်အဖြစ် သိမ်းပိုက်ခိုင်းစေခြင်း။

နိုင်ငံတကာ ကိန်းဂဏန်းအချက်အလက်အရ လူကုန်ကူခံရသည့်သူများထဲတွင် ၇၁ ရာခိုင်နှုန်းသောသူများသည် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများဖြစ်ကြသည်။ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများတွင် ၄ဦးအနက် မှ ၃ဦးသည် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး လူကုန်ကူးခံရသူများဖြစ်သည်။၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသောအမှု စုစုပေါင်းမှာ ၂၂၆မှုရှိသည်။၎င်းလူကုန်ကူးခံရသူများထဲတွင် မှန်ချေ ၇၇ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနှင့် ၁၆ရာခိုင်နှုန်းသောသူများသည် အတင်းအကြပ် အလုပ်ခိုင်စေခံရသော အမှုများဖြစ်သည်။

လူကုန်ကူခံရခြင်း၏သွင်ပြင်လက္ခဏာများ

၁။ သင်၏လှုပ်ရှားသွားလာမှုအား ထိန်းချုပ်ခံရခြင်း (လွတ်လပ်စွာ လှုပ်ရှားသွားလာမှုအား တားမြစ်ပိတ်ပင်ခံရခြင်း)

၂။ သင်၏လက်မှတ်၊ ပတ်စပို့ (သို့) စာရွက်စာတမ်းအထောက်အထားများအား အလုပ်ရှင် သို့မဟုတ် ပွဲစားများမှ သိမ်ယူထားခြင်း။

၃။ သင့်တွင်သင်၏နာမည်မဟုတ်သော လက်မှတ်၊ ပတ်ပို့(စ်) သို့မဟုတ် ခရီးသွားစာရွက်စာတမ်းအထောက်အထားများလွဲမှားစွာရှိနေခြင်း။

၄။ လုပ်အားခ အကျိုးခံစားခွင့်မရှိခြင်း။

၅။ ဘေးအန္တရာယ်ကင်းရှင်းခြင်းနှင့် လုံခြုံစိတ်ချမှုမရှိသောနေရာတွင် အလုပ်လုပ်ကိုင်ရခြင်း။

၆။ အလုပ် သို့မဟုတ် မိမိနေထိုင်ရာတည်နေရာ၊ လိပ်စာအားမသိခြင်း။

၇။  လုပ်ငန်းခွင်အတွင်းသတ်မှတ်ထားသောအချိန်ထက် ကြာမြင့်စွာအလုပ်လုပ်ကိုင်ရခြင်း။

၈။ သင့်မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အဆက်အသွယ်ပြုလုပ်မှုကို ကန့်သက်ထားခြင်း။

မိမိကိုယ်တိုင် လူကုန်ကူးမှုခံရသော သားကောင်အဖြစ်မှကင်းဝေးရန် ဘယ်လိုကာကွယ်မလဲ?

  • လုံခြုံသောရွှေ့ပြောင်းသွားမှုနည်းလမ်းများကို ရွေးချယ်အသုံးပြုခြင်း။
  • ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမားမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းအသုံးပြုခြင်း။
  • မိမိကိုလိုအပ်သည်ထက်ပိုမက်လုံးပေးပြီးဆွဲဆောင်နေသော လုပ်ငန်းခွင်အခွင့်အလမ်းအား သတိထားရှောင်ကြဥ်ပါ။
  • မိမိအနေဖြင့် လုပ်ငန်းခွင်အတွင်းသို့ ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ချက်မချမီ အလုပ်ရှင်သူဌေးနှင့် ဌားရမ်းချုပ်ဆိုမည့် စာချုပ်အကြောင်းအရာနှင့် လုပ်ကိုင်ရမည့် လုပ်ငန်းအမျိုးအစားတို့ကို သေချာစွာ‌ လေ့လာဖတ်ရှုရန်။
  • အင်တာနက်မှတဆင့် မိမိကို စေ့စပ်ရန်အတွက် ကမ်းလှမ်းခြင်းနှင့် လက်ထက်ထိမ်မြှားရန် ကမ်းလှမ်းလာသည့်အရာများအား သတိထားရှောင်ကြဥ်ရန်။
  • မိမိ၏နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်တို့အား မိမိနှင့် ကိုယ်နှင့်မကွာတပါတည်းယူဆောင်ထားရန်။
  • မိမိနေထိုင်အလုပ်လုပ်ကိုင်နေသော အိမ်လိပ်စာနှင့် အခြေအနေတို့အား မိမိ၏မိသားစု၊ ဆွေးမျိုး သို့မဟုတ် သူငယ်ချင်းများထံ အဆက်အသွယ်ပုံမှန်လုပ်ဆောင်ရန်။

အကယ်၍ သင့်အနေနှင့် လူကုန်ကူးခံရနိုင်သည့် အခြေအနေသို့ကျရောက်ခြင်း သို့မဟုတ် တစ်စုံတစ်ဦးမှ လူကုန်ကူးခံရနိုင်သောအခြေအနေ၊ အနေအထားတစ်ခုကိုသံသယရှိပါက ကျေးဇူးပြု၍ ယခုပေးထားသောအရေးပေါ်ဖုန်းနံပါတ် 1300 (၂၄ နာရီ) ပတ်လုံး ဖုန်းခေါ်ဆိုနိုင်ပါသည်။

လူမှုကယ်ဆယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ လူမှုအကူအညီပေးရေး စင်တာသို့ ၂၄နာရီပတ်လုံး အရေးပေါ်ဝန်ဆောင်မှုပေးနိုင်သည့် 1300 ဖုန်းနံပါတ်ကို တည်ထောင်ဖွင့်လှစ်ပေးထားပါသည်။ ဝန်ဆောင်မှုပေးနေသောအရာများမှာ တိုင်ကြားလာသည့်အမှုအားလက်ခံခြင်း၊ လူမှုရေးပြဿနာ ကူညီဖြေရှင်းပေးနိုင်ရန် သတင်းအချက်အလက်မျှဝေပေးခြင်း၊  လူမှုရေးပြဿနာများအား လက်ခံကူညီဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများမှာ- အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးငယ်များအကြမ်းဖက်ခံရခြင်း၊ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ က‌လေးသူငယ်များအကြမ်းဖက်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်း တို့ဖြစ်သည်။  ထို့အပြင် ၎င်းလူမှုကူညီရေးစင်တာသည် ဘာသာ၊ လူမျိုးမခွဲခြားဘဲ တရားဝင် လက်မှတ်အထောက်အထား ရှိသူဖြစ်စေ မရှိသူဖြစ်စေ မည်သူ့မဆို အားပေးနှစ်သိမ့် ဆွေးနွေးပေးခြင်းနှင့် အရေးပေါ်နားခိုနိုင်ခြင်းစသောဝန်ဆောင်မှု အကူအညီများပေးလျှက်ရှိပါသည်။