အကာအကွယ်
သင့်အခြေအနေအားနာလည်သဘောပေါက်ခြင်း
ဖိအားပေး၍ ရွှေ့ပြောင်းနေထိုင်ရာတွင် သင့်အတွက်စိန်ခေါ်မှုများနှင့် သင်၏လုံခြုံရေး ထိခိုက်မှုများဖြစ်စေပါသည်။သင့်အခြေအနေကို နားလည်ခြင်းသည် အခြားနိုင်ငံသို့ ခိုလှုံခွင့်ရရန် အရေးပါပြီး မြန်ဆန်သောပြောင်းလဲမှုများအပေါ်ပြင်ဆင်မှုများအတွက် သင့်အားအထောက်အကူ ဖြစ်စေပါသည်။ ထိုင်းနိုင်ငံသည် တရာမဝင်ဝင်ရောက်မှုကို တားဆီးရန်အတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအား ကျယ်ပြန့်စွာအသုံးပြုထားသောကြောင့် သင့်အနေဖြင့်ဖမ်းဆီးခံရခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရခြင်း စသည့်အန္တရာယ်များရှိသည်။ သင့်၏လုံခြုံရေးကိုဦးစားပေးပြီး သတိပြုရန်လိုအပ်သည်။
သင်၏လုံခြုံရေးသည် ပထမဦးစားပေးရမည့်အရာဖြစ်သည်
သင်သည် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများအောက်၌ အခြေခံလူ့အခွင့်အရေးအရ အကာအကွယ်ရရှိသော်လည်း မဲဆောက်တွင် တရားဝင်အထောက်အထား စာရွက်စာတမ်းမရှိပဲ နေထိုင်ရခြင်းမှာ စိန်ခေါ်မှုများရှိနေဆဲဖြစ်သည်။ အောက်ပါလမ်းညွှန်ချက်များသည် အန္တရာယ်အချို့ကို လျော့နည်းစေနိုင်ပြီး မဲဆောက်တွင် ခိုလှုံနေစဉ် သင့်ကို ကာကွယ်ပေးနိုင်သည်။
(၁) သင့်နေရာပြင်ပသို့ သွားလာခြင်းကို သတိထားပါ။ ရဲများ (သို့) အခြားသောလုံခြုံရေးတပ်ဖွဲ့များ သည် နေရာတိုင်းတွင်ရှိနေသည်။
(၂) သင်အပြင်သို့ မသွားမှီ သင့်မိသားစု သို့မဟုတ် မိတ်ဆွေများကို သင်မည်သည့်နေရာတွင် ရှိနေကြောင်း သိပါစေ။
(၃) သင့်ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းများဖြစ်သော ID (သို့) Passport များကို အခြားသူများကို ပေးခြင်းအားသတိထားပါ။
(၄) သင့်အခြေအနေနှင့်ပတ်သပ်၍ မသေချာပါက ယုံကြည်စိတ်ချရသော ရင်မြစ်များ (သို့မဟုတ်) အဖွဲ့အစည်းများမှ သတင်းအချက်အလက်များရှာဖွေမှုများ လုပ်ဆောင်နိုင်ပါသည်။