ညှင်းပန်းနှိပ်စက်မှု နှင့် အဓမ္မပျောက်ဆုံးစေမှုများ တားဆီးနှိမ်နှင်းရေး အက်ဥပဒေ B.E ၂၅၆၅

ပုဒ်မ(၃) – ဤဥပဒေတွင်ပါဝင်သော

ခံရသူ (Victim)” ဆိုသည်မှာ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အသက်၊ ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရသူများ၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်းခံရသော မိသားစုဝင်များ၊ ဆွေမျိုးမွေးချင်းများ၊ အိမ်ထောက်ဖက်များနှင့် လက်ထပ်မှတ်ပုံမတင်ထားသော ဘဝလက်တွဲဖော်များ၊ ထိုသို့ ထိန်းသိမ်းခံထားရရာမှ ပျောက်ဆုံးသွားရသူများ ကိုဆိုလိုသည်။

ပြည်သူ့အရာရှိဝန်ထမ်း (Public Official)” ဆိုသည်မှာ နိုင်ငံတော်အာဏာပိုင်များမှ ပေးအပ်ထားသော တရားဝင် တာဝန်များကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ ထမ်းဆောင်နေကြသော၊ နိုင်ငံတော်အာဏာဖြင့် တာဝန်ပေးအပ်ထားပြီး ထိုတာဝန်များကို ထမ်းဆောင်ရန် ခန့်အပ်ထားသည့် လေ့ကျင့်ထားသော လူများကို ဆိုလိုသည်။



ကော်မတီ (Committee)” ဆိုသည်မှာ ညှင်းပန်းနှိပ်စက်မှု နှင့် အဓမ္မပျောက်ဆုံးစေမှုများ တားဆီးနှိမ်နှင်းရေး ကော်မတီ ကိုဆိုလိုသည်။

ထိန်းသိမ်းခြင်း (Detention)” ဆိုသည်မှာ ဖမ်းဆီးခြင်း၊ လွတ်လပ်ခွင့်ထိန်းသိမ်းခြင်း၊ ချုပ်နှောင်ခြင်း၊ သီးခြား ခွဲထားခြင်း၊ အကျဉ်းချခြင်း နှင့် လူတစ်ဦးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ကန့်သတ်နိုင်သည့် တခြားအလားတူ လုပ်ဆောင်ချက်များ ကိုဆိုလိုသည်။

ပုဒ်မ(၁၁) ပုဒ်မ(၅)အရ ညှင်းပန်းနှိပ်စက်ခြင်းဆိုင်ရာပြစ်မှုများ၊ ပုဒ်မ(၆)အရ  ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော ချိုးနှိမ်ဆက်ဆံခြင်း ပြစ်မှုများတွင် ကျူးလွန်ခံရသူသည် အမှုမှတ်တမ်းအား  ကိုယ်တိုင် တင်ပြနိုင်စွမ်းမရှိသော အခြေအနေများ နှင့် အိမ်ထောင်ဘက်၊ လက်တွဲဖော်၊ မိသားစု၊ သားသမီး မရှိသော  လူတစ်ဦးမှ ပုဒ်မ(၇)အရ အဓမ္မပျောက်ဆုံးစေမှုကို ကျူးလွန်ခံရချိန်များတွင် အမှုတစ်ခုချင်း၏  အခြေအနေများပေါ် မူတည်၍ ကျုးလွန်ခံရသူကို ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ ထိခိုက်နစ်နာသူ အနေဖြင့်  သတ်မှတ်နိုင်သည်။

ပုဒ်မ(၅) – ပြည်သူ့ အရာရှိဝန်ထမ်း တစ်ဦးသည် လူတစ်ဦးတစ်ယောက်အား အောက်ပါအကြောင်းအရာများနှင့်  ဆက်လျဉ်း၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရစေသော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ပြုမူပါက ထိုပြည်သူ့အရာရှိဝန်ထမ်းသည် ညှင်းပန်းနှိပ်စက်ခြင်းကို ကျူးလွန်ခြင်း ဖြစ်သည်။

(၁) ထိခိုက်နစ်နာသူ သို့မဟုတ် တဆင့်ခံပုဂ္ဂိုလ်ထံမှ အချက်အလက်များ သို့မဟုတ် ဝန်ခံချက်များရယူခြင်း၊

(၂) ထိခိုက်နစ်နာသူ သို့မဟုတ် ဘေးလူတစ်ဦးဦး၏ ကျူးလွန်ထားသော သို့မဟုတ် ကျူးလွန်သည်ဟု  သံသယ ရှိသော လုပ်ရပ်များ အတွက် အပြစ်ပေးခြင်း၊

(၃) ထိခိုက်နစ်နာသူ သို့မဟုတ် တဆင့်ခံပုဂ္ဂိုလ်အား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း နှင့်

(၄) အကြောင်းအမျိုးမျိုးကြောင့် ခွဲခြားဆက်ဆံခြင်း ။

ပုဒ်မ(၆) – ပြည်သူ့အရာရှိဝန်ထမ်းတစ်ဦးသည် ပုဒ်မ (၅) အရ ပြစ်မှုမမြောက်သောလူတစ်ဦးတစ်ယောက် အပေါ်၌  လူမဆန်စွာ၊ ရက်စက် ကြမ်းကြုတ်စွာ ချိုးနှိမ် ဆက်ဆံခြင်း၊ အခြေခံ လူ့အခွင့်အရေးနှင့် လူသားတစ်ယောက်၏  ဂုဏ်သိက္ခာကို ပျက်ပြားစေသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်းများကို ကျူးလွန်ပါက  ၎င်းပြည်သူ့အရာရှိဝန်ထမ်းသည် ထိုကျူးလွန်မှုများအတွက် တာဝန်ခံရမည်ဖြစ်သည်။

အထက်ပါအပိုဒ်ပါ ထိခိုက်စေသော လုပ်ရပ်များတွင် ဥပဒေမှ သတ်မှတ်ထားသော အပြစ်ပေးခြင်းများကြောင့် ဖြစ်သော သာမန် ထိခိုက်မှုများ မပါဝင်ပါ။