ရာဇဝတ်ကျင့်ထုံးဥပဒေတွင် အပိုင်း၃ပိုင်းခွဲထားသည်။
၁။ အထွေထွေပြဌာန်းချက်များ
၂။ အပြစ်
၃။ ရာဇဝတ်မှု
ပြစ်မှုအမျိုးအစားများ
၁။ အများသူဌာ အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။
၂။ စာရွက်စာတမ်းနှင့်ပတ်သက်သောပြစ်မှုများ။
၃။ အိလက်ထရောနစ်ပြစ်မှုများ။
၄။ နိုင်ငံကူလက်မှတ်နှင့်ပတ်သက်သော ပြစ်မှုများ။
၅။ လိင်ပိုင်းဆိုင်ရာပြစ်မှုများ။
၆။ အသက်အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။
၇။ ကိုယ်ခန္ဓာထိခိုက် အန္တာရယ်ဖြစ်စေသော ပြစ်မှုများ။
၈။ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအားစွန့်ပြစ်ခြင်း ပြစ်မှုများ။
၉။ လွတ်လပ်မှုကို ဆန့်ကျင်သောပြစ်မှုများ။
၁၀။ခိုးမှုနှင့် အလွဲသုံးစားမှုပြစ်မှုများ။
၁၁။ ငွေညှစ်ခြင်း နှင့် လုယက်မှုများ။
၁၂။ လိမ်လည်မှုများ။
၁၃။ အလွဲသုံးစားပြုမှုများ။
၁၄။ ခိုးယူလာသောပစ္စည်းများအား လက်ခံထားသောပြစ်မှု။
၁၅။ ပစ္စည်းဥစ္စာဆုံးရှုံးစေခြင်းပြစ်မှုများ။
ပုဒ်မ ၁၈ မှ ပုဒ်မ ၃၈ အရ ရာဇဝတ်မှုများ ကျူးလွန်ပါက ပြစ်ဒဏ်(၅) ခုရှိသည်။
၁။ သေဒဏ် (ဆေးထိုးခြင်း သို့မဟုတ် အဆိပ်ဖြင့်သေစေခြင်း)
၂။ ထောင်ဒဏ် ( သေဒဏ် သို့မဟုတ် တစ်သတ်တကျွန်းကျခံရမည်
အပြစ်ကျူးလွန်သူသည် အသက်၁၈နှစ် အောက်ဖြစ်ပါက ထိုအပြစ်ဒဏ်များအစား ထောင်ဒဏ် အနှစ်၅၀ထိ ချမှတ်ရမည်)
၃။ အချုပ် သို့မဟုတ် တရားရုံးတွင် ထိန်းသိမ်းခြင်း။
၄။ ငွေဒဏ်။
၅။ ပိုင်ဆိုင်မှု သိမ်းခြင်း။
ပြစ်မှုများအား ရည်ရွယ်ချက်ဖြင့် လုပ်သည်ဖြစ်စေ ရည်ရွယ်ချက်မရှိဘဲ လုပ်သည်ဖြစ်စေ တရားရုံးမှ ချမှတ်ထားသော ပြစ်မှုအားခံယူရမည်ဖြစ်သည်။ပုဒ်မ ၉၂ အရ တရားပြိုင် သို့မဟုတ် တရားခံအား ဖမ်းဆီးလိုပါက ဖမ်းလိုသည့် အရာရှိသည် တရားရုံးမှ ထုတ်ပေးသော ဖမ်းဝရမ်းရှိရန်လိုအပ်ပါသည်။ (၁) အရေးပေါ်အခြေအနေ (၂) တရားခံထွက်ပြေးသည့်အခြေအနေ (၃) တရားခံသည် မိမိအပြစ်အား လာဝန်ခံသော အခြေမျိုးတွင်မူ ဖမ်းဝရမ်းရှိရန် မလိုအပ်ပါ။ သက်ဆိုင်ရာရဲအရာရှိသည် တရားခံအားဖမ်းလာပြီး ၄၈နာရီအတွင်း တရားစွဲရန်လိုအပ်ပါသည်။ ပုဒ်မ ၁၃၇ အရ ရဲတပ်ဖွဲ့အား မဟုတ်မမှန်တိုင်ကြားပါက တိုင်ကြားသူအား ထောင်ဒဏ်၆လနှင့် ဒဏ်ငွေ ၁သောင်း ပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်ပါသည်။
တရားခံသည် တရားစွဲဆိုခံရချိန်မှစ၍ အောက်ပါအခွင့်အရေးများရှိသည်။
၁။ ရှေ့နေနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံတိုင်ပင်ခွင့်ရှိသည်။
၂။ စုံစမ်းစစ်ဆေးနေစဥ်အတွင်း စစ်ဆေးမေးမြန်းမှုအားနားထောင်ရန် ယုံကြည်ရသောရှေ့နေ သို့မဟုတ် ယုံကြည်ရသူတစ်ဦးအားခေါ်ပိုင်ခွင့်ရှိသည်။
၃။ ကျူးလွန်သူသည် မိသားစုနှင့်တွေ့ပိုင်ခွင့်ရှိသည်။
၄။ ကျန်းမာရေးမကောင်းပါက ဆေးကုသပိုင်ခွင့်ရှိသည်။
၅။ ကျူးလွန်သူသည် အသက်၁၈နှစ်အောက် ရှေ့နေမရှိသူဖြစ်ပါက နိုင်ငံတော်က ရှေ့နေရှာပေးရမည်ဖြစ်သည်။
၆။ မျှတသော တရားစီရင်မှုအားရပိုင်ခွင့်ရှိသည်။
၇။ ကျူးလွန်သူသည် စုံစမ်းစစ်ဆေးနေစဥ်အတွင်း တရားရုံးမှစာရွက်စာတမ်းများအားစစ်ဆေးပိုင်ခွင့်ရှိသည်။ ကျူလွန်သူတွင် ရှေ့နေရှိပါက ရှေ့နေသည် အထက်ဖော်ပြပါတရားခံနှင့် တူညီသောအခွင့်အရေးရှိစေရမည်ဖြစ်သည်။