စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းတို့သည် ရွှေ့ပြောင်းနေထိုင်သူတိုင်းတွင် ဖြစ်ပွားလေ့ရှိနိုင်သည်။ ထိုပြသနာများအားသင်ကိုယ်တိုင်ဖြေရှင်းရန် သင်ယူခြင်းသည် ထိုသို့သောပြသနာများအား လျှော့ချစေရန် အထောက်အကူဖြစ်စေသည်။ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းစသည့် အခြေခံလှုပ်ရှားမှုအချို့သည်လည်း စိတ်ဖိစီးမှုအချို့ကိုပြေလျှော့ စေပါသည်။
သို့သော် သင်သည် ကျွမ်းကျင်ပညာရှင်ထံမှ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးရန် လိုအပ်ပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။သင့်အား ကျွမ်းကျင်သူများနှင့် ချိတ်ဆက်
ပေးရန် ကျွန်ုပ်တို့ကူညီနိုင်ပါသည်။
၀ – ၅ မှတ် သင်သည်  စိတ်ဖိစီးမှုအလွန်နည်းသည့် အဆင့်တွင်ရှိသည်။
၆ – ၁၇မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန် အဆင့်တွင်ရှိသည်။
၁၈ – ၂၅မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန်ထက် အနည်းငယ်ပိုသည့် အဆင့်တွင်ရှိသည်။
သင့်တွင်ပြသနာအချို့ရှိနေပြီး ထိုပြသနာများအားမဖြေရှင်းနိုင်သေးသောကြောင့် ဖြစ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူအနည်းငယ်ပြောင်းလဲခြင်းများကြောင့် စိတ်ဖိစီးမှုကို သတိမပြုမိပါ။ စိတ်ဖိစီးမှုကိုပြေလျော့စေသော နေ့စဥ်လှုပ်ရှားမှုများဖြစ်သည့် ဥပမာ- ကိုယ်ခက်လှုပ်ရှား အားကစားလုပ်ခြင်း၊ စိတ်အပန်းဖြေခြင်း၊ ဝါသနာပါသည့်အရာများကို ပြုလုပ်ခြင်းသည် သင်၏စိတ်ဖိစီးမှုကို ပြေလျော့စေပါသည်။
၂၆-၂၉မှတ် သင်၏စိတ်ဖိစီးမှုသည် ပုံမှန်ထက် အတော်အသင့်မြင့်သည့်အဆင်တွင်ရှိသည်။
သင့်ဘဝတွင် ကြီးမားသောပြသနာများရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ စိတ်ပိုင်းနှင့် အပြုအမူများပြောင်းလဲသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ဥပမာ ခေါင်းကိုက်ခြင်း။ ဗိုက်အောင့်ခြင်း၊ အိပ်မပျော်ခြင်း၊ ဆီးဝမ်းမမှန်ခြင်း၊စိတ်ဆိုးလွယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သင်၏ပြသနာများကိုအမြန်ဆုံဖြေရှင်းသင့်သည်။ ထို့အပြင်စိတ်ဖိစီးမှုကိုလျော့ချရန် အမျိုးမျိုးသော နည်းလမ်းများကို လေ့ကျင့်သင့်သည်။ ဥပမာ – ကြွက်သားလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်း၊ တရာထိုင်ခြင်းအစရှိသည်။
၃၀-၆၀ မှတ် သင်၏စိတ်ဖိစီးမှုသည် ပုံမှန်ထက်အလွန်မြင့်သည့် အဆင့်တွင်ရှိသည်။
သင့်ဘဝတွင် အခက်အခဲအကြပ်တည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း၊ ဆိုးရွားသောရောဂါခံစားနေရခြင်း သို့မဟုတ် မတော်တဆထိခိုက်မှုကြောင့် ဒုက္ခိတဖြစ်သွားခြင်း၊ ချစ်သောသူများကို ဆုံးရှုံးလိုက်ရခြင်း၊ အလုပ်အကိုင်မရှိခြင်း၊ ရောဂါဝေဒနာခံစားနေရခြင်း  ဥပမာ- သွေးတိုးရောဂါ၊ စိတ်ပိုင်းဆိုင်ရာ အာရုံပျံ့လွင့်ခြင်း၊ အတွေးလွန်ခြင်း၊ ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ ရိုင်းစိုင်းခြင်း သို့မဟုတ် စိတ်ညစ်ခြင်း၊ သေချင်စိတ်ဖြစ်ခြင်း အကယ်၍သင်သည် ဤကဲ့သို့ စိတ်ဖိစီးမှုများဖြစ်ပေါ်ပါက ပြသနာများကို အမြန်ဆုံးဖြေရှင့်ရမည့်အပြင် စိတ်ဖိစီးမှုများလျော့ကျ နိုင်သည့်လိုအပ်သည့် အကူအညီတောင်းခံနိုင်ရန်နှင့် ပြသနာများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာပေး နိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့်တွေ့ဆုံသင့်သည်။