I-Hub ဆိုတာဘာလဲ?
မြန်မာနိုင်ငံတွင်နိုင်ငံရေး အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အပေါ် များစွာသောထိခိုက်ဆုံးရှုံးမှုဖြစ်စေပါသည်။ ထိုင်း၊မြန်မာ နယ်စပ် တလျှောက် များစွာသောမြန်မာလူမျိုးများသည် မဲဆောက်တွင် ယာယီလုံခြုံမှုနှင့် ကာကွယ်မှု ရရှိရန် မိမိနိုင်ငံ မှ ထွက်ပြေးလာခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ/သား အများအပြား ထွက်ပြေး တိမ်းရှောင် လာသည့် နေရာများတွင် လုံခြုံမှုရှိပြီး ယာယီခိုလှုံရာနေရာများ ရရှိရန် အရေးပေါ် အကူအညီလိုအပ်ချက်မှာ သိသိသာသာ တိုးပွားလာခဲ့သည်။
လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးကူညီခြင်းမှ ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ရန် ရွှေ့ပြောင်းခြင်းတွင် ဤ Information Hub သည် မဲဆောက်သို့ကာကွယ်မှုရရှိရန်အသစ်ရောက်ရှိ လာသောသူများအတွက် ဥပဒေဆိုင်ရာအခွင့်အရေးကာကွယ်ခြင်း၊ အခြေခံအခွင့်အရေးဝန်ဆောင်မှု နှင့် စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုရရှိခြင်းစသည်ဖြင့် မရှိမဖြစ်လိုအပ်သော သတင်းအချက်အလက်များ ပေးရန် ရည်ရွယ်ပါသည်။