ဒုက္ခသည်ဆိုသည်မှာ စစ်ပွဲ၊ အကြမ်းဖက်ကျူးကျော်မှု၊ သဘာဝဘေးဒဏ်၊ နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် အခြားသောခြိမ်းခြောက်မှု အခြေအနေများကြောင့် မိမိနေရပ်မှဘေးလွတ်ရာသို့ ထွက်ပြေးသွားသူများကိုဆိုလိုခြင်ဖြစ်သည်။ ဒုက္ခသည်ဟုသတ်မှတ်ရာတွင် ၎င်းတို့သည် ပုံမှန်နေထိုင်သည့် နိုင်ငံပြင်ပသို့ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်ရမည်။ အမိမြေသို့ပြန်လျှင် နှိပ်စက်ညှဉ်းပန်းမှုဖြစ်ရမည့်အန္တရာယ် ရှိသူ နေရပ်ပြန်ရန် ထိခိုက်နာကြင်စေသည့် အကြောက်တရား ရှိသူဖြစ်ရမည်ဖြစ်သည်။ မိမိနေရပ်တွင် မည်သည့်နေရာတွင်မှ နေထိုင်ရန် မလုံခြုံသူတစ်ဦး ဖြစ်ရန်လိုအပ်ပါသည်။
၁၉၅၁ ကွန်ဗင်းရှင်း၏ အခြေခံအုတ်မြစ်သည် အပိုဒ်၃၃တွင်ပါရှိသော မကျေနပ်မှုဆိုင်ရာ နိယာမဖြစ်သည်။ ဤမူအရ၊ ဒုက္ခသည်တစ်ဦးသည် ၎င်းတို့၏ဘဝ သို့မဟုတ် လွတ်လပ်မှုကို ပြင်းထန်သောခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသည့်အမိနိုင်ငံသို့ ပြန်လည်မပို့ဆောင်သင့်ပါ။
၁၉၅၁ ကွန်ဗင်းရှင်းတွင် အခြားအခွင့်အရေးများလည်းပါဝင်သည်။
- အချို့သော၊ တင်းကြပ်စွာသတ်မှတ်ထားသောအခြေအနေများမှလွဲ၍ အမိမြေသို့ပြန်မပို့ရအခွင့်အရေး (ပုဒ်မ ၃၂)၊
- နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်မှုကြောင့် အပြစ်ပေးခံရခြင်းမပြုရ အခွင့်အရေး (ပုဒ်မ ၃၁)၊
- ခွဲခြားဆက်ဆံခြင်းမရှိသောအခွင့်အရေး (ပုဒ်မ ၃ နှင့် ၅)၊
- အလုပ်လုပ်ပိုင်ခွင့် (ပုဒ်မ ၁၇ မှ ၁၉ နှင့် ၂၄)၊
- ဉာဏပစ္စည်း အပါအဝင် အိမ်ရာ၊ မြေနှင့် ပိုင်ဆိုင်မှု ရပိုင်ခွင့် (ပုဒ်မ ၁၃၊ ၁၄ နှင့် ၂၁)၊
- ပညာသင်ကြားခွင့် (ပုဒ်မ ၂၂)၊
- လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် (အပိုဒ် ၄)၊
- မျှတသော တရားစီရင်းရေးအားရရှိပိုင်ခွင့် (ပုဒ်မ ၁၆)၊
- နယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့် (ပုဒ်မ ၂၆ နှင့် အပိုဒ် ၃၁ (၂))၊
- နိုင်ငံသား၊ အထောက်အထားနှင့် ခရီးသွားစာရွက်စာတမ်းများ ရယူပိုင်ခွင့် (ပုဒ်မ ၁၂၊ ၂၇ နှင့် ၂၈)၊
- လူမှုကာကွယ်စောင့်ရှောက်ပိုင်ခွင့် (ပုဒ်မ ၂၃ နှင့် ၂၄ (၂-၄)) တို့ဖြစ်သည်။
ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်မထိုးရသေးသောကြောင့် ဒုက္ခသည်များကို တရားဝင် အခွင့်အရေးပေးဆောင်ရန် ဥပဒေများ မရှိသေးပါ။ ဆိုလိုသည်မှာ၊ မြို့ပြဒေသများတွင် နေထိုင်လျှက်ရှိသော ထောင်နှင့်ချီသော ဒုက္ခသည်များသည် အထောက်အထားမဲ့ ဖြစ်နေသည်။ ထို့ကြောင့် အထောက်အထားမဲ့သူများအား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် နေရပ်ပြန်ပို့ခြင်းစသော အန္တရာယ်များ အမြဲတစေကျရောက်စေနိုင်ပါသည်။ ထိုင်းနိုင်ငံသည် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းအား လက်မှတ်ရေးမထိုးရသေးသော်လည်း လွန်ခဲ့သော ဆယ်စုနှစ် ၃ခုအတွင်း ဒုက္ခသည် ၃သန်းနီးပါး လက်ခံထားခဲ့သည်။ ၁၉၇၅ ခုနှစ်မှစ၍ လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ခိုလှုံခွင့်တောင်းခံသူ အများအပြားရှိလာခဲ့သည်။